@mahaw.minthant2025: @cho1340001 ကို အကြောင်းပြန်နေသည် #အခြေခံတရားထိုင်နည်း (၁)သမထယာနိက (၂)ဝိပဿနာယာနိက ဟူ၍နည်း(၂)နည်းရှိပါသည်။ (၁)#သမထယာနိက ဟူသည် သမထဟူသောသမာဓိကို ပထမအားထုတ်ထူထောင်၍ ဈာန်(သို့)ဈာန်အနီးရောက်သည်အထိ ပေါက်မြောက်အောင်အားထုတ်ပြီးနောက် အလွန်အားကောင်းသောဓာတ်မီးဖြင့် ညအမှောင်မှာလမ်းသွားရသလို မြင်မြင်သမျှ၊တွေ့တွေ့သမျှသည် သမာဓိအစွမ်းကြောင့် ထင်ထင်ရှားရှားကြီးဖြစ်ကာ ကိုယ်အာရုံပြုရာကမ္မဋ္ဌာန်းမှ၌အထူးကြောင့်ကျစိုက်စရာမလိုပဲ ပူတော့ပူမှန်းသေသေချာချာသိ၊နာတော့ဘယ်လိုနာတယ်သေသေချာချာသိ၊ကိုက်တော့လည်းကိုက်တာကတက်လိုက်ကျလိုက် သေသေချာချာသိ၊ခံစားစိတ်ကသပ်သပ်၊ဖောက်ပြန်နေတဲ့နေရာကသပ်သပ်၊မှတ်သိစိတ်ကသပ်သပ် အလွန်ထင်ရှားစွာခွဲခြားမြင်ပြီး နာကြင်ကိုက်ခဲပူအေးတောင့်တင်းဖောက်ပြန်မှုများသည် ရွရွမွမွတက်တက်ကျကျဖြစ်နေမှုကို မီးရောင်အောက်က လောက်ကောင်များရွထတိုးခွေ့နေတာထင်ရှားစွာမြင်ရသလို သမာဓိအကြည်ဓာတ်အားဖြင့်ရှုရင်း ဖြစ်ပျက်ကိုအထင်းသားမြင်၊ဖြစ်ပျက်ကိုအထင်အရှားမုန်း၍ဖြစ်ပျက်ဆုံးသည့်တိုင်သွားနိုင်လေသည်။ (၂)#ဝိပဿနာယာနိက ဟူသည်ကား အချိန်မရ၍လည်းကောင်း၊နည်းနာမတူ၍လည်းကောင်း၊အသေးစိတ်ရှုမှတ်လို၍လည်းကောင်း၊ပါရမီမတူ၍လည်းကောင်း၊ခန္ဓာဖြစ်ပျက်မှာပိုအမြင်သန်၍လည်းကောင်း သမာဓိကို ဈာန်တိုင်အောင်(သို့)ဈာန်အနီးအထိအားထုတ်ခြင်းမပြုတော့ဘဲ စိတ်တည်ကြည်မှုကိုခေတ္တခဏသာရယူပြီး ခနိကသမာဓိကိုသာခိုင်အောင်တည်၍ ခန္ဓာဖြစ်ပျက်ပေါ်မှာ လှုပ်ရင်လှုပ်တယ်၊ရွရင်ရွတယ်၊ကြွရင်ကြွတယ်၊မရင်မတယ်၊ပူရင်ပူတယ်၊ထုံရင်ထုံတယ် စသည်ဖြင့်ဝိပဿနာတိုက်ရိုက်ရှုလေသည်။ မည်သို့ဆိုစေ #သတိ သည်သာအဓိကဇာတ်ကောင်ဖြစ်လေသည်။ထိုသတိကို တစ်နေရာတည်းမှာငြိမ်အောင် ကြိုးစားနေခြင်းကို #သမထ ဟုခေါ်ပြီး ထိုသတိတရားကို ခန္ဓာပေါ်မှာဖြစ်ဖြစ်သမျှပေါ်ပေါ်သမျှအာရုံတွေကိုလိုက်ရှုမှတ်နေသိခြင်းကို#ဝိပဿနာ ဟုခေါ်ပါသည်။တနည်းအားဖြင့် လောဘ၊ဒေါသ၊မောဟကိလေသာများကိုအနည်ထိုင်ငြိမ်သက်အောင်ပြုလုပ်ခြင်းသည်#သမထ ဖြစ်ပြီး လောဘ၊ဒေါသ၊မောဟကိလေသာများကို အပြီးတိုင်ပယ်သတ်ဖိူ့ကြိုးစားနေခြင်းကို#ဝိပဿန အားထုတ်သည်ဟုဆိုပါသည်။ (၁)#သဒ္ဓါ ဘုရား၊တရား၊သံဃာအပေါ်မှာယုံကြည်မှု၊တရားတော်များမှမဂ္ဂင်(၈)ပါးတရားသည် သံသရာမှလွတ်ကင်းရာ နိဗ္ဗာန်အထိသွားနိုင်သည်မှာအမှန်ပဲဟုယုံကြည်မှု။(၂)#ဝီရိယ မဂ္ဂင်(၈)ပါးအကျင့်ကို ဆရာကောင်းဖြင့် နည်းမှန်လမ်းမှန်ကြိုးစားအားထုတ်မှု၊(၃)#သတိ အတိတ်၊အနာဂါတ်များသို့မပျံ့လွင့်ပဲ ပစ္စုပ္ပန်မှာ ရှုမှတ်သိနေမှု၊(၄)#သမာဓိ အလွန်တည်ကြည်သောသမာဓိဖြင့်ရှုမှတ်နေမှုနှင့်(၅)#ပညာ ခန္ဓာ၊အာယာတနတို့အပေါ်တွင် အနိစ္စ၊ဒုက္ခ၊အနတ္တဟူသော လက္ခဏာရေး(၃)ပါးထင်ရှားသိမြင်မှု (၅)မျိုးသောအကြောင်းတရားညီညွတ်ပါက မနက်အားထုတ်လျှင်ညနေတရားရမည်ဟု မြတ်စွာဘုရားဟောဖော်ညွှန်ပြထားပါသည်။ မိမိတွင်ထူပြောနေသော ကိလေသာများကို ငြိမ်သွားအောင်၊အားနည်းသွားအောင်၊ချုပ်ဆုံးသွားအောင် ကြိုးစားနေခြင်းကို တရားအားထုတ်နေသည်ဟုဆိုရခြင်းဖြစ်ပါသည်။ကိလေသာတွေထကြွသောင်းကျန်းနေသူထက်စာလျင် ငိ့မ်အောင်ထိန်းထားနိုင်သူက သာလေသည်။ကိလေသာများကိုငြိမ်အောင်ထိန်းထားနိုင်သူထက် လျော့ပါးအောင်ပြုလုပ်ထားနိုင်သူက သာပါသည်။ကိလေသာပါလျားအောင်ပြုထားနိုင်သူထက် ငြိမ်းအောင်အားထုတ်ထားသူကပိုမြတ်ပါသည်။တရားအဆင့်ကို သူများထံတွင်မေးစရာမလိုပဲ မိမိတွင်ထကြွထူပြောနေသော လောဘ၊ဒေါသ၊မောဟ၊မာန၊ဒိဋ္ဌိစသည့် ကိလေသာများကို ဘယ်လောက်အထိငြိမ်အောင်လုပ်ထားနိုင်ပြီလည်း၊ဘယ်လောက်အားနည်းအောင် လုပ်ထားနိုင်ပြီလည်း၊ဘယ်လောက်ငြိမ်းအောင်လုပ်ထားနိုင်ပြီလည်း မိမိသာအသိဆုံးမှို့ မိမိဘာသာဆုံးဖြတ်နိုင်ပါသည်။ ဘယ်စခန်းဝင်ဝင်၊ဘယ်နှစ်ကြိမ်အားထုတ်အားထုတ်၊နှစ်ဘယ်လောက်ကြာကြာ မိမိမှာရှိတဲ့ လောဘ၊ဒေါသ၊မောဟ၊မာန၊ဒိဋ္ဌိ၊တဏှာများ မလျော့ပါးဘူး ရှိမြဲရှိဆဲဆိုလျင်တော့ သံသရာခရီးသွားရာတွင် စိတ်ချစရာမဟုတ်သေးကြောင်းပါ။ #ဓမ္မမာမကအရှင်ဣန္ဒာစာရဆရာတော် #ဓမ္မဒါန #ဓမ္မ #တရားတော်များ #တရား #တရားနာကြွကြပါဗျို့🙏🙏🙏 #တရားတော် #တရားတို
ParramiShin2010
Region: MM
Tuesday 17 June 2025 08:21:31 GMT
Music
Download
Comments
May Lay :
🙏🙏🙏🙏🙏သာဓုသာဓုသာဓုပါဆရာတော်ဘုရား
တပြည့်တော်ကိုပြန်တင်ပူဇော်ခွင့်ပြုပါဘုရားတပြည့်တော်သည်ဆရာတော်တင်လှူထားတဲ့တရားနဲ့အမြဲအားထုပ်ဖို့ပါအားပါ့မယ်ဘုရား
2025-12-20 23:26:51
4
My Sai :
သာဓု သာဓု သာဓုပါဘုရား🙏🙏🙏
2025-07-31 13:19:38
1
yin khant pann :
downလို့မရဘူးဘုရား🙏🙏🙏
2025-06-17 14:43:05
1
dawyi54 :
ရွာငံတရားစခမ်းမှာဆရာတော်တရားးနာခွင်ရလို့သာဓုသာဓုသာဓုပါအရှင်ဘုရား
