@wuttyiphyoe16: မဟာနာမနဲ့ အနုရုဒ္ဓါ ထိုအခါ သုဒ္ဓေါဒနနဲ့ ညီအရင်းဖြစ်ကြတဲ့ သုက္ကောဒနတို့၊ သဲက္ကောဒနတို့၊ ဓောတောဒနတို့၊ အမိတောဝနတို့ဆိုတဲ့ ဩဒနနာမည်နဲ့ မှည့်ထားတဲ့ ညီအစ်ကို ၅-ယောက်ထဲမှ ပေါက်ဖွားလာတဲ့ မဟာနာမ မင်းသားနဲ့ အနုရုဒ္ဓါမင်းသားတို့ ဆွေးနွေးတိုင်ပင်ကြတယ်။ တခြား သာကီဝင်မင်းသားတွေ ဘုရား နောက်တော်က လိုက်သွားကုန်ကြပြီ။ တို့ညီအစ်ကိုနှစ်ယောက် ကျန်နေတယ်။ မဟာနာမက သူ့ညီလေး အနုရုဒ္ဓါကို ပြောပြတယ်။ “သာကီဝင်မင်းသားတွေ သဘောတူညီထားတယ်။ မြတ်စွာဘုရားကို သာကီဝင် မင်းမျိုး ရဟန်းတွေနဲ့ ဝန်းရံရမယ်လို့ဆိုတဲ့ သဘောတူညီချက်အရ တို့အိမ်က တို့နှစ်ယောက်ထဲက တစ်ယောက် ယောက်တော့ သင်္ကန်းဝတ်မှ ဖြစ်မယ်။ ငါရင်လဲ သင်္ကန်းဝတ်မယ်။ မင်းရင်လဲ သင်္ကန်းဝတ်လို့”။ တိုင်ပင်တဲ့အခါကျတော့ အနုရုဒ္ဓါကက ဘာပြောတုံးဆိုရင် သူဟာ ထမင်း ဘယ်ကဖြစ်မှန်းတောင် မသိဘူးတဲ့။ (ထမင်း ဘယ်ကဖြစ်မှန်းမသိဘူးဆိုတာ အ-တယ်နတယ်လို့တော့ မအောက်မေ့လေနဲ့။ ခြေမွေး မီးမလောင် လက်မွေးမီးမလောင် အင်မတန်ချမ်းသာလို့ မိဘတွေက မြှောက်စားထားတဲ့ပုဂ္ဂိုလ်တစ်ယောက်က စားတော့မယ်ဆိုရင် အဆင်သင့် ထမင်းပွဲရှေ့ရောက် လက်ဆေးစားရုံပဲဆိုတဲ့ အနေအထားမျိုး ထားတယ်။ အဲဒီလိုထားသည့်အတွက်ကြောင့် ဒီထမင်း ဘယ်ကရမှန်း မသိဘူး။ ရွှေခွက်ထဲကပဲ ရတယ် ထင်နေတာ)။ အဲဒီလို သိပ်ချမ်းချမ်းသာသာနေထိုင်ရတဲ့ မိဘတွေကလဲ ပြည့်စုံ။ အစ်ကိုကြီးဖြစ်သူ မဟာနာမက ရှေ့က လုပ်စရာရှိတာတွေ ကျုံးလုပ်တော့ ညီငယ်ဖြစ်တဲ့ အနုရုဒ္ဓါက ခြေမွေးမီးမလောင် လက်မွေးမီးမလောင် ဒီလိုနေရတာ။ ဒါ မဖြစ်နိုင်ဘူးလို့ မပြောနဲ့။ ဖြစ်နိုင်တယ်။ ညီအငယ်ဆုံးတွေဆိုတာ သိပ်ပြီးတော့ မသိရဘူး။ ဘုန်းကြီးတို့မိသားစုထဲမှာတောင်မှပဲ ဘုန်းကြီးတို့ညီအစ်ကို ၈-ယောက် ရှိတယ်။ ၈-ယောက်ရှိတော့ ရှေ့ကအစ်ကိုတွေကသာ အလုပ်လုပ်တာ။ ညီအငယ်ဆုံးဖြစ်တဲ့ ဘုန်းကြီးအနေနဲ့ ကိုင်းလုပ်စားတဲ့ မိသားစုက မွေးဖွားလာတာဖြစ်သော်လည်း လယ်ယာကိုင်းနဲ့ ပတ်သက်ပြီးတော့ ဘာမှမသိခဲ့ဘူး။ မြေနုကျွန်းပေါ်မှာ ပဲတို့၊ ပြောင်းတို့၊ သီးနှံတွေ ထွန်ယက်စိုက်ပျိုးစားတဲ့ မိသားစုက ပေါက်ဖွားလာပေမဲ့လို့ ထွန်လဲ မထွန်တတ်ဘူး။ ထယ်လဲ မထိုးတတ်ဘူး။ နွားတောင် ဘယ်လိုမောင်းရမှန်းမသိဘူးဆိုတဲ့ အနေအထားမျိုး ဖြစ်လာခဲ့ဖူးတယ်။ ဘာဖြစ်လို့ ဒီလိုဖြစ်ရတာတုံးဆိုတော့ ကိုယ့်ထက်အကြီးတွေက လုပ်စရာရှိတာ လုပ်ပေးတာဆိုတော့ ကိုယ်က ဘာမှမလုပ်ရတဲ့ အနေအထားမျိုး ဖြစ်တာပေါ့။ အကြီးဆုံးဆိုရင်တော့ လုပ်ရမယ်။ အခုလဲ အစ်ကိုကြီးဖြစ်တဲ့ မဟာနာမက အားလုံးသိမ်းကျုံးလုပ်တော့ ညီငယ်က အေးအေးဆေးဆေး နေရတယ်။ ဘာမှမလုပ်ရဘူး။ မလုပ်ရတော့ ထမင်းတောင် ဘယ်ကဖြစ်မှန်း မသိဘူး။ အချိန်တန် လက်ဆေး ထမင်းစားတဲ့ အဆင့်။ ဒီတော့ သင်္ကန်းဝတ်ရအောင်ဆိုတော့ သူက ဘာပြောတုံးဆိုတော့ “သင်္ကန်း ဝတ်ရတယ်ဆိုတဲ့အခါမှာ ဆွမ်းခံစားရမယ်။ သူများလှူတဲ့ဆွမ်းကို စားရမယ်ဆိုတော့ သူ ဒီအလုပ်တွေ မလုပ်နိုင်ဘူးတဲ့။ ဘုန်းကြီးဘဝ ဆင်းရဲတယ်။ ဒီတော့ အစ်ကိုကြီးပဲ ဝတ်”လို့ ပြောတယ်။ ထိုအခါ မဟာနာမက “ဟုတ်ပြီ၊ ငါဝတ်မယ်ဆိုရင် မင်း အိမ်အလုပ်တွေ လုပ်ရလိမ့်မယ်”၊ ဘာတွေလုပ်ရမတုံးဆိုရင် မင်း ပထမ လယ်ထွန်ဖို့ စီမံရမယ်။ စီမံပြီးတော့ စပါး ပျိုးထောင်ရမယ်။ ပျိုးထောင်ပြီးတော့ ပြန်စိုက်ရမယ်။ ပြန်စိုက်ပြီးတော့ ရေသွင်းတန် သွင်း၊ ရေထုတ်တန် ထုတ်၊ ပေါင်းသင်တန် သင်၊ မှည့်ပြီဆိုရင် ရိတ်ရတယ်။ သိမ်းရတယ်။ ရလာတဲ့စပါးတွေ ကျီထဲသွင်းရမယ်။ ပြီးတော့ တစ်ခါ အခွံချွတ် ဆန်ဖြစ်အောင်လုပ်။ လုပ်ပြီးတော့ ထမင်းချက်သည်အထိ အကုန်ပြောပြတယ်။ ပြောပြတော့ ဒါ တစ်ခါလုပ်ပြီးရင် ပြီးရောလားလို့ဆိုတော့ ဘယ်ဟုတ်မလဲကွ။ နှစ်တိုင်း လုပ်ရမှာ။ အဲဒီလောက် အလုပ်ရှုပ်တာဖြင့် သူ မလုပ်နိုင်ဘူးတဲ့။ သူပဲ သင်္ကန်း ဝတ်မယ်။ အဲဒါနဲ့ သူ မယ်တော်ကြီးဆီသွားပြီးတော့ ပြောတယ်။ သူတို့ညီအစ်ကိုနှစ်ယောက် တစ်ယောက် ယောက်တော့ ဝတ်မှဖြစ်မယ်။ မဝတ်ရင် မဖြစ်ဘူး။ အဲဒီတော့ သူ သင်္ကန်းဝတ်မယ်လို့ ပြောတော့ အမေကြီးက ဘာပြောတုံး။ “ငါ့သားတို့၊ မင်းတို့နှစ်ယောက်ကို