@yeainvlog1997: Marina One (Free entry) ဒီနေရာက Singapore Marina One ရဲ့ Green Heart ပါ။ 🌿✨ တကူးတကအနေနဲ့သွားလည်တာမဟုတ်ပဲ မိုးရွာတဲ့နေ့မျိူးမှာ အေးဆေးအနားယူလို့ရတဲ့နေရာတခုဖြစ်ပြီး City Hall Mrtနဲ့ နှစ်မှတ်တိုင်ပဲခြားပြီး။ Marina Bay Mrt နဲ့အနီးဆုံးမှာရှိတဲ့နေရာလေးပါ။ #Marinaone အဝင်ကတည်းက စိမ်းလန်းတဲ့သစ်ပင်တွေနဲ့ လေဝင်လေထွက်ကောင်းတဲ့ေနရာတခုအဖြစ်ဖန်တီးထားသလို လျောက်လမ်းလေးတွေကို ကွေ့ကောက်တဲ့Elevated walkway တွေရယ်၊ ဖြည်းညင်းစွာ စီးဆင်းနေတဲ့ ရေစီးကြောင်းလေးတွေနဲ့ futuristic oasis လိုပဲ ခံစားရစေတဲ့futuristic ဆန်ဆန် ဖန်တီးထားတဲ့နေရာဖြစ်ပါတယ်။ ဘေးဖက်ရော အဆောက်အဦးပေါ်မှာပါ အေးဆေး အနားယူလို့ရတဲ့ ထိုင်ခုံများစွာ ရှိတာမို့ သက်သောင့်သက်သာမိုးရွာတဲ့နေ့မျိူးမှာ နေမပူ မိုးလူံတဲ့နေရာလေးဖြစ်ပါတယ်။ Note 🗒️ နေရာလေးက တိတ်ဆိတ်စွာ အနားယူတတ်တဲ့သူတွေအတွက်သာ ပိုပြီးသင့်လျော်တာမို့ လူစုလူဝေးနဲ့ပျော်ပျော်နေတတ်တဲ့သူတွေအဖို့တော့ အနည်းငယ်ပျင်းစရာကောင်းတဲ့နေရာလေးတော့ဖြစ်နေမှာပါ။ ပုံကတော့မိုးရွာတုန်းရိုက်တာမို့အနဲငယ်အမှောင်ကျနေတယ်နော်🥺☹️ (လည်ပတ်စရာ Public Area မဟုတ်ပဲ တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်လေးမို့ အသံကျယ်လောင်စွာမပြုလုပ်ရန်) လမ်းညွန် အနီလိုင်း Marina Bay Mrt Exit B (Just 5mins Walk ) ပုံနောက်မှာ လမ်းညွန်အသေးစိတ်ပြထားပေးပါတယ်နော်။ #ယိင်း_vlog #singapore #park #Marinaone #traveltips #sharingknowledge
(ယိင်း)-Vlog
Region: SG
Wednesday 06 August 2025 07:36:27 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @yeainvlog1997, please go to the Tikwm
homepage.