@haru23526: ဘယ်တော့မှ ပြန်လှည့်မလာပါနဲ့တော့... မောင်းထုတ်နေတာမဟုတ်ဘူးနော် ပြီးတော့ တားမြစ်နေတာလဲမဟုတ်ဘူး ။ တစ်ချိန်တစ်ခါက ကိုယ်ဆွဲထားတဲ့ကြားက လွှတ်ထားသွားတဲ့ လက်လေးကို နောက်တစ်ကြိမ် ပြန်ပြီး နာကျင်ရ မှာကြောက်လို့ တားနေမိရုံပါ ။ မျက်ရည်တွေကို ချနင်းပြီး ဆက်လျှောက်သွားရတာ ပျော်တယ်မဟုတ်လား။ ပြီးတော့ ဆွဲထားတဲ့ လက်လေးကို ဖြုတ်ချပြီး ကျောခိုင်းပြေးထွက်သွားရတာ ပျော်တယ်မဟုတ်လား။ ယောင်လို့တောင် ပြန်ပြီး လှည့်မလာနဲ့တော့နော်... ပျော်နေလား မပျော်ဘူးလားဆိုပြီး ပြန်ငေးကြည့်မနေနဲ့တော့ မတော်တဆ လွမ်းမိတယ်လို့ ရေရွတ်မိရင် အဲ့ဒီစကားကို အဲ့ဒီနားမှာပဲရပ်ထားပြီး ကိုယ် ရွေးတဲ့လမ်းကိုပဲ ရှေ့ဆက်လျှောက်လိုက်တာပဲ ကောင်းမယ်။ချန်ထားခံရခြင်းတွေ ကျန်ရစ်ခဲ့ခြင်းတွေမှာ တဖြည်း" နေသားတော့ ကျသွားမှာပါ ပြီးတော့ မင်းမရှိရင် မဖြစ်ဘူးဆိုတဲ့ ဘ၀ကနေ မင်းမရှိလဲ ဖြစ်ပါတယ်ဆိုတဲ့နေ့တွေအထိ နေနိုင်သွားမှာပါ ။ သိတယ်မလား အချိန်ဆိုတာက အကောင်းဆုံးသမားတော်ပဲလေ။ အချိန်တွေကြာလာရင် သိပ်ချစ်ဖူးပါတယ်ဆိုတဲ့ အတိတ်တွေကို တစ်ဖြေးဖြေး တိုက်စားသွားမှာပါ ။ ငိုနေတယ်ဆိုတဲ့အကြောင်းတွေ မင်းမသိအောင်နေမယ် ပြီးတော့ ကျနေတဲ့မျက်ရည်တွေကိုသုတ်ပြီး မင်းမရှိလဲ ပျော်ပါတယ်ဆိုတဲ့စကားတွေကို အကြိမ်ကြိမ် သုံးနေတော့မယ်။ တစ်ခါတစ်လေမှာ အချစ်ဆိုတာ ကိုယ်ကချစ်တိုင်းလဲ ဖြစ်တာမှမဟုတ်တာ အဲ့ဒီအရာကို ရင်နဲ့ရင်းပြီးချစ်ခဲ့ပြီးမှ မျက်ရည်တွေနဲ့ရင်းပြီး ဆွဲထားခဲ့ပြီးမှ သိခဲ့ရတာတော့ နည်း"လေးရင်နာရတယ်။ ဖြစ်နိုင်မယ်ဆိုရင် ထွက်သွားချင်နေပြီဆိုကတည်းက မဆွဲထားပဲ လက်လွှတ်ပေးခဲ့သင့်တာ ပြီးတော့ ငိုပြီးမတားပဲ နေနိုင်ခဲ့သင့်တာ ။ ဘာပဲဖြစ်"အကောင်းဆုံးဆိုတာထက် ပိုချစ်ခဲ့ တာပဲဆိုတဲ့ စိတ်တွေနဲ့ပဲ ဖြေပါတယ် ။ အတိတ်ကို ပြန်လှမ်းကြည့်ရင် ဘယ်တော့မဆို ကိုယ်ချစ်ပေး ခဲ့တာပဲဆိုတဲ့ အတိတ်နဲ့ပဲ ရှေ့ဆက်နိုင်ဖို့ကြိုးစားပါတယ် မင်းလဲ ငါ့မျက်ရည်တွေနဲ့ခင်းထားတဲ့ လမ်းကို ပျော်ပျော်ကြီး ဆက်လျှောက်နေပြီပဲ။ ပျော်နေတဲ့လူတစ်ယောက်ကိုပျော်အောင်နေပါဆိုပြီး ရူးတူးတူးပေါတောတောနဲ့ မှာတမ်းချွေ မနေတော့ပါဘူး ။ တစ်ခုပဲ မပျော်တော့ဘူးဆိုတဲ့တစ်နေ့ ယောင်လို့တောင် ပြန်လှည့်မလာပါနဲ့ ပြီးတော့ဘယ်တော့မှ ပြန်လှည့်မလာပါနဲ့တော့ ။#tiktokmyanmar #fypシ
春🐾🦭
Region: MM
Wednesday 16 July 2025 07:38:34 GMT
Music
Download
Comments
To see more videos from user @haru23526, please go to the Tikwm
homepage.