@ketchupwithemily: Rasmalai (အိန္ဒိယစတိုင်နို့မလိုင်လုံး) လုပ်စားရအောင်နော် ခေတ်စားနေတာကတော့ ကြာပါပြီ Em က အခုတလောမှ စိတ်ကူးပေါက်ပြီး လုပ်စားကြည့်တာပါ ဒီ Rasmalai လေးလုပ်တဲ့အချိန်မှာ ဖြစ်တတ်တာလေးတွေက မလိုင်လုံးက ဖွယ်တယ်တယ်ဖြစ်နေတတ်တယ် နောက်ပြီး အရသာက အရည်သပ်သပ် အဖတ်ကသပ်သပ်နဲ့ စားရတာ အဆင်မပြေတာ ဖြစ်တတ်တယ်ပေါ့နော် Em သေချာလေး စမ်းကြည့်ပြီးမှ အဆင်ပြေမယ့်နည်းလေးရယ် ဆောင်ရန်ရှောင်ရန်လေးတွေကိုလဲ ပြောပြပေးထားပါတယ် အဲ့ကြောင့် ဗီဒီယိုလေးက အနည်းငယ်တော့ ရှည်သွားတာမို့ စိတ်ရှည်သည်းခံပြီးကြည့်ပေးနော် နောက်ပြီးတော့ ပထမဆုံး စလုပ်မယ်ဆို အရေအတွက်နည်းနည်းက စစမ်းကြည့်တာပိုအဆင်ပြေပါတယ် Em လဲ စလုပ်တုန်းက စုစုပေါင်းနွားနို့ ၂ လီတာနဲ့ပဲ လုပ်တာပေါ့နော် နောက်အဆင်ပြေသွားတော့မှ များများလေး စားချင်တာမို့ သူ့ရဲ့ ၂ ဆ လုပ်တာပါ မလိုင်လုံးကိုလဲ Em လုံးတဲ့အနေထက် သေးလဲရပါတယ် Em' မလိုင်လုံးလေးတွေက အနည်းငယ်ကြီးပါတယ်နော် အိန္ဒိယနည်းအစစ်ကတော့ အမွှေးအကြိုင်တွေ ပိုထည့်ပါတယ် Em ကတော့ အမွှေးအကြိုင်တို့ ကော်မှုန့်တို့ နို့မှုန့်တို့မပါဘဲ နွားနို့သီးသန့်လေးနဲ့ လုပ်ထားတာပါ လုပ်နည်းကကွဲလွဲနိုင်ပါတယ်ရှင် ပါဝင်ပစ္စည်းတွေက - နွားနို့ကျိုရန် - နွားနို့ ၂.၂၇ လီတာ သကြား - ထမင်းစားဇွန်း ၅ ဇွန်း (အချိုကြိုက်ရင်ပိုထည့်ပါနော်) ဆား - အနည်းငယ် မလိုင် - နွားနို့ ၂.၂၇ လီတာ ဗယ်နီကာ - ထမင်းစားဇွန်း ၈ ဇွန်း သကြားရည် - သကြား - ထမင်းစားဇွန်း ၈ ဇွန်း ရေ - ၁.၂ လီတာ ချစ်တဲ့ အမ်မလီ #myanmartiktok #နို့မလိုင်လုံး #နို့မလိုင် #မလိုင် #rasmalai
Ketchup with Emily - အမ်မလီ
Region: GB
Saturday 19 July 2025 11:40:05 GMT
Music
Download
Comments
saffron @ k _ pann :
လုပ်တာကိုင်တာ သန့်ပြန့် နေတာဘဲ သ ဘောကျတာ ညီမ ရေ❤️❤️❤️
2025-07-29 14:39:20
9
Haru :
သကြားရေမထည့်ဘဲ နွားနို့ထဲတန်းထည့်ရင်ကောရလားမမ အချိုမကြိုက်လို့ပါ🥰
2025-09-03 09:30:08
2
user051432719 :
တစ်ဗူးမှာမယ်
2025-10-11 19:13:10
1
Mocha :
မုန့်နယ်ရင်လက်တအားညောင်း
2025-08-11 12:50:20
1
Lonely Horse Looking 4 Husband :
Thank you for video. I have been looking for a while for a video on making rasmalai proper way. Very helpful!!!! ❤️❤
2025-10-12 15:56:42
1
aminma :
ဗူးလေးဘယ်ကဝယ်လဲညီမ
2025-10-28 16:36:51
1
Zu Zu :
ရေခဲသေတ္တာမရှိလို့ဘယ်လို့လုပ်ရမလဲမမ😔😔
2025-09-23 01:53:08
1
December :
ကျေးဇူးပါဆိုင်မှာတင်ရောင်းတော့မယ်
2025-09-15 21:59:31
1
Crystal hnin2002 :
အသံလေးက အေးချမ်းပြီး အရမ်းချစ်ဖို့ကောင်း😘😘😘
2025-07-19 13:25:27
7
user46358552442815 :
စားချင်စရာလေး🥰🥰🥰
2025-07-20 17:04:20
2
Yeemon :
လုပ်စားကြည့်မယ်ဗျို့ ❤️❤️
2025-08-03 05:48:17
1
Alex :
သကြာရည်တေကျ ဘယ်ရောက်သွားလဲအမ
2025-07-27 17:00:16
4
khwenkhwen7 :
ကျွန်တော်လုပ်ကြည့်တာ မလှိုင်လုံးသားက နည်းနည်းလေးဖွာပြီး အရသာကသိပ်မပါဖူးဖြစ်နေတာ ဘာလိုတာလည်းဗျ ၂ခါထပ်လုပ်တာလည်း အဆင်မပြေလို့
2025-11-14 02:05:25
2
Yu Ki😜😜😘😘🤗 :
ဖန်နီးကာ ထိုင်မှာဆိုဘယ်မှာဝယ်လိုရလည်မမ🥺
2025-07-22 11:39:55
2
Phyu :
ရှာလကာရည်ထည့်ပီးရင်မီးပိတ်ပီးမွေပေးရမှာလာ အမလုပ်တာအဖတ်လေးတွေမဖြစ်ပဲပျက်သွားလို့ပါ
2025-12-22 07:33:07
1
Htet🌸 :
ရေခဲသေတ္တာထဲထားရင်ဘယ်နှရက်လောက်အထားခံလဲရှင့်
2025-08-18 16:33:56
1
Zu Zu :
မမယေးကူလ်ဖီမလိုင်လေးလုပ်ပြပါလာစားချင်လို့ပါမမယေး🥰🥰
2025-09-23 01:54:41
2
drsoewynn :
💖😊💖 thanks
2025-08-17 13:02:49
1
Crystal hnin2002 :
ချစ်လေးရေ မျှော်နေရတာ😘😘😘
2025-07-19 13:24:12
1
Twinkle Fashion 💫 :
ဗင်နီဂါ၆ဇွန်းက ထမင်းစားဇွန်းနဲ့ချိန်ရမှာလား
2025-07-20 06:13:02
1
ByeonWooSeok Wife :
အပေါ်ကပန်းပွင့်ကစားလို့ရလား🥰
2025-07-20 12:27:06
2
ts_🍃 :
ချိုစိမ့်မွှေး မလိုင်လေး 🤩😻
2025-07-19 14:45:14
1
Than Than Htay :
🥰🥰🥰အသံလေးကချစ်စရာလေးလုပ်တာလည်းသန့်နေရော
2025-08-03 13:28:30
1
KYM kym 2230 :
💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
2025-08-18 13:43:21
2
To see more videos from user @ketchupwithemily, please go to the Tikwm
homepage.