@honey.be53: #ယောက်ျားတစ်ယောက်ရဲ့ ဘဝမှာ အနည်းဆုံး တစ်ကြိမ်တစ်ခါလောက်တော့ နန်းမေမေကြည် လို မိန်းမမျိုးနဲ့ ဆုံခဲ့ဖူးပါလိမ့်မယ်။ မိန်းမတစ် တစ်ယောက်ရဲ့ဘဝမှာလဲ နန်းမေမေကြည်လို မိန်းမမျိုး ဖြစ်ခဲ့ဖူးပါလိမ့်မယ်။ နန်းမေမေကြည်ကို သိကြမယ်ထင်ပါတယ်။ ဆရာပါပီယွန် ရေးထားတဲ့ ဇီးကွက်ချောင်းတံတားပေါ်က အဝါရောင်ဝက်ဝံရုပ်အကျိုးအပဲ့ ဝတ္ထုထဲက ဇာတ်ကောင် အမျိုးသမီးတစ်ယောက်ရဲ့ နာမည်ပေါ့။ နန်းမေမေကြည်လို မိန်းမမျိုးမှာ မျက်နှာနှစ်ဖက် ရှိတယ်။ တစ်ဖက်က နူးညံ့တဲ့မျက်နှာ၊ တစ်ဖက်က မာကျောနေတဲ့မျက်နှာ။ အဲ့ မျက်နှာနှစ်ဖက်က အချိန်အခါပေါ် မူတည်ပြီးတော့ ပေါ်လာတတ်တယ်။ နူးညံ့တဲ့မျက်နှာမှာ နွေးထွေးမှု၊ လုံခြုံမှု၊ အကြင်အနာအယုအယ၊ တလေးတနက် ဂရုစိုက်တတ်တဲ့ ချစ်ခြင်းမေတ္တာမျိုးတွေ ပါတယ်။ နူးညံ့တဲ့မျက်နှာတစ်ဖက် ပေါ်လာတဲ့အချိန်မှာ သိပ် ချစ်ရတဲ့ ယောက်ျားတစ်ယောက်ကို အကောင်းဆုံးအရာတွေပဲ ပေးချင်တယ်။ အကောင်းဆုံးအရာတွေပဲ ဖြစ်စေချင်တယ်။ သူ့ဘဝမှာ သူဖြစ်ချင်တဲ့ တစ်ခုတည်းသော အိမ်မက်က သူချစ်ရတဲ့ ယောက်ျားတစ်ယောက်၊ သူ့ဘဝတစ်လျှောက်လုံး ကောင်းစားနေဖို့၊ ခမ်းနားနေဖို့ပဲ။ အဲ့ဒီကွက်လပ်သေးသေးလေးကို ဖြည့်ဆည်းနိုင်ဖို့ အမြဲ ကြိုးစားတယ်။ လမ်းစတွေ ရှာတတ်တယ်။ သူ့ရင်ခုန်သံ သူ့အသက်ရှုသံက သူချစ်ရတဲ့ ယောက်ျားတစ်ယောက်အတွက်ပဲ လှုပ်ခတ်တယ်။ ခေါင်းအစ... ခြေအဆုံး သူ့ခန္ဓာကိုယ်ထဲမှာ လည်ပတ်နေတဲ့ သွေးကြောမှန်သမျှက သူ တန်ဖိုးထားရတဲ့ ယောက်ျားတစ်ယောက်အတွက်ပဲ စီးဆင်းတယ်။ သူ ချစ်တဲ့ ယောက်ျားတစ်ယောက် အဆင်မပြေလို့ လေရှုသံ ခလုတ်တိုက်ပြီး သက်ပြင်းချနေတာကအစ.. အချစ်တွေနဲ့ ထွေးပွေ့ထားတတ်တယ်။ ဒါပေမဲ့ နန်းမေမကြည်လိုမိန်းမမျိုးမှာ မာကျောတဲ့မျက်နှာလည်း ရှိနေတတ်တယ်။ သူ သိပ်ကိုမှ မြတ်နိုးရ၊ ချစ်ရ၊ တန်ဖိုးထားရတဲ့ ယောက်ျားတစ်ယော က်က နူးညံ့တဲ့မျက်နှာတစ်ဖက်ကို မျက်ကွယ်ပြုလျစ်လျူရှုတဲ့အခါ၊ မထီမဲ့မြင်ပြု.. အသိအမှတ်မပြုတဲ့အခါ အဲဒီမျက်နှာက ရုပ်လုံးပေါ်လာတာပဲ။ မာကျောတဲ့မျက်နှာမှာ မာန်မာနတွေ ပါတယ်.. အတ္တတွေပါတယ်၊ နာကျင်မှု နာကျည်းမှု၊ လှည့်ကြည့်ချင်စိတ် မပေါ်လောက်အောင် ရွံရှာခြင်းတွေ ပါတယ်။ နန်းမေမေကြည်လို မိန်းမမျိုးရဲ့ မျက်နှာနှစ်ဖက် တစ်ဖက်စီမှာ ဂရုစိုက်တာရော ပါသလို ဥပေက္ခာပြုတတ်တာရော ပါတယ်။ နွေးထွေးမှုလည်း ရှိသလို အေးစက်ခြင်းလည်း ရှိတယ်။ လေပြေလေး သွေးတတ်သလို မုန်တိုင်းလည်း ထန်တတ်တယ်။ ချိုသာတဲ့မျက်နှာနဲ့ ပြုံးပြတတ်သလို ခါးသီးတဲ့မျက်နှာနဲ့လည်း မုန်းပြတတ်တယ်။ တစ်ခါတုန်းက ကမ္ဘာကျော် စာရေးဆရာ Mark Twain ကို