@thetmon.....4: thetmon ✿🍒:ချစ်ခဲ့တုန်းကတော့...လူသိရှင်ကြားချစ်ခဲ့တာပေါ့ ပြီးတော့...တစ်လောကလုံးကို သူက ငါ့ကို သိပ်ချစ်တာဆိုပြီးချစ်ခဲ့တဲ့ နှစ်တွေ လတွေ ရေတွက်ပြခဲ့တာ ။ ကိုယ့် အကောင့်မှာ သူ့အမျိုးတွေ ပြီးတော့ သူ့သူငယ်ချင်းတွေ ကိုယ့် Gallery မှာ သူ့ပုံတွေရယ် ပြီးတော့...Contact list မှာ သူနဲ့ ပတ်သက်တဲ့လူတွေပဲ ရှိနေခဲ့တာလေ ။ ချစ်ခဲ့တုန်းကတော့ လူသိရှင်ကြားပေါ့... တဖြေးဖြေး အေးစက်သွားတဲ့ဆက်ဆံရေးတွေကို အဆင်ပြေရဲ့လား မေးရင် အဆင်ပြေပါတယ်ဆိုတဲ့စကားလေးနဲ့ ဖြေပြီးတစ်နေ့ကျရင် အဆင်ပြေမယ်လို့ မျှော်လင့်ခဲ့မိတာ ။ ဒါပေမယ့်...နောက်ဆုံး သူထားသွားတဲ့အချိန်ကျကိုယ့်မှာ တိတ်တိတ်လေးပဲ ကြေကွဲရတယ် ။ အဆင်ပြေရဲ့မေးတဲ့ လူတွေနဲ့ ဝေးရာကို ပြေးတယ် ပြီးတော့ ကိုယ့်အကောင့်လေးကို တိတ်တိတ်လေး offline လုပ်ထားတယ် ။ တချို့ရက်တွေမှာဆို ဖုန်းပိတ်ထားပြီး ကြိတ်ပြီးငိုခဲ့ရတာလေ ။ ပြန်လာခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်လေးရှိသေးပေမယ့် သူပြန်မလာတော့ဘူးဆိုတာတော့ သေချာပါတယ် ။ ဒါပေမယ့်... ဒီအချိန် သူနဲ့ မဆိုင်တော့ဘူးဆိုတဲ့ အကြောင်းကို ဘယ်လိုပြောရမလဲ ပြောနိုင်တဲ့ အင်အားက ရှိမနေသေးတာ ။ သူပြုံးနေနိုင်သလို ကိုယ်ပြုံးနေနိုင်ဖို့ သတ္တိမရှိသေးတာ ။ ကိုယ့်အနားက လူတွေက မင်းအကြောင်းမေးရင် ဘယ်လိုဖြေရမလဲ အဖြေရှာနိုင်တဲ့အထိ အဲ့ဒီလူတွေကို ပြေးပုန်းနေမိဦးမယ်ထင်ပါတယ် ။ မင်းနဲ့ ဝေးသွားပြီးတဲ့ အနောက်မှာ... လူတွေနဲ့လဲ တဖြေးဖြေး ဝေးလာခဲ့တယ် ။ ပြီးတော့ ဘယ်လောက်ပဲ နှစ်တွေကြာကြာ အချိန်တန်ရင် ပြတ်မှာပဲဆိုပြီး တချိန်က ပြောခဲ့တဲ့လူတွေ လှောင်ရင် ဘယ်လိုပြန်ချေပရမလဲ အဖြေရှာလို့ မရသေးဘူး။ သူငါ့ကို သိပ်ချစ်တာဆိုပြီး တစ်ချိန်က ကြွားခဲ့ဖူးတာလေ အဲ့ဒီလူတွေကိုပဲ သူငါ့ကို မချစ်တော့ဘူးဆိုပြီး ငိုပြီးမပြောချင်ဘူး ။ မင်း ငါ့အနားမှာ မရှိတော့ဘူးဆိုတာကို ပြုံးပြီးပြောနိုင်တဲ့တစ်နေ့ကျရင်... အရင်လို ပြန်ဖြစ်လာမှာပါ ။ အခုတော့ မဟုတ်သေးဘူးပေါ့။ #ကျေးကို (ရင်နှင့်ရင်း၍ ရေးသည်)

🦋♡T♡🦋
🦋♡T♡🦋
Open In TikTok:
Region: MM
Saturday 26 July 2025 07:05:28 GMT
918
58
2
24

Music

Download

Comments

To see more videos from user @thetmon.....4, please go to the Tikwm homepage.

Other Videos


About