ငါ လုံးဝခွင့်မပြုနိုင်ဘူးတဲ့။ သေသော်မှတောင် ငါ မတတ် နိုင်လို့ လွှတ်ရမှာတဲ့။ အသက်ရှင်လျက်တော့ ငါ ဘယ်နည်းနဲ့မှ ခွင့်မပြုနိုင်ဘူး။ သဘောမတူနိုင်ဘူး” လို့ ငြင်းတယ်။ ခွင့်မပေးဘူး။ အကြိမ်ကြိမ် တောင်းတယ်။ အကြိမ်ကြိမ်တောင်းတဲ့အခါ မိခင်လုပ်တဲ့ပုဂ္ဂိုလ်က “ငါ့သား ဒီလောက်ဝတ်ချင်တယ်ဆိုလို့ရှိရင် မင်းရဲ့သူငယ်ချင်း ဘဒ္ဒိယ ဝတ်တယ်ဆိုရင်တော့ မင်းဝတ်တော့”လို့ ခွင့်ပြုလိုက်တယ်။ Ep-3>>> #မေတ္တာဖြင့်ပြန်လည်မျှဝေသည် #ဝတ်ရည်
☘️
Region: MM
Monday 30 June 2025 15:18:42 GMT
Music
Download
Comments
Saw Aung :
🙏🙏🙏
2025-07-02 14:26:21
0
user529979233434 :
🙏🙏🙏🙏🙏
2025-07-15 00:14:25
0
Zaw Htet Aung :
🙏🙏🙏
2025-07-19 15:27:17
0
Nwe☺😊🍀🍀💫 :
🙏🙏🙏
2025-08-02 12:50:27
0
Nay Min Htun :
🥰🥰🥰
2025-06-30 15:25:49
1
𝐸𝓁𝑒𝓃𝒾ñ𝑜 9 :
🙏🙏🙏
2025-06-30 15:24:01
1
🍀❤️ရာစုသစ်+mi chi❤️🍀 :
ကျေးဇူးပါညီမရေ။မင်းတင်ထားတာဖတ်လိုက်ပီတိဖြစ်တရားထိုင်လိုက်မင်းလည်းအကျိုးရှိတယ်။ကျွန်တော်လည်းဘေကုန်ရကျိုးနပ်တယ်🙏🙏🙏
2025-07-01 03:04:43
1
zarfar mike :
🙏🙏🙏
2025-07-24 09:19:29
0
M.A.H ?2008? :
🙏🙏🙏
2025-07-12 09:54:07
0
Ko Pyae :
ရှင်ခိုးဉီးချကန်တော့ပါ၏အရှင်ဘုရား🙏🙏🙏🙏🙏
2025-07-11 03:43:44
0
Myo Gyi :
🙏🙏🙏🙏🙏
2025-07-10 15:59:36
0
❤️❤️❤️ 사랑해 :
🙏🙏🙏
2025-07-07 13:55:39
0
𝙍𝙀𝘿𝙎𝙏𝘼𝙍 :
🙏🙏🙏
2025-07-06 16:17:40
0
H+H👩❤️👨🍁 :
👏👏👏
2025-07-06 03:53:58
0
Taw Win Thazin :
🙏🙏🙏
2025-07-05 02:31:42
0
Mgmyatphyoe :
🙏🙏🙏🙏🙏
2025-07-04 09:32:27
0
Kyaw Soe Lin :
🙏🙏🙏🙏
2025-07-03 13:09:32
0
Aung Zay :
🙏🙏🙏🙏🙏
2025-07-02 14:14:13
0
U Lay Gyi :
🙏🙏🙏
2025-07-02 01:15:48
0
Nyein Nyein :
🙏🙏🙏
2025-07-01 15:37:39
0
yan :
🙏🙏🙏
2025-07-01 12:49:09
0
zarnioo035 :
🙏🙏🙏🙏🙏☺️
2025-06-30 22:03:22
0
To see more videos from user @wuttyiphyoe16, please go to the Tikwm
homepage.