@no.91220: "အမေစုလွန်သွားချိန်မှာ ဘယ်သူတွေ ဘာလုပ်မလဲ၊ အချိန်ရှိပါသေးတယ်" မြေမဟီကို ဇစ်ဆွဲဖွင့်တဲ့အခါ အမေဟာ ပြုံးပြုံးလေးပါပဲ ကောင်းကင်ကို သော့နဲ့ဖွင့်ပြန်တော့ မေတ္တာဟာ အေးမြနိုင်လွန်းပါတယ် အမေရယ် တုနှိုင်းမဲ့ မေတ္တာရှင်ကြီးရယ် တစ်ခုမှမလုပ်ပေးနိုင်ခဲ့တဲ့ တစ်ခုတည်းသော လုပ်နိုင်ခြင်းက သတိရခြင်းပါအမေ။ ဆိုပါစို့ ။ အမေစုသာ တိမ်းပါးသွားခဲ့မယ်ဆိုရင် ချောင်ထဲကထလာတဲ့ ကဗျာဆရာတွေက ဒီလိုကဗျာတွေရေးပြီး အမေ့ကို ဂုဏ်ပြုကြလိမ့်မယ်။ မောင်ချောနွယ်အမှတ်တရ၊ လှသန်းအမှတ်တရ အောင့်မေ့ဖွယ်အခမ်းအနားတွေမှာ အရက်တွေမူးပြီး အမေ့ကိုသတိရတဲ့ ကဗျာတွေ ရွတ်ကြလိမ့်မယ်။ အရက်မူးမူးနဲ့ အမေ့ကို သတိတရ ဝမ်းနည်းပူဆွေးနေကြလိမ့်မယ်။ ကဗျာဆရာသမဂ္ဂက မြို့တော်ခန်းမရှေ့မှာ အမေကဗျာတွေ ရွတ်ကြလိမ့်မယ် ။ နှစ်စဉ်နှစ်တိုင်း ရွတ်ကြလိမ့်မယ် ။ " အို မာတာမိခင် ...။ ချစ်လို့မဝနိုင်သေးတဲ့ တို့မေမေရေ...။ ကံတရားကိုပဲ အပြစ်ပုံရမလား ။ အမေ့ရဲ့ သံသရာခရီးလမ်းကြောင့်လားလို့ ၊ အတွေးမဆုံးခင်မှာပဲ ဝေးကွာခဲ့ရတဲ့ ချစ်မေမေရေ ....။ " ဆိုသလိုမျိုး ဇာတ်မင်းသားလေးတွေက ဇာတ်ကနေရင်း သူတို့အမေကိုပြောသလိုလို ၊ ဇာတ်လမ်းအရလိုလို ၊ အမေစုကိုပဲ သွယ်ဝိုက်ပြောသလိုလိုနဲ့ ဇာတ်ကနေရင်း ပြောကြလိမ့်မယ်။ အောက်ကပရိတ်သတ်တွေက အမေစုကိုပြောတယ်ထင်ပြီး လက်ခုပ်လက်ဝါးတွေ အားရပါးရ တီးကြလိမ့်မယ် ။ ငွေစက္ကူတွေ အထပ်လိုက် ဆုချကြလိမ့်မယ် ၊ သတ္တိရှိတဲ့ ဇာတ်မင်းသားလေးဆိုပြီး။ " အာဏာသိမ်းထားချိန်တုန်းက ရုပ်ရှင်ရိုက်ခဲ့တာက အမေစုလွတ်မြောက်ဖို့ လှုပ်ရှားနေတဲ့ အဖွဲ့တွေကို တိုးတိုးတိတ်တိတ် အကူအညီပေးဖို့ ရုပ်ရှင်ရိုက်ခဲ့ရတာပါ " ဆိုပြီး ရုပ်ရှင်သရုပ်ဆောင်အချို့က ရွှီး ရွှမ်းကြလိမ့်မယ်။ " ဒေါ်အောင်ဆန်းစုကြည်က ပေါက်စီတစ်လုံးကို တစ်ခြမ်းစားပြီး ၊ ကျန်တာလေးကို စက္ကူလေးနဲ့ပတ်ပြီး ရေခဲသေတ္တာထဲမှာ ပြန်ထည့်တာဗျ ။ အဲ့ဒီလို ခေါင်းဆောင်နော် " ဆိုပြီး အာဏာသိမ်းကာလမှာ အိပ်ပျော်နေတဲ့ စာရေးဆရာ၊ ဆရာမတချို့က စာပေဟောပြောပွဲတွေမှာ လက်ခုပ်သံတွေ ချူကြလိမ့်မယ်။ " စီဒီအမ်မလုပ်ပေမဲ့ အမေစုကိုတော့ ကျွန်မက အမေရင်းလို ရင်ထဲက လေးစားပြီးသားပါ။ အခုလို အမေစု နှစ်ပတ်လည်နေ့မှာ ကျွန်မ မျက်ရည်ကျမိပါတယ် ။ အမေစုသာ ရှိနေဉီးမယ်ဆိုရင် လက်နှစ်ဖျာမိုးပြီး ရှိခိုးဉီးချမိမှာပါရှင် " ဆိုပြီး နန်းစီဒီအမ်အချို့က အလုပ်မပြုတ်အောင် လိမ်လည်ကြလိမ့်မယ်။ " ကျွန်တော့်သူငယ်ချင်းအရင်းက PDF ထဲ ရောက်သွားတယ်။ ကျွန်တော်လိုက်ဖို့ပြင်တော့ အဖေသိသွားပြီး နှလုံးရောဂါထလာတယ်။ အဲ့ဒါနဲ့ ကျွန်တော် မလိုက်ဖြစ်ခဲ့ဘူး။ တိုက်ပွဲမှာ ကျွန်တော့်သူငယ်ချင်း ကျသွားတယ်လို့ အွန်လိုင်းပေါ်မှာ တွေ့ရတဲ့နေ့က ကျွန်တော် ချုံးပွဲချ ငိုတော့တာပါဗျာ။ ဘဝမှာ အဲ့ဒီလို တစ်ခါမှ မငိုခဲ့ဖူးဘူး။ အခုလို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှတ်တရနေ့ဆိုတော့ ဒုတိယအမေလို ချစ်ခဲ့ရတဲ့ အမေစုကိုလည်း သတိရမိသလို၊ သူရဲကောင်း ကျွန်တော့်သူငယ်ချင်းကိုလည်း အလေးပြုချင်လို့ ဒီအခမ်းအနားကို ရောက်လာတာပါ။" ဆိုပြီး အာဏာသိမ်းခေတ်မှာ ဘောလုံးပွဲလောင်းနေတဲ့ လူငယ်တချို့က အင်္ဂုလိ လုပ်ကြလိမ့်မယ်။ " အမေစုနဲ့ တွဲရိုက်ထားတဲ့ပုံလေး ကျွန်တော့်မှာရှိတယ်။ အခြေအနေအရ ခံဝန်ထိုးရပေမဲ့ အမေစုအပေါ်မှာတော့ ကျွန်တော့်ချစ်ခင် လေးစားစိတ်က ပျက်မသွားဘူး။ တုနှိုင်းမဲ့ ရဲဘော်ရဲဘက် မေတ္တာရှင်ကြီးပါဗျာ။ အစားထိုးလို့မရပါဘူး။ သိပ်ကို နှမျောမိပါတယ် " ဆိုပြီး သာကူး ပင်နီအချို့က ပွဲလည်လာကြလိမ့်မယ်။ အမေပြခဲ့တဲ့လမ်းက ဒီမိုကရေစီ လျှောက်ကြမယ် တူတူရှေ့ဆီ ငါတို့က တွဲလက်ညီညီ မင်းတို့က တေးတွေဖွဲ့သီ ဂုဏ်ပြုဖို့ လာခဲ့ကြပါ ငပလီ ဆိုပြီး ဟစ်ဟော့ အဆိုတော်တွေက ကြောင်တောင်ကျားတား အဝတ်အစားဝတ်ထားတဲ့ မျိုးဆက်သစ်လေးတွေကို စင်ပေါ်ကနေ ဆိုပြလိမ့်မယ် ။ သိပ်ကို သတ္တိရှိတဲ့ ကောင်လေးဆိုပြီး ပြည်သူတွေက ချီးကြူးကြလိမ့်မယ် ။ အမေစုအလွန် ဗလာဗလာတွေကို ကျွန်တော်ကတော့ အသိအမှတ်ပြုမှာမဟုတ်ဘူး ။ အမေစု အသက်ရှင်နေသေးတယ် ။ အချိန်မီသေးတယ် ။ ရဲစိတ်ကိုပြဖို့ အခွင့်အရေးရှိနေသေးတယ် ။ အမေစုဟာ မြန်မာ့အနာဂတ်အတွက် သိပ်ကို အရေးကြီးတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။ အမေစုဟာ ဒီတိုက်ပွဲကို တိုက်နိုင်တဲ့သူမဟုတ်ဘူးဆိုတာ ကျွန်တော်သိတယ် ။ အမေစုဟာ ကျွန်တော်တို့အားလုံးရဲ့ ခေါင်းဆောင်ကောင်း။ စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ် ။ ဒီခေါင်းဆောင် သက်ရှိထင်ရှားရှိနေချိန်မှာ ပြရဲတဲ့ သတ္တိကို ကျွန်တော်တို့လိုလားကြတယ် ။ ဒီခေါင်းဆောင်လွန်ပြီးမှ ဒီခေါင်းဆောင်နဲ့ပတ်သက်ပြီး ပေါ်လာမယ့် ကဗျာ၊ ရုပ်ရှင်၊ ဂီတ၊ သုခုမ၊ ပန်းချီ ၊ ပန်းပု၊ ဟောပြောပွဲ ၊ အခမ်းအနား ဘာတစ်ခုမှ မလာနဲ့လို့ ကြိုတင်အသိပေးချင်ပါတယ် ။ ပုံက AI ကထုတ်ပေးထားတာပါ AI သိတဲ့အမေစုရဲ့ကျန်းမာရေး အခြေနေနဲ့ လုပ်ထားတဲ့ပုံပါ။ crd:ဘကြီးအောင် LA 7 September,2025
No.9
Region: MM
Monday 08 September 2025 06:39:58 GMT
Music
Download
Comments
thargyi thargyi :
အမေစုကဝိပဿနာတရားအားထုပ်ထားပြီးနေရာအဆင့်တစ်ခုကိုကျင့်ကြံရရှိထားသူပါသေခြင်းတရားကိုဘယ်လိုရင်ဆိုင်ရမယ်ဆိုတာကောင်းကောင်းသိပါတယ်။ဒီဘဝကကျော်လွန်သွားလည်းစိတ်ပူစရာမလိုပါဘူး.....ဒီလောက်ပါပဲ
2025-09-08 13:54:58
747
Yaung Pyan Linn :
ကိုယ်ပြုတဲ့ကံ ကိုယ်သာခံရမှာပါ
2025-09-08 08:10:09
550
pyaepyae lay :
ချစ်တယ်အမေ🥰🥰🥰🥰🥰🥰🥰🥰🥰
2025-09-13 17:44:42
0
𝐊𝐨 𝐒𝐡𝐢𝐧𝐞 :
အမေအမြန်ဆုံးကျန်းမာပါစေ😢
2025-09-08 17:30:41
282
sein :
ဖြစ်ရမှာကဒီလို
2025-09-08 13:50:32
393
သတိရတိုင်းမေတ္တာပို့ပါ :
ဒီလိုအပြုံလေးအပြန်ပြန်ပီဖြစ်ပါစေ
2025-09-08 14:17:48
65
မျိုး :
မရှောသေးဘူးလား ကြာလိုက်တာ😅
2025-09-10 17:15:36
10
မီးအိမ်ရှင် :
သူ့ဘဝရဲ့အချိန်တွေကိုလူသားတွေအတွက်သူ့မိသားစုအတွက်မဟုတ်ဘူးစိုတာစသိလိုက်ကတည်းကသူမရှိတော့မှာကိုအကြောက်ဆုံးပဲ😭😭😭😭😭😭😭❤❤❤❤❤❤
2025-09-08 12:00:24
95
R ʏ ᴜ ᴜ`多 :
အမေအမြန်နေကောင်းပါစေ
2025-09-13 15:42:38
0
အမေ့သမီး🙏💕🙏💕🙏💕 :
2025-09-08 12:55:11
189
Theingi :
အမေရယ်ဒီနိုင်ငံကအမေနဲ့မတန်ဘူး
2025-09-08 11:44:04
466
ye min khant :
