@hlaingminnlatt: Budget မတွက်ခင် ကြိုကြည့်ထားသင့်သော Notes& Formulas များ ——————————— Functional Budget (လုပ်ငန်းဘတ်ဂျက်) ++++++++++++++++++++++++++++++++ Functional Budget ဆိုတာက ကုမ္ပဏီတစ်ခုရဲ့ လုပ်ငန်းဌာနအသီးသီးက လုပ်ငန်းရည်မှန်းချက်တွေအပေါ် အခြေခံပြီး ရေးဆွဲတဲ့ အသေးစိတ်ဘတ်ဂျက်တွေ ဖြစ်ပါတယ်။ လုပ်ငန်းရဲ့ဘတ်ဂျက်ကြီး (Master Budget) ကို မရေးဆွဲခင်မှာ ဒီဘတ်ဂျက်တွေကို အရင်ဆုံး ပြုစုရပါတယ်။ လုပ်ငန်းအလိုက် အများဆုံးရေးဆွဲလေ့ရှိတဲ့ Functional Budget တွေကတော့- - Sales Budget (ကုန်ရောင်းဘတ်ဂျက်) Sales Volume in units x Selling Price per unit = Sales Revenue - Production Budget (ထုတ်လုပ်မှု ဘတ်ဂျက်) Budgeted Sales Units + Closing Inventory Units - Opening Inventory Units = Production Units - Production Cost Budget (ထုတ်လုပ်မှုစရိတ် ဘတ်ဂျက်) Direct Material Cost + Direct Labour Cost + Production Overhead Cost = Production Costs - Raw Material Usage Budget (ကုန်ကြမ်းအသုံးပြုမှု ဘတ်ဂျက်) Production Units x Raw Material per unit = Raw Material required for Production - Purchase Budget (ကုန်ဝယ်ဘတ်ဂျက်) Raw Material required for Production + Closing Stock - Opening Stock = Purchases - Labour Budget (လုပ်သားခဘတ်ဂျက်) (Total Labour Hours = Production Units x Labour Hours per unit ) Production Units x Labour Hours per unit x Labour Rate per hour = Total Labour Costs - Production Overhead Budget (ထုတ်လုပ်မှုဝန်ဆောင်ခ ဘတ်ဂျက်) - Selling and Distribution Cost Budget (ရောင်းချဖြန့်ဖြူးမှုစရိတ် ဘတ်ဂျက်) - Administration Cost Budget (စီမံခန့်ခွဲမှုစရိတ် ဘတ်ဂျက်) - Capital Expenditure Budget (မတည်ရင်းနှီးမှု ဘတ်ဂျက်) - Cash Budget (ငွေသား ဘတ်ဂျက်) - Master Budget (ဘတ်ဂျက်ကြီး) Master Budget ဆိုတာက အထက်မှာဖော်ပြခဲ့တဲ့ အသေးစိတ် Functional Budget တွေအားလုံးကို စုပေါင်းပြီး အကျဉ်းချုပ်ရေးဆွဲထားတဲ့ ဘတ်ဂျက်တစ်ခု ဖြစ်ပါတယ်။ - Master Budget မှာ အဓိကအားဖြင့် အပိုင်း (၂) ပိုင်း ပါဝင်ပါတယ်။ Operating Budget နဲ့ Financial Budget - Operating Budget (လုပ်ငန်းဆောင်တာဘတ်ဂျက်) ဒီဘတ်ဂျက်မှာ Sales, Production, Cost စတာတွေ ပါဝင်ပြီး နောက်ဆုံးမှာ Budgeted Profit & Loss Statement ကို ရေးဆွဲနိုင်ပါတယ်။ - Financial Budget (ဘဏ္ဍာရေးဘတ်ဂျက်) ဒီဘတ်ဂျက်မှာ Budgeted Cash Flow Statement နဲ့ Budgeted Statement of Financial Position (Balance Sheet) တို့ကို ပြုစုရပါတယ်။ ဘတ်ဂျက်ရေးဆွဲခြင်း၏ အရေးပါမှု * Master Budget ကို ဘတ်ဂျက်အရာရှိ (Budget Officer) ကနေစတင်ပြီး ဘုတ်အဖွဲ့ (BOD) အထိ အဆင့်ဆင့်တင်ပြရတာဖြစ်လို့ တစ်ကြိမ်တည်းနဲ့ အတည်ပြုဖို့ ခက်ခဲပါတယ်။ ဘတ်ဂျက်ရေးဆွဲခြင်းဟာ လုပ်ငန်းအတွက် - မဟာဗျူဟာ (Strategy) ချမှတ်ဖို့၊ - လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ဖို့ (Control) နဲ့ - မှန်ကန်တဲ့ ဆုံးဖြတ်ချက်များ (Decision Making) ချမှတ်နိုင်ဖို့အတွက် အရေးပါတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ ဒီပုံစံနဲ့ဆိုရင် Functional Budget နဲ့ Master Budget ရဲ့ ဆက်စပ်မှုကို ပိုပြီး မြင်သာမယ်လို့ ထင်ပါတယ်။ #Hlaing_Minn_Latt __________________________________ ACCA+ LCCI တန်းခွဲသစ်များ စဖို့ ရှိပါတယ်။📣📣 Foundation Level 1&2 - တစ်ပတ် တစ်ရက်တက် Sunday Only - တစ်ပတ် ၄ ရက်တက် Monday to Friday Foundation Level 3 - တစ်ပတ် တစ်ရက်တက် Sunday Only - တစ်ပတ် ၅ ရက်တက် Monday to Friday ACCA Part -1 - တစ်ပတ် တစ်ရက်တက် Sunday Only - တစ်ပတ် ၃ ရက်တက် Monday to Friday ++++++++++++++++++++++++ သင်တန်းအကြောင်း အသေးစိတ် အချက်အလက်များသိရှိလိုပါက Page cb (သို့) သင်တန်းဖုန်း 095109922သို့ စုံစမ်းမေးမြန်းနိုင်ပါတယ်။ လိပ်စာကတော့ ☎️☎️☎️☎️☎️☎️ အမှတ် ၃၄၊ ၄ လွှာ၊ အင်းစိန်လမ်းမ၊ လှည်းတန်းမှတ်တိုင်အနီး ကမာရွတ်မြို့နယ်၊ ရန်ကုန်။ Ph : 095109922 #သတိ #မူရင်းပို့စ်ကို Share နိုင်ပါသည်။ #Copy ကူးယူပြီး တင်ခြင်း ခွင့်မပြုပါ။ #Page ကို Favorites, Like & Sharing လုပ်ထားနိုင်ပါတယ်။ ဘာသာပြန်ထားတာ မဟုတ်ပါ။ သင်တန်းသား/သူများအတွက် နားလည်လွယ်စေဖို့သာရည်ရွယ်ပါသည်။

Hlaing Minn Latt - ACCA & LCCI
Hlaing Minn Latt - ACCA & LCCI
Open In TikTok:
Region: FR
Tuesday 26 August 2025 12:43:29 GMT
857
49
1
4

Music

Download

Comments

htetmintun402
htetmintun402 :
🥰🥰🥰
2025-08-26 15:29:27
0
To see more videos from user @hlaingminnlatt, please go to the Tikwm homepage.

Other Videos


About