@myohtike34: စာရေးဆရာမိုးသက်အောင်(မြန်မာစာ) ရဲ့ "လွှာလှပ်လွင့်ဝါ" ဝတ္ထုထဲက ဘဝဇာတ်နာလွန်းလှတဲ့ "အေးပုံ" ဘယ်သူဖြစ်လာမလဲ ? စာရေးဆရာမိုးသက်အောင်(မြန်မာစာ) ရဲ့ "လွှာလှပ်လွင့်ဝါ" ဝတ္ထုကို‌တော့ ကြင်ဖော် ရုပ်သံဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေ အားပေးမှုများစွာ ရရှိထားတဲ့ ဒါရိုက်တာပြည့်ဖြိုးနိုင်(PPN)မှ ရုပ်ရှင် (သို့) ဇာတ်လမ်းတွဲအဖြစ် ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပါတယ် ။ ‌အဓိကအမျိုးသမီးဇာတ်ကောင် ဖြစ်တဲ့ အေးပုံရဲ့ ဇာတ်ကောင်ကတော့ ဘဝမှာ အသက် ( ၂၀ ) ဝန်းကျင်မိန်းကလေးတန်မဲ့ ကောက်သင်းထု ၊ ရိုးထဲ ပိုက်ချပိုက်ရုပ် ၊ ကွန်ပစ် ၊ ရွာကိုလှည့်၍ ငါးရောင်း ၊ ကန်စွန်းရွက်ခူးရောင်း ၊ ဂဏန်းဖောင်ခပ်ရောင်း ၊ ဂဏန်းဆီညှစ်ရောင်း စသည့် ကြုံရာကျပန်းလုပ်ကာ မိသားစုဝမ်းရေးအတွက် တဖက်တလမ်းက ဝင်ငွေကူရှာတဲ့ အသားညိုညို ၊ အရပ်ရှည်ရှည် လိမ္မာတဲ့သမီးလေး အေးပုံ …. နေမကောင်းဖြစ်နေတဲ့ အမေကိုလည်း သနား ၊ ရှာသမျှ အမေ့ဆေးဖိုးနဲ့မလောက်တဲ့အပြင် အကြွေးနွံထဲနစ်နေတဲ့ အဖေဖြစ်သူကိုလည်း သနားမိပြီး မိမိ မိသားစုအရေးစဉ်းစားကာ ဝမ်းနည်းစိတ်မကောင်းဖြစ်နေရှာတဲ့ အေးပုံ … မိခင်က နေ့လားညလားဖြစ်နေလို့ ရတက်မအေးဖြစ်နေရတဲ့ကြားထဲ ဖခင်ကို လစာကြိုထုတ်ထားပြီးအလုပ်မဆင်းလို့ မြို့ဂတ်ကိုတိုင်မယ်ဟုအလုပ်ရှင်က ခြိမ်းခြောက်တာကို ကြားရတဲ့အခါ ဝမ်းနည်းပက်လက်ဖြစ်ပြီး ဖခင်ဖြစ်သူရင်ခွင်ထဲ ပြေးဝင်ရှိုက်ငိုမိတဲ့ အေးပုံ .. အမေဆုံးပြီး မြေမကျသေး ၊ ဖခင်ဖြစ်သူကို လာရောက်ဖမ်းဆီးခေါ်ဆောင်ကြတဲ့အခါ မိခင်မြေကျသည်အထိ ထားပေးဖို့ ပုလိပ်တွေကို ဟစ်ကြွေးငိုယိုပြီး ရှိခိုးမတတ်တောင်းပန်နေရှာတဲ့ အေးပုံ … မြေချခါနီးအမေ့မျက်နှာကို အဖေတွေ့မသွားရရှာလို့ ရင်ကွဲမိတဲ့ အေးပုံ … အမေဖြစ်သူကို မြေချလိုက်တဲ့ကျင်းက တိမ်သွားပြီး ခွေးတွေဖော်စားနေတာကြားသိရတဲ့အခါ အသေမလှခဲ့တဲ့ အမေ့အတွက် ရင်ထုမနာ ယူကြုံးမရဖြစ်ကာ မျက်ရည်တွေစီးကျလာတဲ့ အေးပုံ …. အမေကလည်း ဆုံး ၊ အဖေကလည်း အချုပ်အနှောင်ထဲမှာဆိုတော့ ညပေါင်းများစွာကို အထီးကျန်စွာ အားတင်းဖြတ်ကျော်ခဲ့ရတဲ့ အေးပုံ … အဖေပြန်လွတ်လာတဲ့အခါ “ ကျုပ်ကို ထားပြီး ထပ်ထွက်မသွားပါနဲ့တော့ အဖေကြီးရယ် ဒီတစ်ခါဆို ကျုပ်သေလိမ့်တော့ “ လို့ ဖခင်ဖြစ်သူကို အားပါပါနဲ့ဖက်ကာ ရှိုက်ကြီးတငင်ငိုမိပြန်တဲ့ အေးပုံ …. အဖေဖြစ်သူက အဝတ်အစားအသစ်ဝယ်ဖို့အတွက် ငွေလေးတချို့ပေးလာတဲ့အခါ “ မိန်းမတယောက်လုံးသေတာတောင် အနားမှာမရှိရတဲ့ ဘဝ ၊ဒီအလုပ်ကြောင့်ထောင်ကျခဲ့တာကို ဒီအလုပ်ဆီ ပြန်သွားမလို့လား သမီးရှာကျွေးမယ် “ ဟု သူရင်းငှါးအလုပ်ကို ပြန်မလုပ်စေချင်လို့ ငိုယိုပြောနေခဲ့တဲ့ အေးပုံ … သမီးအလိမ္မာလေး အေးပုံတစ်ယောက် တနယ်သားသူရင်းငှါး မြင့်သူအပေါ် စိတ်ကစား ၊ အမြဲလိုလို မြင့်သူက မိမိအတွေးထဲ ဝင်လာမိ ၊ စိတ်ထဲဘွားကနဲပေါ်ပေါ်လာကာ တစ်ယောက်တည်းပြုံးနေမိတဲ့အတွက် သက်ပြင်းတွေအကြိမ်ကြိမ်ချလို့ မိမိကိုယ်မိမိ ဆန်းစစ်နေမိတဲ့ အေးပုံ … ရွာက ဆေးဆရာကြီးရဲ့ စမ်းသပ်စစ်ဆေးချက်အရ အေးပုံမှာ ကိုယ်ဝန်ရှိနေတယ်လို့ ပြောလာတဲ့အခါ ဘာမှလည်းမဖြစ်ခဲ့သလို ရည်းစားလည်းမရှိကြောင်း ငိုယိုပြောပြနေတဲ့ အေးပုံ .. မိမိရဲ့မိဘအရင်းတွေကတောင် မိမိကို သုံးနှစ်သမီးကတည်းက မွေးစားခဲ့တဲ့ အဖေဖြစ်သူ ကိုသာစိန်ကို ကိုယ်ဝန်ရဲ့လက်သည်တရားခံဖြစ်ကြောင်း စော်ကားပြောဆိုနေတာ မြင်ရတဲ့အခါ ရင်နာနာနဲ့ ငိုနေမိတဲ့ အေးပုံ … မိမိရဲ့ခွန်းဟမှုများကို စိုးစဉ်းမျှယုံကြည်မှုမရှိဘဲ လျစ်လျူရှုကာ သူတို့ထင်ရာမြင်ရာတွေကိုသာ လျှောက်ပြောစွပ်စွဲနေကြသော မိဘအရင်းများနဲ့ ပတ်ဝန်းကျင်ကနေ ဝေးရာဆီ ထွက်ပြေးသွားလိုက်ချင်တော့သည့် အေးပုံ … လောကဓံအထုအထောင်းတွေအောက်ကနေ လဲရာက ပြန်ထခဲ့ပေမယ့် ဘဝအတွက် ၊ အချစ်အတွက် မျှော်လင့်ချက်ရောင်ခြည်ပျပျကို မြင်နေခါမှ ဒူးထောက်လျက် လဲခဲ့ရရှာတဲ့ အေးပုံ …. "အေးပုံ”ဆိုတဲ့ ဇာတ်ကောင်ဟာ ပရိသတ်ကို ဂရုဏာရသနဲ့ မျက်ရည်ချူရမယ့် အသက်ငယ်ငယ်ဇာတ်ကောင်ဖြစ်နေပြီး သရုပ်ဆောင်မယ့်သူကလည်း တကယ်လုပ်နိုင်မယ့်သူဖြစ်ဖို့ လိုအပ်ပါတယ်။ လုပ်နိုင်ရုံမျှနဲ့လည်း မပြီးသေးဘဲ လက်ရှိရုပ်ရှင် အနေအထားအရ ရုံဝင်ပြီး အောင်မြင်ဖို့ အတွက်တန်းမြင့်သရုပ်ဆောင်ဖြစ်မှလည်း ရမှာပါ။ Admin အနေဖြင့် ထို ဇာတ်ကောင်နဲ့ လိုက်ဖက် သော ဖြစ်လာနိုင်မယ်လို့ မျှော်လင့်မိသော မင်းသမီး (၅)ဦးကတော့ (၁) ခင်ဝင့်ဝါ (၂) မေမြင့်မိုရ် (၃) သံသာညီ (၄) ဝေလာရီ (၅) ပိုးမမှီသာ တို့ပဲ ဖြစ်ပါတယ်။ သူတို့ (၅) ဦး စလုံးရဲ့ အသက်အရွယ်၊ သရုပ်ဆောင်ချက်များဟာ Character လိုက်ဖက်အောင် လုပ်နိုင်မယ်ထင်ရတဲ့ သရုပ်ဆောင်တွေ ဖြစ်တာကြောင့် ဘယ်သူပဲ ဖြစ်ဖြစ် သေချာပေါက် လုပ်နိုင်မယ်လို့မြင်ပါတယ်။ ဘဝဇာတ်နာလွန်းတဲ့မိန်းကလေး "အေးပုံ" ဇာတ်ကောင်ဟာ အထက်မင်းသမီးတွေထဲက မဟုတ်တဲ့သူလည်း ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ ထို(၅) ဦးဟာ Admin အနေနဲ့ အဖြစ်စေချင်မိဆုံး သူတွေကိုရွေးထုတ်ထားတာပဲ ဖြစ်ပါတယ်။ အမြင်မတူရင် ကျော်သွားနိုင်ပြီး မိမိအားပေးတဲ့ သူကို လွတ်လပ်စွာ အားပေးရေးသားနိုင်ပေမယ့် အခြားသူကို ပုတ်ခတ်‌တာမျိုးတော့ ရှောင်ကြဥ်ပေးစေလိုပါတယ်

