@forevergracebuddhashop: #မဏိဇောပတ္တမြားဂါထာတော်အဓိဋ္ဌာန်ဝင်နည်း မဏိဇောတ ဂါထာတော်က ကံပွင့် လာဘ်ပွင့် ဂါထာ ဖြစ်ပါတယ်။ ဆရာတော်ကြီး အနေနဲ့ကတော့ အပွင့်ဓာတ်ဖြစ်တဲ့ အတွက်ကြောင့် မနက် ၅ နာရီကနေ နံနက် ၉ နာရီအတွင်း ရွတ်ရင် ပိုကောင်းတယ်လို့ တိုက်တွန်းထားပါတယ်။ တကယ်လို့ အဲ့ချိန် မအားလို့ မရွတ်နိုင်ပါက မိမိ အဆင်ပြေတဲ့အချိန်မှာ တစ်ထိုင်တည်းနဲ့ အပြီးရွတ်ဆို ရပါမယ်။ 🔸၁။ နေရာ မတူရင်တောင် အချိန် တူရပါမယ်။ ( ဥပမာ မနက် ၇ နာရီ ရွတ်မယ်ဆို နေ့စဥ် နံနက် ၇ နာရီတိုင်း ရွတ်ပွားပူဇော်ပါ။ ) 🔸၂။ အဓိဋ္ဌာန် တင်တဲ့အခါမှာ ၁ ရက်ထဲ ( သို့) ၃ ရက် ( သို့) ၅ ရက် မိမိ အဆင်ပြေသလို အဓိဋ္ဌာန် တင်လို့ ရပါတယ်။ 🔸၃။ အဓိဋ္ဌာန် တင်ပြီး ရွတ်တော့မယ်ဆိုရင် ဘုရား တပည့်တော် ယနေ့ (၁) ရက် (သို့) မိမိ အဓိဋ္ဌာန် ဝင်လိုသည့် ရက်အတွင်း ဂါထာလေးပိုဒ်ကို ( ၂၇ ) ခေါက် ရွတ်ပါမည်ဘုရား ဟု အဓိဋ္ဌာန် တင်ပြီးသည့်အခါ ဂါထာ အမှတ် စဥ် (၁) မှ ( ၄) အထိ တစ်ဆက်တည်း ၂၇ ခေါက် ရွတ်ဆိုသွားလဲ ရသလို ဂါထာ တခုချင်းစီ ၂၇ ခေါက် စီ ရွတ်ဆို သွားလို့လဲ ရပါတယ် ။ ရွတ်ဆိုပြီးပါက မိမိ ကိုယ်စောင့်နတ်မှ စတင်ပြီး မိမိ မေတ္တာပို့နေကြအတိုင်း မေတ္တာပို့သွားလို့ ရပါတယ်။ မိမိပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုများကိုလဲ အမျှပေးဝေ ပါ ။ မိမိပြုလုပ်ခဲ့သော အဓိဋ္ဌာန်ကိုလည်း သစ္စာဆိုပေးပါ သစ္စာဆိုနည်း မသိသူများအတွက် ဘုရားတပည့် တော်သည် တစ်ထိုင်တည်း အဓိဋ္ဌာန် (သို့မဟုတ်) (၉) ရက်အဓိဋ္ဌာန်နှင့်သော်လည်းကောင်းဤ မဏိဇောတ ဂါထာတော်မြတ် ရွတ်ဖတ်ပူဇော်ခြင်းကို အဓိဋ္ဌာန် တင်ထားသည့်အတိုင်း မကျိုးမပေါက် လုပ်ခဲ့ပြီး ဖြစ်ပါသည်။ * ဤသစ္စာမှန်ပါက . . * ဤ မှန်ကန်သော သစ္စာစကားကြောင့် * ဤ မှန်ကန်သော သစ္စာစကား၏ တန်ခိုးတေဇော် အာနုဘော်တော် ကြောင့် . ဘုရားတပည့်တော်၏ (မိမိ တောင်းလိုသော တောင်းဆု တစ်ခုကိုတောင်း) ဆုတောင်း