@nannkyawtt26: (၁၅)မိနစ် တရားထိုင်နည်း =================== ■ တနေ့လျှင် (၁၅)မိနစ်ခန့် တရားထိုင်ကြည့်ပါ။ ထူးခြားသော အကျိုးကျေးဇူးများ၊ ထူးခြားသော ကံကောင်းမှုများ၊ သင့်ထံသို့ ဧကန်အမြန် ရောက်ရှိလာပေလိမ့်မည့် ■ ■ (၁၅) မိနစ်တရားထိုင်နည်း ■ အမျိုးသားယောဂီများမှာ တင်ပလ္လင်ခွေထိုင်လျှက်လည်းကောင်း၊ အမျိုးသမီးယောဂီများမှာ မိန်းမထိုင် ကျုံ့ကျုံ့ထိုင်လျှက်လည်းကောင်း ခါးကို မတောင့်လွန်း၊ မလျော့မကုန်းလွန်းဘဲ အလိုက်သင့်သလို တာရှည်ထိုင်နိုင်အောင် ထားပါ။ ဘယ်လက်ဝါးကို အောက်က ထား၍ ညာလက်ဝါးကို အပေါ်က ထားရမည်။ ယောဂီ၏ မျက်စိကိုလည်း တစ်ချို့မှိတ်လျှက်၊ တစ်ချို့ဖွင့်လျှက်၊ တစ်ချို့က မှေးမှေးထားလျှက် မိမိကြိုက်သလို ထိုင်နိုင်သည်။ နှာသီး၀အဖျားတွင် ထွက်လေ၀င်လေတို့၏ ထိခတ်တိုးဝှေ့ရာ (ဖုသနဋ္ဌာန၊ နာသိက ကသိဏ)အရပ်ကလေးကို အသာအယာ သတိကပ်၍ ရှာဖွေရမည်။ တွေ့ရှိပါက ယခု လှုပ်သွားသည်မှာ ထွက်လေကြောင့်ဟု သိလျှင် လှုပ်သည်သိသည်နှင့် တစ်ပြိုင်နက် ထွက်လေဟု သိမှတ်ထားပါ။ တစ်ဖန် ၀င်လေကြောင့် လှုပ်သွားသောအခါတွင်လည်း ၀င်လေဟု မှတ်လိုက်ခြင်းသည် အာနာပါနကမ္မဋ္ဌာန်း တရား အားထုတ်သည် မည်ပါတော့သည်။ ဤပုံအတိုင်း အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်တိုင်း အားထုတ်တိုင်း တစ်ကြိမ်ထိုင်လျှင် အနည်းဆုံး (၁၅)မိနစ်ခန့် တရားထိုင်ပါ။ “အာနာပါနကမ္မဋ္ဌာန်းကို အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် သတိကပ်၍သာလျှင် ထွက်သက်ကို ဖြစ်စေ၏။ ထွက်သက်ကို ထုတ်၏။ သတိကပ်၍သာလျှင် ၀င်သက်ကို ဖြစ်စေ၏။ ၀င်သက်ကို ရှိုက်ရှူ၏” (ဤကား သတိမြဲရာ ပထမာ အစီအစဉ်ဖြစ်ပါသည်) “ထွက်သက်လေကို ရှည်ရှည်ထုတ်သောယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ထုတ်သည်ဟု ကောင်းစွာ သိ၏။ ၀င်သက်လေကို ရှည်ရှည်ရူသောယောဂီပုဂ္ဂိုလ်သည် ရှည်ရှည်ရှုရှိုက်သည်ဟု ကောင်းစွာ သိ၏” “ထွက်သက်လေကို တိုတိုထုတ်သောယောဂီပုဂ္ဂိုလ်သည် တိုတိုထုတ်သည်ဟု ကောင်းစွာ သိ၏။ ၀င်သက်လေကို တိုတိုရှုရှိုက်သောယောဂီပုဂ္ဂိုလ်သည် တိုတိုရှုရှိုက်သည်ဟု ကောင်းစွာ သိ၏” (ဤကား ဒုမှာ တို ရှည်သိ အစီအစဉ်ဖြစ်ပါသည်) “အလုံးစုံသော ထွက်သက်၀င်သက်တို့၏ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးကို ထင်ရှားစေလျှက် (ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်လင်းစေလျှက်) ထွက်သက်လေကို ထုတ်၏။ ၀င်သက်လေကို ရှိုက်ရှု၏” (ဤကား သုံးချက်သိမှာ တတိယာ သို့မဟုတ် လုံးစုံလင်းရာ တ-၌သာ အစီအစဉ်ဖြစ်ပါသည်) “အရှိုက်အရှုပြင်းသောကြောင့် ရုန့်ရင်းကြမ်းတမ်းသော ထွက်သက်၊ ၀င်သက်လေတို့ကို ငြိမ်းအေးစေလျှက်၊ ချုပ်ပျောက်စေလျှက် ထွက်လေကို ထုတ်မည်၊ ၀င်လေကို ရှုရှိုက်မည်ဟု ကျင့်၏” (ဤကား စ-မှာ ငြိမ်းစေဘိ အစီအစဉ်ဖြစ်ပါသည်) “ရံခါအတွင်း၌ ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။ ရံခါအပြင်၌ (အပြင်ကို ထုတ်၍) ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။ ရံခါအတွင်းအပြင် နှစ်ဌာနလုံး၌ ထွက်လေ၀င်လေဟူသော ကာယ သို့မဟုတ် ပဋိဘာဂဖြစ်သော အဿာသပဿာသကာယကို အဖန်တလဲလဲ ရှုမှတ်ပွားများအားထုတ်ရမည်။” (ဤသည်မှာ အာနာပါနသမထလေးဆင့်လုံးကို ပေါင်း၍ဟောထားခြင်းဖြစ်ပါသည်) “ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ဖြစ်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍ နေရာ၏။ ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏။ ထွက်သက်လေ၊ ၀င်သက်လေဟူသော ကာယ၌ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောကို အဖန်တလဲလဲ ရှုမှတ်၍လည်း နေရာ၏။” (ဤကား အာနာပါနသမထကို အဦးမူ၍ ဝိပဿနာရှုမှတ်ပွားများရပုံ ဖြစ်ပါသည်) “ထိုကဲ့သို့ အားထုတ်နေသော ယောဂီပုဂ္ဂိုလ်အား သတိတရား ထင်မြဲလာတော့သည်။ ထိုသတိ၏ သောတာပတ္တိမဂ်ဉာဏ်ကို ရခြင်းငှါ၊ အဆင့်ဆင့် ရင့်ကျက်ခြင်းငှါ ဖြစ်လာလျှင် ယောဂီပုဂ္ဂိုလ်သည် တဏှာ၊ ဒိဋ္ဌိနှစ်ပါးကို အမှီသဟဲပြုစရာမလိုဘဲ နေနိုင်စွမ်းရှိလာတော့သည်။ ထိုအခါ တစ်လောကလုံးတွင် သို့မဟုတ် ခန္ဓာငါးပါးဟူသော လောကတွင် `ငါ့ကိုယ်´ဟူ၍လည်းကောင်း၊ `ငါ၏ဥစ္စာ´ဟူ၍လည်းကောင်း တစ်စုံတစ်ခုကိုမျှ စွဲလမ်းခြင်းမရှိ အတ္တဒိဋ္ဌိပြုတ်လေတော့သည်” (ဤကား အာနာပါနသမထကို အဦးမူ၍ ဝိပဿနာရှုမှတ်ပွားများ အားထုတ်သော ယောဂီပုဂ္ဂိုလ်အား မဂ်ဖိုလ်ရ၍ အရိယာဖြစ်ပုံကို ပြပါသည်။) အထက်ပါ ဖော်ပြချက်မှာ သတိပဋ္ဌာနသုတ်တော်တွင် မြတ်စွာဘုရားရှင်ဟောကြားတော်မူသော အာနာပါနကျင့်စဉ် အစီအစဉ်ဖြစ်ပါသည်။ ၀ိပဿနာပိုင်း ရှုမှတ်ပုံများ သမထဆိုတာ တနေရာတည်းကို စိုက်ရှုတာပါ၊ ဝိပဿနာဆိုတာ ခန္ဓာကိုယ်တခုလုံးကို ဖြန့််ရှူတာလို့ မြေဇင်းဆရာတော်ကြီးက မိန့်တော်မူပါတယ။် သမထယာနိကသမားအတွက် စတုတ္ထအဆင့်ကျင့်စဉ်မှာ ပဋိဘာဂအလင်းနိမိတ်ရရှိပြီး ဥပစာဆိုက်သွားပြီဆိုရင် ဝိပဿနာကို စတင်အားထုတ်ရှုမှတ်နိုင်ပါတယ်။ ၀ိပဿနာရှုမှတ်ရာတွင် ရုပ်ကို ရှုမှတ်ရမှာလား၊ နာမ်ကို ရှုမှတ်ရမှလားလို့ မေးစရာရှိပါတယ်။ စာပေမှာတော့ သမထယာနိကလမ်းစဉ်နဲ့ အားထုတ်သူများအတွက် နာမ်ကို ရှုမှတ်ပွားများရမယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမထအားထုတ်မှု အားကောင်း၍ သမာဓိရင့်သန်နေတဲ့အတွက်ကြောင့်ပါဝိပဿနာသက်သက်ရှုမှတ် ပွားများသူများသူတွေကိုတော့ ရုပ်ကို ရှုမှတ်ပါ #fypage