MYO HTIKE
MYO HTIKE
Open In TikTok:
Region: MY
Monday 11 August 2025 03:10:15 GMT
467460
18460
743
98

Music

Download

Comments

hlaingbwaraung2003
Hʟᴀɪɴɢ Bᴡᴀʀ Aᴜɴɢ ♌Leo♌ :
ငါတော့ မေမီကိုကို ကို ပိုကြိုက်တယ် မကြိုက်ဖူးပြောမဲ့သူတွေ သူ့ရဲ့ ဇာတ်အနာဆုံးနဲ့ အငိုရဆုံး ဖြစ်ခဲ့တဲ့ မကြေးစည် ဇာတ်လမ်းတွဲကို ကြည့်ကြည့်ကြပါ သူနဲ့ပဲ လိုက်တယ်လို့ မြင်မိတယ်
2025-08-11 05:26:36
132
chitsukyawmin
Chitsu 🤍 KFC :
ဘယ်သူမှမကြိုက်ဘူး အေးမြတ်သူထည့်လိုက်🤭🤭🤭
2025-08-11 09:53:16
13
chaeko255993
Chae Ko :
နေမျိုးအောင် နဲ့ ခင်ဝင့်ဝါ နေမျိုးအောင် နဲ့ မေမြင့်မိုရ်
2025-08-11 08:59:42
18
wai2yan7
အညာစံ🤎 :
အဖေက လူမင်း သမီးက ခင်ဝင့်ဝါ ပ်ုလိုက်ဖက်တယ် ဇာတ်ရုပ်❤️❤️
2025-08-11 11:50:59
14
sanyeepwint7
Daw Yupar Offical Account :
သံသာညီလေးလို့ မြင်တယ် သေးသေးကွေးကွေး ကလေးရုပ်လေးရယ် ကျန်တဲ့လေးယောက်က တောင့်တောင့်တင်းတင်းကြီးတွေ
2025-08-11 15:18:44
19
htarhtarnwe676
htarhtarnwe676 :
သံသာညီကလိုက်ဖက်ဆုံးလို့ပဲမြင်တယ်စာဖတ်နေတာတောင်သံသာညီကိုမြင်နေမိတယ်☺️
2025-08-11 09:34:50
21
phoophoo8349
🍀Phoo Pwint Wai 🍀 :
ငါတော့ သံသာညီလေးကိုလည်းအခွင့်ရေးရစေချင်တယ် သူလည်းသရုပ်ဆောင်တော်တယ် 🥰
2025-08-11 12:01:20
16
khin.thu.aung70
🌼ခင်🌹 :
ဇာတ်အရဆို အရပ်မြင့်မြင့် အသားညိုညို တောအလုပ်ကြမ်းလည်းလုပ်ရမဲ့ဇာတ်ဆိုတော့ ဝေလာရီနဲ့သင့်တော်တယ် ဝေလာရီကမာတယ် သူလုပ်နိင်မယ်လို့ ထင်တယ်
2025-08-11 10:19:06
54
nway4255
Daw Nway♉🎶 :
ဝေလာရီ ကိုသုံးစေချင်တယ် ငါတော့ တောင့်တောင့်ဖြောင့်ဖြောင့် ခပ်ကြမ်းကြမ်းနဲ့ လောကဓံကို ဘာလာလာဒေါင်းမယ်ဆိုတဲ့ ဆိုက် မိတယ်
2025-08-11 09:36:31
24
nwayuma1999
NwayU 43 :
မေမြင့်မိုရ်
2025-08-11 10:44:38
10
ko.zaw08800
Zaw 08800 :