ပြည့်ရပါစေသတည်း။ သာသနာ့ဒါယကာ သိကြားမင်းနှင့် ဗြဟ္မာ (၂ဝ) အထိ သိရှိကြပါစေကုန် သိ ရှိကြ၍ ကျွန်ုပ်၏ ဆန္ဒပြည့်အောင် ကူညီစောင့်ရှောက် ကြပါစေကုန် သတည်း။ အကျွန်ုပ်အဓိဋ္ဌာန်သည် မှန်၏။ မှန်သောသစ္စာကို ဆိုရသောကြောင့် ကျွန်ုပ်၏ အဓိဋ္ဌာန်ကုသိုလ် ခုနစ်ရက် သားသမီးအပေါင်းတို့၏ ဟဒယဝတ္ထု နှလုံးအိမ်၌ ကိန်းဝပ် စွဲထင်၍ မဂ်ဖိုလ်ရသည်အထိ တည်နေပါစေသတည်း။ ***************************************************** #crd #foryou #fypシ #foryoupage #fyppp #ပုတီးစိပ်နည်း #ပုတီး #ဒိဝါတပတိဂါထာတော်
Forever Grace Buddha
Region: MM
Thursday 17 July 2025 13:44:56 GMT
Music
Download
Comments
Mario :
မြန်မာလို့အသံထွက်လေးရေးပေးလို့ရမလားဗျ 😁။ နံပတ် ၃ ကနေပြီးမဖတ်တတ်တော့လို့ 😁
2025-07-18 13:22:07
4
ko ko :
အစ အဆုံး 4ပုဒ်27ခါလား
1ပုဒ်ချင်လား
2025-07-24 10:39:20
1
𝕾𝖍𝖎𝖓𝕶𝖍𝖎𝖙𝕹𝖆𝖞𝖄𝖊𝖊 :
ဟိုလေ ညမကလသားအရွယ်ကလေးနဲ့မို့အားရင်အားသလိုရွတ်နေရတာမို့ပါ တထိုင်တည်းတော့မဟုတ်ဘူးပေါ့ရှင်
2025-08-04 04:50:47
1
MOON LIGHT :
၂ကြောင်းမြောက်မှာ ဘာတိ မဟုတ်ဘူး တပတိ
2025-07-20 07:59:40
10
lwin myint :
မဏိ ဇောပတ္တမြားရတနာဂါထာကိုဘယ်လိုအဓိဌာန်ရမလဲ
နေ့တိုင်းပူ ဇော်လို့ဂါထာတပုဒ်ကို၂၇ ခေါက်ဆို၁၀၈ ခေါက်လိုအဓိဌာန်တင်ရလား
2025-07-30 08:03:25
2
Nann May Zin Win official :
အဓိဌာန်ဝင်တာ၃လရှိသွားပြီ🙏 ရွတ်ချိန်တော့မမှန်ဘူးရှင့် ဒါပေမဲ့နေ့စဥ်မပြတ်သစ္စာဆိုပြီးအဓိဌာန်ပါတယ်🙏
2025-07-18 09:07:59
6
Zarnilinn Zar :
ဒုတိယစာကြောင်းမှာ ဘာတိဈာယီ လား တပတိဈာယီ လားပြောပြပေးပါရှင့်
2025-07-23 05:43:47
2
Lucky Clover🍀💓 :
ရွတ်ဖတ်ပူဇော်လိုက်မယ်ရှင့်🍀🥰🙏🙏
2025-07-21 13:55:12
1
𝐒𝐢𝐚 🌷 :
ည၇နာရီမာအဓိဋ္ဌာန်ဝင်ပါတယ်7ရက်ရှိပါပီ
2025-07-18 06:56:28
5
k.L :
လိုချင်နေတာတင်ပေးလို့ကျေးဇူးတင်ပါတယ်ရှင့်
2025-08-04 06:09:59
1
