@littleforest.mm: လွမ်း...တမ်းတရပါသော...... =================== ကျန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာ စာအုပ်အငှားဆိုင်ကလေးတွေ ဟိုမှာဒီမှာ ပေါ်ထွန်းခဲ့ဖူးပါတယ်။ အထူးသဖြင့် ရပ်ကွက်တွေထဲမှာ အိမ်အဖီလေးကို ဆွဲပြီး ဖွင့်ထားတဲ့ စာအုပ်ဆိုင်ကလေးတွေ၊ သို့မဟုတ် ဆိုင်ခန်းတစ်ခန်းစာ ဖွင့်ထားတဲ့ စာအုပ်ဆိုင်ကလေးတွေ။ အချိန်တန်လာရင် အဲဒီဝန်းကျင်က ကလေးတွေ စာအုပ်ဆိုင်ကို တအုန်းအုန်း......ပြေးပြီး ရောက်လာကြသလို၊ သစ်ရွက်ကြွေတာလေးတွေကို ရင်ခုန်တတ်တဲ့ ဆယ်ကျော်သက်ကလေးတွေကလည်း ရှိုးအပြည့်နဲ့ ရောက်လာတတ်ကြပါသေးတယ်။ သက်ကြီးပိုင်းတွေကတော့ ရောင်ပြန်၊ နက္ခတ္တရောင်ခြည်၊ ဓန မဂ္ဂဇင်းတွေ စသဖြင့်ပေါ့ဗျာ။ သူ့အရွယ်နဲ့သူ ဖတ်စရာကဏ္ဍတွေ အမျိုးစုံ ရှိကြတာမို့ အချိန်တန်လာရင် စာအုပ်အငှားဆိုင်ကလေးတွေက ကလေး၊လူရွယ်၊လူကြီး အရွယ်သုံးပါးနဲ့ တိုးတိုးဝှေ့ဝှေ့ပေါ့ဗျာ....။ ပြန်တွေးရင် လွမ်းမောတမ်းတရတဲ့ အချိန်တွေပါပဲ။ အထူးသဖြင့် ချစ်စိတ် အစပျိုးကြတဲ့ အရွယ်ကလေးတွေ..........😁 ရင်တွေဘာတွေခုန်လို့ တစ်ဦးနဲ့တစ်ဦး စာအကြောင်းပေအကြောင်း၊ ကဗျာအကြောင်း၊ အချစ်အကြောင်း......ပြောကြလေသတည်းပေါ့။ 😁 ဒါလေးတွေကို ပြန်စဥ်းစား ရင်ခုန်မိပြီး ဒီ video လေးကို ခံစားသက်ဝင် ရိုက်ကူးထားပါတယ်။ စာအုပ်အငှားဆိုင်လေးရဲ့ ရသကို ခံစားသက်ဝင်ကြည့်ကြပါစို့ခင်ဗျာ.....🥰 ~ littleforest ~ #စာအုပ်အငှားဆိုင် #အရင်တချိန်က #nostalgia #ခံစားသက်ဝင်မှု #ရသ
littleforest
Region: MM
Saturday 13 September 2025 14:10:09 GMT
Music
Download
Comments
ZACK :
မော်ဒယ်လေးတွေ သိပါရစေခင်ဗျ...😜😜😜
2025-09-13 14:24:13
1
Grate :
အလိုတွေဖြတ်သန်းဘူးရင်မင်းကစာချစ်သူပေါ့
2025-09-13 14:53:03
1
ခငသ တ75 :
ကိုယ်တွေငယ်ငယ်တုန်းကတော့ကာတွန်းစာအုပ်တွေကိုမောင်နှမတွေလုကြည့်ရတာသတိရသေးတယ်ခုတော့ဖုန်းလေ😁😁😁😁😁
2025-09-13 15:29:20
1
Sai Say Kham :
ရိုက်ချက် အယူအဆ ။ all perfect
2025-09-13 15:39:45
1
"အိုးဝေ"သမား အဆိုပျော်ကောင်လေး :
တကယ်ကို ပြန်လည် သတိရအောက်မေ့မိပေမဲ့ ပြန်လည်မရနိုင်တော့တဲ့ခံစားမှု ပုံရိပ်လေးတွေပါပဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ🙏😊🥰
2025-09-13 15:42:03
1
Khin Pyae Sone :
စိတ်၏ရသ များအစပြုသောနေရာ🥰
2025-09-13 17:20:12
1
Htoomon@# :
🥰🥰🥰
2025-09-16 15:31:04
1
Myat Thazin Myint Mo :
အဲ့...ဘေးကတစ်ယောက်ကို့သိသလို့ပဲဘ🤔
2025-11-20 17:50:00
1
Zaw Zaw :
❤
2025-10-16 13:57:04
0
To see more videos from user @littleforest.mm, please go to the Tikwm
homepage.