@bagan.shwe.pyi4: ¶တန့်ကြည့်တောင်စေတီ¶ တန့်ကြည့်တောင်စေတီသည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ တန့်ကြည့်တောင်ပေါ်တွင် တည်ရှိသည့် စေတီတစ်ဆူဖြစ်သည်။ ပုဂံဘုရားစုများတွင် ပါဝင်ပြီး စွယ်တော် လေးဆူအနက် တစ်ဆူ အပါအဝင်ဖြစ်သည်။ အချက်တိုများ တန့်ကြည့်တောင်စေတီ, အချက်အလက်များ ... ပုဂံဒေသတွင် အနော်ရထာမင်း ၏ကောင်းမှု မြတ်စွယ်တော် လေးဆူမှာ- ရွှေစည်းခုံစေတီတော်(ပုဂံ) တန့်ကြည့်တောင်စေတီ လောကနန္ဒာစေတီ(ပုဂံ)နှင့် တုရင်းတောင်စေတီ(ပုဂံ) တို့ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ ဗျာဒိတ်ပေးရာ မြတ်စွာဘုရားသည် ဝါတော်(၃၅)ဝါတွင် ညီတော်အာနန္ဒာအား ခေါ်တော်မူ၍ ရတနာဓရဟိရညတောင် (ယခု တန့်ကြည့်တောင်) ထိပ်သို့ ကြွတော်မူဖူး၏။ ထို့နောက် ငါ ဘုရား ပရိနိဗ္ဗာန်စံဝင်ပြီး နှစ်ပေါင်း (၆၅)နှစ်အရောက်တွင် ဤမြစ်တစ်ဖက်ကမ်း၌ အရိမဒ္ဒနပေါက္ကံ (ပုဂံပြည်) ပေါ်ပေါက်မည့်အကြောင်း ဗျာဒိတ်ပေးခဲ့သည်။ ထိုအချိန် မြတ်စွာဘုရားအား မဟာပါလဘီလူးသည် နေပူခမည် စိုး၍ ကြာသုံးရွက်ဖြင့် မိုးခဲ့ရာ ထိုဘီလူးသည်လည်း ယင်းပေါက္ကံပြည်တွင် မင်းသုံးဆက် ဖြစ်လတ္တံ့ဟု ဗျာဒိတ်တော်ခြွေခဲ့လေသည်။ သီရိဓမ္မာသောကမင်း တည်သောစေတီ သာသနာ သက္ကရာဇ် ၂၁၈-ခုနှစ်တွင် အိန္ဒိယနိုင်ငံ ပါဋလိပုတ် (ယခု ပဋနာ)မြို့၌ သီရိဓမ္မာသောကမင်းကြီးသည် မြို့ပေါင်း ရှစ်သောင်းလေးထောင်တို့၌ ရှစ်သောင်းလေးထောင်သော စေတီတို့ဖြင့် ကျောင်းတိုက်ကြီးပေါင်း တစ်သောင်းလေးထောင် တည်ဆောက်စဉ်က မုဋ္ဌောစေတီများ တည်ထားခဲ့ရာ သံတောင် ငါးတောင်၊ ထီးငါးဆင့်ရှိသော စေတီတော်မြတ်တို့ ဟိရညတောင် ဗျာဒိတ်တော်အရ တည်ခဲ့သည်။ ထိုတည်ရာ၌ မင်းကြီး၏ သေနာပတိ ဓမ္မာနုဂ္ဂဟအမတ်ကိုယ်တိုင် ကြပ်မတ်၍ တည်တော်မူသည်။ တန့်ကြည့်တောင် စေတီကို အေဒီ (၁၀၅၉) တွင် အနော်ရထာမင်း တည်ခဲ့သည်။ အနော်ရထာမင်းသည် သီဟိုဠ် ၌ ဘုရင်ဝိဇယဘာဟု(၁) ဆက်သလိုက်သော စွယ်တော်ကို ထပ်မံပွား၍ တန့်ကြည့်တောင် ပေါ်ရှိ သီရိဓမ္မာသောကမင်းတည်ခဲ့သည့် စေတီကို ပြုပြင်မွမ်းမံကာ စွယ်တော်ပွားကို ဌာပနာခဲ့သည်။ တန့်ကြည့်တောင် စေတီကို အောက်ခြေတွင် ပစ္စယာ အဆင့်ဆင့်ခံ၍ သပိတ်မှောက် ခေါင်းလောင်းပုံ၊ ခေါင်းလောင်းပုံတွင် ပန်းဆွဲများ တန်ဆာဆင်ထားသည့် ရစ်စည်း၊ ဖောင်းရစ် အဆင့်ဆင့်၊ ဖောင်းရစ်များ အထက်တွင် ကြာမှောက်၊ ကြာလန်၊ ငှက်ပျောဖူး၊ ထီးတော်တို့ဖြင့် တည်ဆောက်ထားသည်။ ယုံကြည်မှု မြတ်စွယ်တော် ၄ ဆူစလုံးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး နှင့် အလှူငွေများကို အညီအမျှ ကပ်လှူပူဇော်၍ တစ်နေ့တာ အတွင်း အပြီးဖူးမြော် ကြည်ညိုပါက လိုရာဆန္ဒပြည့်ဝမည်ဟု ယုံကြည်ကြသည်။ တန့်ကြည့်တောင်စေတီကို ခေတ်အဆက်ဆက် စေတနာရှင်များကပြုပြင် မွမ်းမံခဲ့သဖြင့် စေတီအသစ်သဖွယ် ဖြစ်နေသည်။[၁] #ᴄʀᴅ_ᴛᴏ_ᴏᴡɴᴇʀ_✍️wikipedia ကိုးကား [၁] မြတ်မင်းလှိုင် (ဇန်နဝါရီ ၂၀၀၃)။ မြန်မာပြည်ရှိ ရှေးဟောင်းဘုရား စေတီပုထိုးများ။ ဒုတိယတွဲ။

Bagan Shwe Pyi
Bagan Shwe Pyi
Open In TikTok:
Region: MM
Thursday 07 August 2025 14:03:23 GMT
2863
54
2
4

Music

Download

Comments

gghyu2232
khin :
🥰
2026-02-28 04:20:25
0
ttt61800
T💚T💚T💚💎💎💎 :
🙏🙏🙏ဝါခေါင်လပြည့်နေ့ ဘုရားပွဲ
2025-08-07 15:32:57
0
To see more videos from user @bagan.shwe.pyi4, please go to the Tikwm homepage.

Other Videos


About