သံသာညီနဲ့ပိုသင့်တော်ပါတယ် နေရာတစ်နေရာပေးသင့်ပါတယ်
2025-08-12 08:37:29
9
xx56566
Ľilý🍁 :
မေမြင့်မိုရ်နက်ပိုလိုက်တယ်
2025-08-14 15:38:06
8
wa.toke665
Wa Toke :
မေမြင့်မိုရ်နဲ့အလိုက်ဖက်ဆုံးပါ
2025-08-13 21:30:00
6
minhtetsharr45
𝑹𝒊𝒂𝒏 𝑯𝒕𝒆𝒕🍒🍒 :
သံသာညီနဲ့ဆို ပိုပြီးကွက်တိပဲ
2025-08-12 16:18:43
6
chit.hsu.wai74
Chit Su Wai :
မေမြင့်မိုရ်
2025-08-15 08:53:40
8
tinnweoo03
Tin Nwe Oo :
မေမြင့်မိုရ် ဝေလာရီ ဘာလာလာနိုင်မှာ သေခြာသူတို့ကျရာဇာတ်ကောင်ပေါ် ကြည့်ကောင်း 😘😘
2025-08-14 09:32:19
6
zinkolatt430
zin ko Latt သံပန်း&စတီး :
မေမြင့်မိုရ်ပါ လူမင်း နဲ့ မေမြင့်မိုရ်ပါ
2025-08-11 10:47:18
6
xx56566
Ľilý🍁 :
မေမြင့်မိုရ်
2025-08-14 15:25:29
7
sangyi43
San Gyi :
ခင်၀င့်ဝါ
2025-08-11 07:48:20
7
user735770957
အညတရ..ကောင်စုတ်လေး :
ခင်ဝင့်ဝါ..ဦးနေမျိုးအောင်နဲဆို မြန်မာဆန်ဆန်တဘာဝကြပြိး ဇာတ်ရှိန်ကောင်းကောင်း စာရေးဆရာကအရေးကောင်းပုံလိုက်ဖတ်ပါတယ် ဗျ......မှတ်ချက်
2025-08-11 09:56:40
10
nnnn565782
Thaw Sit Naing :
သံသာညီ
2025-08-11 08:46:40
6
mczawgyi87
Žäw😘 żãw😍 Ĥ£ăïńĝ🤗 :
ဝေလာရီဆိုတဲ့အမျိုးသမီးလေးခုဇာတ်လေးအလိုက်ဖက်ဆုံးလို့မြင်မိပါတယ် ကိုနေမျိုးနဲ့ဝေလာရဲ့သဘာဝကြကြပူဆွေးဝမ်းနည်းမှုတွေနဲ့အချစ်တွေကိုပရိတ်သက်ရဲ့ရင်ထဲအထိဝင်ရောက်နိုင်ပါလိမ့်မယ်ဗျာ
2025-08-11 04:57:07
10
nangthiri823
nangthiriအိမ်ခြံမြေအကျိုးဆောင် :
နေမျိုးအောင်သံသာညီ
2025-08-12 04:02:27
5
mgye735
Mg Ye 😁✌️ :
သူလေးလည်း မဆိုးဘူး မေမိကိုကို့ ကိုတော့ပို ကြိုက်တယ်
2025-08-11 04:39:58
13
khunkhun72
ကိုကျော် :
မေမြင့်မိုရ်
2025-08-11 07:35:19
20
To see more videos from user @myohtike34, please go to the Tikwm homepage.

Other Videos


About