@toetet.aung1982: "အုတ်စီနည်းအမျိုးမျိုး'' 1.အုတ်ရိုးရိုးစီနည်း (သို့မဟုတ်) အင်္ဂလိပ်အုတ်စီနည်း 2.အုတ်အလှစီနည်း (သို့မဟုတ်) နှစ်ဆင့်ဖလင်းမစ်အုတ်စီနည်း 3.အုတ်အလျားဖော်စီနည်း 4.အုတ်ထိပ်ဖော်စီနည်း 5.ခွေသွားစိပ်ဖော်၍ အုတ်စီနည်း 6.လှေကားထစ်ဖော်၍ နောက်ဆုတ်အုတ်စီနည်း 7.ခြံကာအုတ်နံရံများစီနည်း 8.ထောင့်ဖြတ်စီနည်း 9.လင်းမွေရိုးဖော်၍ စီနည်း #အုတ်စီလုပ်ငန်း အုတ်စီလုပ်ငန်းမစတင်မီ အုတ်နံရံ၊အုတ်တိုင်တို့၏ ပန္ဒက်မျဥ်းများကို တိကျစွာ မှတ်သားပြီး အတွင်းဘက်နှင့်ဘေးဘက်မျဥ်းများကို သတ်မှတ်ရမည်။အုတ်စီမဲ့ Level အမြင့်အထိ မှတ်သားတိုင်းတာ ထားရမည်။အုတ်များကို နှစ်နာရီခန့် ကြိုတင် ရေစိမ်ထားရမည်။သရွတ်(မဆလာ)ကို နာရီဝက်ခန့် ကြိုတင်ပြင်ဆင်ထားရမည်။မျဥ်းကြိုး၊မျဥ်းတံ၊ချိန်သီး၊သံလက်၊ဒယ်ဗန်း ပစွည်းများ စုံလင်ပြီး အသုံးပြုရမည်။အုတ်စီရာတွင် အမိူက်သရိုက်များကို မစခင် လုပ်နေစဥ် လုပ်ပြီး သန့်ရှင်းပေးရမည်။ အုတ်စီအုတ်နင်းကောင်းမွန်စွာ ရဖို့ အုတ်များကို သေချာ အစီအရီ မျဥ်းကြိုးဆွဲ စီရမည်။ အုတ်စီပြီးသောအခါ အုတ်ရိုးမျက်နှာပြင်ကို (7)ရက်ခန့် ရေဖြင့် ပက်ဖျန်းပေးရမည်။ အုတ်စီခြင်း၏ ရည်ရွယ်ချက်မှာ... အုတ်စီအုတ်နင်း ကောင်းမွန်စေရန် အဓိက ဖြစ်သည်။အုတ်ကျိုးများကို အတက်နိူင်ဆုံး လျော့ချ အသုံးပြုရမည်။အုတ်jointဆက်များကို မထပ်စေရန် ဂရုစိုက် စီရမည်။အုတ်တစ်လုံးနဲ့တစ်လုံးကြား နှာများကို လုံအောင် ပိတ်ရမည်။ ကွန်ကရစ်နှင့် အုတ်များ တွဲစေရန်... သရွတ်အရင်သုတ်လိမ်းပြီးမှ အုတ်စီရမည်။ တိုင်နှင့် အုတ်ကြား၊Beamနှင့် အုတ်ကြားမှာ သရွတ်ခေါ် မဆလာ သုတ်ထည့်ပြီး မစီပါက ထိုနေရာများက အက်ကွဲကြောင်းများ ဖြစ်စေခြင်း၊ ရေစိမ့်ရေယို ဖြစ်စေခြင်း ဒီပြဿနာများကို ကြုံတွေ့ရမှာပါ။ အုတ်စီတဲ့အခါ မညီမညာ၊နှာမပိတ်ရင်လဲ အချောကိုင်တဲ့အခါ လေခိုခြင်း၊ဗိုက်သား ပူခြင်း ပိန်ခြင်း၊ထပ်မံ ပြုပြင်ရသည့်အတွက်... သရွက်(မဆလာ)ပိုကုန်ခြင်း၊အချိန်ကုန်ခြင်း ဒါတွေကို ကြုံရမှာ ဖြစ်ပါတယ် #အုတ်ရိုးရိုးစီနည်း (သို့) #အင်္ဂလိပ်အုတ်စီနည်း အုတ်ထိပ်လွှာတစ်ပြန် အုတ်အလျားလွှာ တစ်ပြန်စီ ဖြစ်ပေါ်အောင် စီထားခြင်းကို အုတ်ရိုးရိုးစီနည်းဟု ခေါ်သည်။ပန်းရံလုပ်ငန်းမှာ အများဆုံး