@sweetie48425: မြန်မာအစိုးရ၏ ဆောင်ရွက်မှုများကို ကြိုဆိုကြောင်း တရုတ်နိုင်ငံပြော မြန်မာတစ်နိုင်ငံလုံးတွင် အရေးပေါ်အခြေအနေကြေညာခြင်းကို ရုတ်သိမ်းလိုက်ခြင်းနှင့်ပတ်သက်၍ သတင်းစာဆရာ တစ်ဦး၏မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ယခုလိုဖြေကြားခဲ့ပါတယ်။ - "မြန်မာနိုင်ငံ၏မိတ်ဆွေကောင်းနိုင်ငံ အိမ်နီးချင်းတစ်ဦးအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုများကို အနီးကပ်စောင့်ကြည့်လျက်ရှိပါသည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ တည်ငြိမ်မှုထိန်းသိမ်းနိုင်ရန်နှင့် ငြိမ်းချမ်းစွာပြန် လည်ရင်ကြားစေ့ရေးတို့အတွက် ထောက်ခံပါသည်။ ထို့ပြင် နိုင်ငံ၏အခြေအနေနှင့်ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို လိုက်ပါလျှောက်လှမ်းရန်နှင့် ပြည်တွင်းနိုင်ငံရေးကိစ္စများကို တည်ငြိမ်စွာဆောင်ရွက်သွားရန်ကိုလည်း တရုတ်နိုင်ငံက ထောက်ခံပါသည်။ မြန်မာနိုင်ငံရှိပါတီများနှင့် အဖွဲ့အစည်းများအနေဖြင့် သဘောထားကွဲလွဲမှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေဘောင်အတွင်း နိုင်ငံရေးနည်းလမ်းများဖြင့် ကောင်းမွန်စွာ ဖြေရှင်းဆောင်ရွက်မှုကို ကြိုဆိုကြောင်း ပြောကြားလိုပါသည်" - "တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူကို အခိုင်အမာလိုက်နာပါသည်။ မြန်မာနိုင်ငံရှိပါတီများ၏လိုအပ်ချက်အရ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆက်လက်မြှင့်တင်ရန်နှင့် မြန်မာနိုင်ငံတွင် တည်ငြိမ်မှုပြန်လည်ရရှိရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ရန်အသင့်ရှိပါသည်" ဟု ဖော်ပြထားသည်။ (YMG)#myanmartiktok🇲🇲🇲🇲
💚Suyee💚
Region: MM
Thursday 31 July 2025 18:05:54 GMT
Music
Download
Comments
ဗျောက်မရတဲ့ ဗီဇ :
ထွက်တလုတ်ဝင်တလုတ်စားနေရတာကို
2025-08-09 15:13:27
1
Nay :
2025-08-01 08:15:23
1
KoMyintThu :
😂
2025-08-01 11:32:22
1
Isabella :
😂
2025-08-01 09:04:15
1
To see more videos from user @sweetie48425, please go to the Tikwm
homepage.