မေမေရေရင်နာနာပဲခံပြင်းရပါတယ်
ထက်မြတ်တဲ့မေမေကိုရက်စက်တဲ့လူတွေက
ရက်စက်တာထက်သမီးတို့ကိုလုပ်ပြနေတာကို
နာကျင်စွာနဲ့ပဲမေမေကိုစုတောင်းပေးနေရတာ
ကလွဲလို့ဘာမှမတပ်နိုင်လို့မျက်ရေကျတာကလွဲလို့မတပ်နိုင်ဖြစ်ရပါတယ်မေမေနေကောင်းပါစေနော်မေမေသက်ရှေပါစေမေမေအားတင်နိုင်အောင်နတ်မြတ်နတ်ကောင်များကူပေးပါ
မေမေသက်ရှေပါစေ😌😌😌😌😌😌😌😌😌😌😌😌😌😌😌😌😌😌😌😌😌
2025-09-08 11:11:35
202
Ko Arkar :
လူ့အသက်ပေါင်းများစွာကိုသူမကယ်တင်နိုင်ခဲ့ပြီး
လူ့အသက်ပေါင်းများစွာကသူမကို မကယ်တင်နိုင်ဘူးပေါ့🥺🥺
2025-09-13 03:05:11
1
✨🥰ကျော်ထက်အောင်🤝✨🌿🌸🤝🍂🕊️ :
သီချင်းအမည်လေးသိချင်တယ်အရမ်းကြိုက်တယ်,,အမေစုကျန်းမာပါစေ,,🙏🥰🛐🤝🌿🥰🏡🌠♥️✝️🕊️🌸🌷🌹🌻
2025-09-10 14:35:12
6
ko Naing yi :
2025-09-08 10:05:48
39
usenameSandar Myint :
၆၀သော သန်းပေါင်းများစွာအတွက် သူမ အလုပ်လုပ်ပေးခဲ့အနစ်နာခံ ခဲ့တယ်
သူမအတွက် ပြည်သူသန်း၆၀က သူမ အတွက် မကြိုးပမ်းနိုင်ကြတာ ရင်နာ မိပါတယ်
2025-09-11 11:20:31
6
@Pankalay :
2025-09-09 06:24:53
18
1-4-2024. အိမ်လွှမ်းသူ :
သူ့လင်ကိုသတိရလို့ဖိတာပါမင်းတို့အဖေကိုလေ
2025-09-09 12:54:24
12
အမုန်းသမာလေ အချစ် :
2025-09-08 14:23:01
39
☯️✡️ :
ကြည့်ရတာစိတ်မကောင်းပါဘူးမြန်မာနိုင်ငံရဲ့
ရှိသင့်ရှိထိုက် လေးစားထိုက်သော သူကိုအခုလိုမြင်ရတာ
2025-09-08 12:54:11
41
Daung Phyo phyo kyi kyi :
မေမေရယ်ဘယ်လိုမှမခံစားနိုင်ဘူးအမြန်ဆုံးပြန်လည်ကျန်းမာပါစေ
2025-09-09 15:33:17
4
NOBLE MilM :
🥰🥰🥰 ပြုခဲ့ဘူးတဲ့ကောင်းကျိုးတေကိုအမြန်ဆုံး လွတ်လပ်စွာ ခံစားနိုင်ပါစေအမေ ရယ်😥😥
2025-09-13 15:48:23
1
သန်းသန်းမော် :
စိတ်မကောင်းလိုက်တာအမေစုရယ် 😢😢😢ပြန်နေကောင်းလာပါတော့မလားရှင် ပြန်ကျန်းမာလာပေးပါရှင်🙏🙏🙏
2025-09-13 16:15:21
0
Ko Ko 💕💕 💕 :
အမေအမြန်ဆုံးကျန်းမာပါစေ အနှောင်အဖွဲ့တွေကလည်းအမြန်လွတ်ပါစေ
2025-09-08 12:14:59
40
Mr`Nann;Z⚡ :
🙏🙏🙏
2025-09-08 12:33:04
52
To see more videos from user @no.91220, please go to the Tikwm
homepage.