အသုံးပြုသော အုတ်စီနည်း ဖြစ်သည်။အခြားသော အုတ်စီနည်းများ အသုံးပြုရန် သတ်မှတ်ချက် မရှိလျှင် ယခုအုတ်စီနည်းကို အသုံးပြုနိူင်သည်။ အုတ်ရိုးရိုးစီနည်းသည် အုတ်အလှစီနည်းထက် ပိုမိုခိုင်မာပြီး အုတ်အကျိုးများ အသုံးမပြုရသောကြောင့် အုတ်အလှစီနည်းထက် ငွေကုန်ကြေးကျသက်သာပြီး အုတ်အလေအလွင့် နည်းပါးသည်။ အုတ်စီလုပ်ငန်းအတွက် လိုအပ်တာတွေ ရေးတင်ပေးလိုက်ပါတယ်။လိုအပ်တဲ့လူက မှတ်ထားပါ၊မလိုအပ်ရင် ကျော်သွားပါ၊ သံလက်ကိုင်ပြီး အုတ်စီတာကို ကြည့်လိုက်ရင် ထိုပန်းရံ၏ အုတ်စီလက်ရာ ကောင်း၊မကောင်းကို သိရှိနိူင်ပါတယ် #AMH (Reference - ဦးကျော်နိူင်(အင်ဂျင်နီယာလက်စွဲ)) #အိမ်ဆောက်ချင်သူများ #အဆောင်လှိုင်းခန်းဆိုင်ခန်စ #Renovation
Toetet Aung
Region: MM
Thursday 07 August 2025 07:25:25 GMT
Music
Download
Comments
😡🤬အောင်ရီး🤬😡 :
စာအုတ်လေးရှိရင်ဝယ်ချင်လို့ပါ
2025-08-09 06:30:11
1
Ko Gyi :
hihi😊😊😊
2025-08-09 05:58:37
2
စိုပြေလိူင် :
ပညာလေးပေးပါ
2025-08-09 13:56:27
1
🐝Yati🐝 :
ကိုးရိုးတကျင်းဘယ်လောက်ယူလဲဗျ
2025-08-11 04:21:02
1
Nhaing :
🥰🥰🥰
2025-08-07 09:30:50
1
Soe :
🥰🥰🥰
2025-08-08 10:46:33
1
Zay Yar Phyo :
🥰
2026-01-22 12:50:44
0
လႅင်း :
🥰
2025-10-07 14:08:59
0
aungဖုန်း09670525565 :
🥰🥰🥰
2025-08-31 15:26:27
0
ချစ်ရင်ထူး :
🥰
2025-12-22 11:16:02
0
Tint Lwin :
😁
2025-11-27 05:11:06
0
Tun Min :
🥰
2025-12-13 11:07:44
0
▪️꧁༺ 𝓝𝓸𝓿𝓪 𝓟𝓾𝓵𝓼𝓮 ༻꧂▪️ :
🥰
2026-01-16 06:11:12
0
🇲🇲🇲🇲Sayar gyi🇲🇲🇲🇲 :
🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2025-09-28 05:37:42
0
myo gyi :
😁😁😁
2026-01-23 12:15:17
0
ko lay :
🥰🥰🥰
2025-08-10 08:14:04
0
koko :
🥰🥰🥰
2025-08-09 07:06:29
0
😍Myo Gyi :
🥰🥰🥰
2025-08-09 05:18:00
0
|•AXTOM✰ :
👌
2026-02-23 05:40:11
0
နေကြီ :
😁😁😁
2025-08-10 19:43:17
0
zawwin4624 :
😃😃
2025-08-10 01:52:02
0
kyawwinh hlaing :
🥰🥰🥰
2025-08-09 14:42:42
0
koko :
👍👍👍
2025-08-09 07:05:48
0
Toetet Aung :
🥰🥰
2025-08-07 09:46:31
0
To see more videos from user @toetet.aung1982, please go to the Tikwm
homepage.