Tarrot By NannKyawt 🔮(Ah Mon)
Region: MM
Friday 25 July 2025 14:37:18 GMT
Music
Download
Comments
Ñ🍀 :
ဒီနေ့ ပဋ္ဌာန်းရွတ်ပီး
ဒါလေးဖွင့်ပီး တရားထိုင်တာ ပထမအကြိမ်မိုထင်ပါ့ 8minပဲရသေးတယ်😔
နေ့တ်ိုင်း ထိုင်နိင်အောင် ကြိုးစားရမယ်
စ်ိတ်လေး တကယ် အေးချမ်းတယ်🥰
2025-08-08 15:30:37
75
မိုး.🌿 :
ခုဆရာတော်ဟောကြားတဲ့ video အပြည့်အစုံလေးဘယ်လိုရှာရမလဲရှင်🙏🙏🙏
2025-12-29 03:31:47
2
San San :
@သာဓုသာဓုသာဓု
2025-09-25 01:20:06
2
Soe :
သာဓုသာဓုသာဓုကျေးဇူးဉပကာရတင်ရှိပါသည်
2025-09-10 15:11:00
4
Daw Akari :
ကြိုးစားပီးနေဆဲပါ🙏🙏🙏
2025-12-10 07:55:12
4
ko sai :
ေက်းဇူးပါ
2025-08-05 09:23:57
2
သားသားရဲ့မေမေ :
အိပ်ယာထဲ့မထနိုင်လို့အိပ်ရင့်ရလာဗျ
2026-02-24 11:23:38
4
mase :
သာဓုသာဓုသာဓုပါဘုန်းဘုန်းဘုရား
2025-09-18 13:03:47
3
user67095974065704 :
သာဓု သာဓု သာဓု ပါဘုရား
2025-12-31 13:21:45
2
Aung. Chit :
သာဓု သာဓု သာဓုပါ❤❤❤❤❤❤❤❤❤
2025-10-02 06:38:00
4
Chit Hnin Thu :
🙏🙏🙏သာဓုသာဓုသာဓုပါဘုရား🙏🙏🙏
2025-12-03 05:20:26
2
🍉SUE🦋 :
ခဏလေးထိုင်တာစိတ်ထဲမှာပူနေတာတွေပျော်သွားတယ်
2026-05-15 10:55:14
2
Aye Aye :
2026-06-02 07:28:12
1
Lawon may :
saveထားလိုက်ပါပြီ
2026-05-16 07:58:29
1
phyusin :
သာဓုသာဓုသာဓုပါဘုရား
2026-01-25 13:58:18
1
ทีมงานช่างเต :
သာဓုသာဓုသာဓုပါဘုရား
2026-01-15 14:06:38
1
T&T&B Burmiss Collection :
သာဓုသာဓုသာဓုပါ🙏🙏🙏
2026-01-26 12:07:32
1
🌻☘️Lin Latt🌻☘️ :
သာဓု သာဓု သာဓုပါဘုရား🙏🙏🙏
2026-04-27 16:34:13
1
nwet :
သာဓုသာဓုသာဓုပါရှင်
2025-08-31 06:12:42
5
Mon Mon :
ဍဍ
2025-10-09 15:54:37
2
Ë...🍒 :
သာဓု သာဓု သာဓု ပါဘုရား🙏🏻🙏🏻🙏🏻🙏🏻🙏🏻
2025-12-15 23:14:04
1
LotLotcho :
သာဓုသာဓုသာဓုပါဘုရား🙏🙏🙏
2025-12-29 14:05:14
1
Wijin :
သာဓု သာဓု သာဓု 🙏🙏🙏
2025-12-02 00:18:49
1
chocho win :
🙏🙏🙏သာဓုသာဓုသာဓုပါဘုရား
2025-11-28 17:17:48
1
Kit Kit :
တင်ပါ့ဘုရား
2025-11-26 23:31:42
1
To see more videos from user @nannkyawtt26, please go to the Tikwm
homepage.