@wellnovastore: Protect your feet and improve circulation with every step. 👟 #FootSupport#HealthyFeet#CirculationBoost#WellnessTips#PainRelief

Well Nova
Well Nova
Open In TikTok:
Region: US
Friday 05 September 2025 01:00:00 GMT
869
4
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @wellnovastore, please go to the Tikwm homepage.

Other Videos

အိမ်ရှင်တော်တော်များများ စိုးရိမ်လေ့ရှိတဲ့ မေးခွန်းလေးတွေ ရှိပါတယ်။ ​မေးခွန်း (၁)။ ။ အိမ်ရှင်အနေဖြင့် အိမ်ငှားတစ်ဦးအား ၃ လ၊ ၆ လ၊ ၁ နှစ် စသည်ဖြင့် အငှားစာချုပ်ဖြင့် ၇ နှစ်ဆက်တိုက် ငှားရမ်းထားမိပါက ဥပဒေအရ ဖယ်ခိုင်း၍မရတော့ခြင်း၊ ဆင်းခိုင်း၍မရတော့ခြင်း စသည့် ဥပဒေအရ တရားနည်းလမ်းဖြင့် အကြပ်ကိုင် ခံရနိုင်ပါသလား? ​မေးခွန်း (၂)။ ။ သို့မဟုတ် ဘယ်နှစ်နှစ်ဆက်တိုက် အိမ်ငှားတစ်ဦးတည်းအား အငှားစာချုပ်ဖြင့် ငှားရမ်းထားမိပါက အထက်ပါ ပြဿနာမျိုး ဥပဒေအရ အကြပ်ကိုင်ခံရနိုင်ပါသလဲ? ​မေးခွန်း (၃)။ ။ ထိုသို့ ပြဿနာများ မဖြစ်ပေါ်စေရန် အိမ်ရှင်အနေဖြင့် မည်သို့သော အကာအကွယ်ကို ဥပဒေကြောင်းအရ ပြုထားသင့်ပါသလဲ? ​💡 အဖြေကတော့... ​အရပ်စကားအရ
အိမ်ရှင်တော်တော်များများ စိုးရိမ်လေ့ရှိတဲ့ မေးခွန်းလေးတွေ ရှိပါတယ်။ ​မေးခွန်း (၁)။ ။ အိမ်ရှင်အနေဖြင့် အိမ်ငှားတစ်ဦးအား ၃ လ၊ ၆ လ၊ ၁ နှစ် စသည်ဖြင့် အငှားစာချုပ်ဖြင့် ၇ နှစ်ဆက်တိုက် ငှားရမ်းထားမိပါက ဥပဒေအရ ဖယ်ခိုင်း၍မရတော့ခြင်း၊ ဆင်းခိုင်း၍မရတော့ခြင်း စသည့် ဥပဒေအရ တရားနည်းလမ်းဖြင့် အကြပ်ကိုင် ခံရနိုင်ပါသလား? ​မေးခွန်း (၂)။ ။ သို့မဟုတ် ဘယ်နှစ်နှစ်ဆက်တိုက် အိမ်ငှားတစ်ဦးတည်းအား အငှားစာချုပ်ဖြင့် ငှားရမ်းထားမိပါက အထက်ပါ ပြဿနာမျိုး ဥပဒေအရ အကြပ်ကိုင်ခံရနိုင်ပါသလဲ? ​မေးခွန်း (၃)။ ။ ထိုသို့ ပြဿနာများ မဖြစ်ပေါ်စေရန် အိမ်ရှင်အနေဖြင့် မည်သို့သော အကာအကွယ်ကို ဥပဒေကြောင်းအရ ပြုထားသင့်ပါသလဲ? ​💡 အဖြေကတော့... ​အရပ်စကားအရ "အိမ်ငှားထားရင် ကိုယ့်အိမ်မှာ နှစ်ရှည်အငှားမထားနဲ့၊ နှင်လို့မရ ဖြစ်သွားမှာ စိုးရိမ်ရတယ်။ တချို့က