H H W :
တချို့က တပတိ တချို့ ဘာတိ ဘယ်ဟာကအမှန်လဲ
2025-08-05 14:24:49
1
972 999 Ac Daw Wine Lay :
တနေ့၂၇ခေါက် နေ့စဉ်ရွတ်ဖတ်ပူဇော်ပါတယ် မနက် ၉ခေါက် နေ့လည်၉ခေါက် ည၉ခေါက် ရွတ်ဖြစ်ပါတယ် ည၉ခေါက်မှာအားလုံးအမျှအတန်းပေးဝေပါတယ် အဓိဌန်ရယ်လို့သီးသန့်မလုပ်ဖြစ်သေးပါ
2025-07-21 01:54:41
5
Ei :
ဂါထာအစအဆုံးလေးပြန်တင်ပေးပါလားအဓိဌာန်ဝင်ခြင်ပါတယ်
2025-07-22 16:14:37
1
Nyo chaw :
ကျေးဇူးပါ
2025-08-06 06:29:26
1
user6732595881053 :
တပုဒ်ထျင်းအရင်က9ခေါက်ပုဇော်ပါတယ်မဆင်ပြေအါတယ်အခုဝါတွင်းတပုဒ်ကို27ခေါက်ပူဇော်နေပါတယ်ညပိုင်းပူဇော်နေတာနောက်ဆိုမနကပိုင်းပူဇော်ပါအုံးမယ်ကျေးဇူးတင်ပါတယ်🙏🙏🙏
2025-07-26 09:01:25
1
lwin myint :
ဘုရား ကျောင်း ဆောင် ရှေ့မှာမပူ ဇော်ဖြစ်ဘူးအိပ်ရာ ပေါ်မှာအများနဲ့ နေရလို့ဒီလိုပူ ဇော်လို့ရလား
2025-07-26 05:00:55
1
Zinyuupan :
နေ့တိုင်းပူဇော်နေတဲ့ဂါထာလေးပါ
2025-07-29 06:38:42
1
လမင်းကိုကို :
ကျေးဇူးတင်ပါတယ်တင်ပေးလို့🥰🥰🥰
2025-07-21 11:56:08
1
user24324195960 :
အဓိဌာန်ဝင်တဲ့သူတွေဘာထူးကြလဲရှင့်
2025-07-21 08:49:46
4
ဆုပန်ချို :
အလုပ်တိုင်လုပ်နေရင်နဲရော်ရွတ်လိုမရဘူလာရှငိ့
2025-07-23 11:04:57
1
Aye Khaing :
သမီးရေ။အန်တီကနေ့စဉ်ပုံမှန်108ပုတီးနဲ့မနက်တခါ ညနေတခါအမြဲစိတ်ပါတယ်။အဆင့်တွေတော့အခုမှသိရလို့ကျေးဇူးပါ။5နှစ်ရှိပါပြီ။လိုတိုင်းတရနေပါပြီ။အဆင်ပြေစွာနဲ့တရားအားထုတ်နိင်လို့မျှဝေပေးသောအကျိုးတရားများအပြည့်အဝရရှိပါစေ။
2025-07-23 10:45:51
2
Nwe Nwe :
ညကိုးနာရီ သုံးရက် အဓိဌာန်ဝင်ထားပါသည် ဒီနေ့ပြည့်ပါပြီ စိတ် ေတွအေးချမ်းလာပါတယ်🙏🙏🙏
2025-07-28 07:44:17
2
Myat :
အလုပ်လုပ်ရင်းရွတ်ဆိုပါတယ်ရွတ်လို့ရပါသလားရှင်အဓိဌာန်တော့မဝင်ထားပါဘူးရှင်
2025-08-18 12:49:19
1
To see more videos from user @forevergracebuddhashop, please go to the Tikwm
homepage.