2025-06-17 16:21:46
4
khine khine :
သာဓု သာဓု သာဓုပါဘုရား
2026-08-02 05:29:21
0
ဦးထွန်းအေါင်ကျော် :
saveတာမရဘူး
2025-06-17 15:57:01
1
ဉီးပညာဝံသ :
ကျေးဇူး ကြီး လှပါတယ် ဘုရား တပည်ဦးတင်ပါတဲ့ဘုရာ🙏🙏🙏
2026-02-04 07:01:27
0
Ma Har :
ရေငတ်တုန်းကေတဠင်းထဲကျဆိသလို လိုအပ်နေသော တရား
နာကြားခင့်ရလို့ အလွန်ကျေးဇူးကြီးလှပါသည်။ဆေ့ထားလိုက်ပါပြီ။
သာဓု သာဓု သာဓုပါဘုရား
ကျေးဇူးကြီးမားလှပါသည်ဘုရား
2026-07-21 08:28:13
0
Ma Ma :
တင့်ပါဘုရား
2026-04-22 01:38:38
0
Mg burger🍔 :
တရားထိုင်နည်သိပြီးတရားထိုင်ရလို့ကျေးဇူးကြီးလှပါတယ်အရှင်ဘုရား။
2026-07-15 05:25:24
0
may :
သာဓု သာဓု သာဓုပါ ဘုရား တရားထိုင်ချင်တာကြာပပါပြီ အခုတွေ့လို့ အခုစပြီးထိုင်ပြီးပါပြီဘုရား
2026-01-16 06:49:56
1
suPone123 103369 :
ကျေးဇူးကြီးပါတယ်အရှင်ဘုရား
2026-04-21 09:10:56
0
le le :
မှနလှပါဘုရား
2026-01-22 06:37:28
0
Kiu Mar Win :
မဂ်လာပါဆု
2025-06-17 12:51:20
0
အဆိုပျော်သူလေး🥰 :
🙏🙏🙏🙏🙏
2026-04-14 09:58:35
0
San San :
ကျေးဇုတင်ပါတယ်အရှင်ဘုရားတပည်တော်မသည်ဒီနေ့ အရှင်ဘုရားရဲ့တရားတော်နဲ့အတူ ထရားထိုင်နိုင်ခဲလို့ ကျေးဇုအထူးတင်ပါတယ်ဘုရား သာဓု သာဓု သာဓုပါ🙏🙏🙏
2026-04-12 16:26:08
0
user949516265792 :
@သာဓုသာဓုသာဓု 🙏🙏🙏
2026-03-01 15:08:03
0
suPone123 103369 :
သာဓုသာဓုပါဘုရား
2026-04-21 09:09:47
0
U Hla Than :
ဆရာတော်တရားဓမ္မကိုနာယူမှတ်သားလျှက်ပါတင်ပေးလို့သာဓုသာဓုသာဓုပါဘုရား
2025-10-31 10:00:37
0
Zin Mar3641 :
၃နာရီတရာထိုင်နည်လေးတင်ပေးပါဘုရာ
2025-11-05 07:23:27
0
Mama Lay :
နောက်ပင်ကူအိမ်လိုကွန်ယက်ခက်ပိရူပွားကြပါနော်အမုန်တွေအနေုာက်ရုက်တွေဝင်သက်ထွက်သက်တွေရုင်ခုပ်ရမည်သာဘုရာကြိးနည်ပြပေနေတာပါနော်သတိနဲရူပွာကြပါနော်
2026-01-11 14:20:47
0
Daw Myint Thinn :
🙏🙏🙏သာဓုသာဓုသာဓု
2026-08-03 08:55:11
0
Mama Lay :
မဂ်လာပါနော်တစ်ရာထိုင်သူတွေကတော်တော်များပေကိုသာဒူပါနော်3
2026-01-11 14:13:36
0
အေး မွန် :
သာဓု သာဓု သာဓုပါဘုရား🙏🙏🙏
2025-12-16 13:53:03
0
Win :
သာဓုသာဓုသာဓုပါ ဘုရာ🙏🙏🙏
2025-06-17 16:58:11
0
To see more videos from user @mahaw.minthant2025, please go to the Tikwm
homepage.