နှစ်ကြာသွားရင် အိမ်ပိုင်သွားတယ်..." ဆိုပြီး စိတ်ပူတတ်ကြပါတယ်။ ​ဒါဟာ လုံးဝ မဟုတ်ပါဘူး။ အိမ်ပိုင်ရှင်ရဲ့ ခွင့်ပြုချက်နဲ့ ထားတဲ့သူက ဘယ်နှစ်နှစ်ပဲကြာကြာ၊ ခွင့်ပြုချက်နဲ့ ထားထားတဲ့ အိမ်ငှားက အိမ်ငှားပါပဲ။ အိမ်ပိုင်ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ ငှားထားတဲ့သူလည်း ဒီလိုပဲ အိမ်ငှားဆိုရင်လည်း သူ့ကိုငှားထားတယ်။ ဘယ်နှစ်နှစ်ငှားငှား၊ ဆယ်နှစ်ငှားငှား၊ အနှစ်နှစ်ဆယ်ငှားငှား အိမ်ငှားက အိမ်ပိုင်ရှင် ဖြစ်မလာနိုင်ပါဘူး။ ​⚠️ ဒါပေမဲ့ သတိပြုရမည့် "ကာလစည်းကမ်းသတ်ဥပဒေ" ​အိမ်ပိုင်ရှင် ဖြစ်မသွားပေမဲ့ အမှားအယွင်းလေးတစ်ခု ဖြစ်သွားရင် စိုးရိမ်စရာ တစ်ခုတော့ ရှိပါတယ်။ ​ဥပမာ - ခွင့်ပြုချက်နဲ့ ထားတယ်။ အဲဒီခွင့်ပြုချက်နဲ့ ထားတဲ့သူကို ဖယ်ချင်ပြီဆိုရင် "ဦးလေးရေ ဖယ်ပေးပါ" လို့ ပြောလိုက်လို့ အေးဆေးဖယ်ပေးရင် ပြဿနာမရှိပါဘူး။ အကယ်၍ မဖယ်ပေးဘူးဆိုရင် နို့တစ်စာ (Notice) ထုတ်ရပါတယ်။ ​နို့တစ်စာ ထုတ်တယ်ဆိုတာ - ခွင့်ပြုချက်နဲ့ နေထိုင်ခွင့်ပြုထားတာကို ရပ်စဲလိုက်ပါပြီလို့ ဆိုလိုတာပါ။ ​အဲဒီလို ခွင့်ပြုချက်ကို ရပ်စဲပြီးမှသာ တရားစွဲလို့ ရတာပါ။ ခွင့်ပြုချက်ကို မရပ်သိမ်းဘဲ၊ နို့တစ်စာမပေးဘဲ တရားစွဲဆိုလို့ မရပါဘူး။ ​တချို့က ခွင့်ပြုချက်ကို ရပ်သိမ်းလိုက်တယ်၊ ရပ်သိမ်းလိုက်ပြီးတဲ့ အခါကျတော့ အမှုစွဲတဲ့အချိန်ကျမှ မစွဲဖြစ်ဘဲ ဖြစ်သွားတတ်ပါတယ်။ အဲဒီလို မစွဲဖြစ်ဘဲ ဖြစ်သွားရင် ကာလစည်းကမ်းသတ် ဥပဒေ ဆိုတာ ရှိပါသေးတယ်။ ဘယ်အချိန်မှာ အမှုက စွဲရမယ်၊ မစွဲလို့ရှိရင် အခွင့်အရေးက ဆုံးရှုံးတယ် စသဖြင့် ကာလစည်းကမ်းသတ်ဥပဒေကိုတော့ လူတိုင်း သိသင့်ပါတယ်။ ​📌 ခွင့်ပြုချက်နဲ့ ထားတာကို ရပ်စဲလိုက်ပြီး အိမ်ငှားက မဆင်းပေးဘူးဆိုရင် "၆ နှစ်အတွင်း" တရားစွဲလို့ ရပါတယ်။ ​၆ နှစ်ကျော်သွားပြီးဆိုရင်တော့ ခွင့်ပြုချက်နဲ့ ထားတဲ့သူကို နှင်လို့မရတော့ပါဘူး။ တရားစွဲလို့ မရတော့ပါဘူး။ ဒါက အိမ်ရှင်တွေ လုံးဝ သတိထားရမယ့် အချက်ပါ။ ​📝 နောက်တစ်နည်း (အိမ်ငှားစာချုပ် ကုန်ဆုံးခြင်း) ​အိမ်ငှားစာချုပ်ထဲမှာ ချုပ်ဆိုထားတဲ့အတိုင်း ငှားရမ်းခြင်းမပြည့်မီ (၁) လ ကြိုတင် အကြောင်းကြားပေးရပါမယ်။ ဒါက ဥပဒေနှင့်အညီ အိမ်ငှားကို နေအိမ်မှ ဖယ်ရှားခိုင်းခြင်း ဖြစ်ပါတယ်။ ​နို့တစ်စာထုတ်သည်ဖြစ်စေ၊ အကြောင်းကြားသည်ဖြစ်စေ ပိုင်ရှင်မှ ငှားရမ်းခဖြတ်တောက်ပြီး ကြည်ကြည်ဖြူဖြူ မဆင်းပေးရင် တရားစွဲရပါမယ်။ အဲဒီလို တရားမစွဲဘဲ နေပါစေဦး နောက်မှပြောမရတဲ့အဆုံးမှ တရားစွဲတဲ့အခါ အချိန်လွန်သွားမှဆိုရင် အမှုရှုံးနိုင်ကြောင်း ကာလစည်းကမ်းသတ်ဥပဒေမှာ ဖော်ပြထားပါတယ်။ ​📌 ငှားရမ်းမှု ဖြတ်တောက်ပြီး "၁ နှစ် သို့မဟုတ် ၂ နှစ်အတွင်း" ပိုင်ရှင်က တရားစွဲရတာပါ။ (၁ သို့မဟုတ် ၂ နှစ်အတွင်းမှ မစွဲရင် အဲဒီအိမ်ငှားကို နောက်ပိုင်း တရားစွဲပြီး နှင်ထုတ်ဖို့ ခက်ခဲသွားပါလိမ့်မယ်။) ​🚨 အိမ်ရှင်များအတွက် အရေးကြီး သတိပြုရန် ​ဥပမာ မစွဲဖြစ်ဘူး ဆိုပါတော့။ နို့တစ်စာထုတ်လိုက်တယ်၊ တရားမစွဲဖြစ်ဘူးဆိုရင် အဲဒီထုတ်ထားတဲ့ နို့တစ်စာကို ပြန်ရုပ်သိမ်းလိုက်လို့ ရပါတယ်။ တရားဝင် ပြန်ရုပ်သိမ်းထားရတာပါနော်။ ဒါဆိုရင် ကာလစည်းကမ်းသတ်နဲ့ အကျိုးမဝင်တော့ပါဘူး။ ​သို့သော် အဲဒီလိုရုပ်သိမ်းရာမှာ ပျက်ကွက်သွားရင်တော့ ဒီကာလစည်းကမ်းသတ်ဥပဒေနဲ့ အကျိုးဝင်သွားလို့ ခွင့်ပြုချက်နဲ့ ထားတဲ့သူဆိုရင် ၆ နှစ်အတွင်း တရားစွဲရမယ်၊ မစွဲရင် နောက်ထပ်စွဲလို့ မရတော့ပါဘူး။ နှင်လို့ မရတော့ပါဘူး။ ​အိမ်ငှားဆိုလည်း ဒီလိုပါပဲ - နို့တစ်စာ ပေးပြီးပြီဆိုရင် ၁ နှစ် သို့မဟုတ် ၂ နှစ်အတွင်း တရားစွဲရင် စွဲ၊ နို့တစ်ပေးပြီး ဖြတ်တောက်ပြီးပြီဆိုရင် တရားစွဲရင်စွဲ၊ မစွဲဖြစ်ရင်လည်း ပြန်ရုပ်သိမ်းပါ။ မရုပ်သိမ်းဘဲ ထားရင်တော့ ၁ နှစ် သို့မဟုတ် ၂ နှစ် ကျော်ရင် တရားစွဲနှင်လို့ မရတော့ပါဘူး။ (နှင်လို့မရဘူးလို့ ပြောတာနော်၊ အိမ်ပိုင်သွားတာတော့ မဟုတ်ပါဘူး။) ​💡 အကြံပြုချက် ​နှစ်ရှည်ငှားတဲ့သူများအတွက် သတိပြုစေလိုပါတယ်။ အကယ်၍ နှစ်ရှည်ငှားမယ်ဆိုရင် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ Register (မှတ်ပုံတင်) တင်ထားပြီး မှ ငှားရင်တော့ ပိုစိတ်ချရပါမယ်။ ​📚 Crd_to_owner_with_respect #အိမ်ရှင်အိမ်ငှား #အိမ်ခြံမြေအကျိုးဆောင် #lawyer #tiktok #fypシ

About