လူတစ်ယောက်က မေးဖူးတယ်။ What would men be without women? - ဒီကမ္ဘာပေါ်မှာ မိန်းမတွေသာ မရှိတော့ဘူးဆိုရင် ယောက်ျားတွေအနေနဲ့ ဘာဖြစ်သွားနိုင်သလဲ တဲ့။ **ချက်ချင်းပဲ မစဉ်းစားဘဲနဲ့ ရိုးရိုးလေး သူ.. ပြန်ဖြေလိုက်တယ်။ Scarce, sir, mighty scarce, yes... အသက်ရှင်ဖို့ ခက်ခဲလိမ့်မယ်၊ ဟုတ်တယ်.. မိန်းမတွေသာ မရှိတော့ရင် ငါတို့ ယောက်ျားတွေ ရှင်သန်နေထိုင်ဖို့.. ခက်ခဲလာလိမ့်မယ်.. တဲ့။ ဒါ့ကြောင့်မို့ ဟိုစကားကို ခဏခဏ ပြောလေ့ရှိတာနဲ့ တူပါတယ်။ အဲဒါ တခြားတော့ မဟုတ်ပါဘူး၊ အောင်မြင်တဲ့ ယောကျ်ားတစ်ယောက်ရဲ့နောက်မှာ သိပ်တော်တဲ့ မိန်းမတစ်ယောက် ရှိကိုရှိတယ်ဆိုတဲ့ ယူဆချက်ပဲ။ တကယ်တမ်း ဒီယူဆချက်ဟာ လွန်တယ်လို့တော့ မထင်ပါ။ အကယ်၍များ နန်းမေမေကြည်လိုမိန်းမမျိုးနဲ့ ဆုံခဲ့သည်ရှိသော်.. မာကျောတဲ့မျက်နှာတစ်ဖက်ကို မမြင်ရခင်လေးမှာ နူးညံ့တဲ့မျက်နှာတစ်ဖက်ကို appreciate လုပ်ကြပါ ညိုကီတို့။ ဘာလို့လဲ.. ပြန်မမေးနဲ့.. Sacre, sir, mighty scarce.#foryou
Øĥ<µ@řHTW€
Region: MM
Sunday 14 September 2025 08:14:21 GMT
Music
Download
Comments
Smile :
တကယ်ပါ လောလောဆယ်တော့
နန်းမေမေကြည်ပါ
နောက်မျက်နှာတဖက်တွက်ကိုစိတ်ပြင်ဆင်နေပါတယ်🥺
2025-10-09 15:46:44
6
ချစ်ရတဲ့ မရှိတယ် :
တကယ်တော့နောက်ဆုံးမှာအရမ်းချစ်တော့ သေလို့သေမှန်းမသိဖစ်ခဲ့ရတဲ့ အချစ်ဇာတ်လမ်းလေ
2025-10-10 01:07:41
2
Aung Myat :
စာလေးပေးလိူ့ရမလားရှင့်
2025-10-10 02:51:37
2
チヨー🦂 :
င့မောင်ကတော့ မာကြောပီး ခက်ထန်တဲ့မျက်နှာကို မြင်ချင်နေတယ်🥺
2025-10-10 16:06:56
2
M :
စာသားလေးယူချင်လို့ခွင့်ပြုပါရှင့်မမ
2025-11-08 01:03:55
1
Htar🪼 :
@Hein Htet Oo ဖတ်ကြည့်ပါ🥰🥰
2025-10-17 09:27:56
1
Ah Than♋ :
စာသားလေးပေးလို့ရလားရှင့်
2025-10-13 11:49:13
1
aye.t09 :
မမစာလေးပေးပါလား
2025-10-05 06:26:16
1
M :
🥰🥰🥰
2025-10-10 22:25:15
1
Ko Nyi :
ဒေါ်နန်းမေမေကြည်ဆိုတာ ဗန်မော်သူအတွက်သီးသန့် ဗျ
2025-10-10 13:00:30
1
Bby Emoji Uwii :
နောက်ကျနေပြီ နောက်ကျနေပြီ
2025-10-10 01:35:33
1
khinwarsooo :
ညီမလေး ရှဲခွင့်ပြုပါ
2025-10-10 03:21:50
1
Hnin Myat :
🥰🥰🥰
2025-10-10 06:30:21
1
UKyaw :
နန်းမေမေကြည်ပြောလိုက်ပါ၊အစစအရာရာဂရုစိုက်ပါလို့။
2025-10-10 12:36:39
1
😍💃 💞💞Song Poem♥💓💕 :
shareမယ်နော်
2025-10-10 14:44:26
1
Love?Goaway!GiveMeAlcohol🥃🥃 :
သူ့မှာတော့မျက်နှာနှစ်ဖက်တောဘမဟုတ်လောက်ဘူး၊မျက်နှာဖုံးတပ်ထားတာပဲဖြစ်ရမယ်၊ဘာလို့ဆို ၊ကိုယ့်ကြောင့်မို့ဖြစ်ရတာ၊ဆိုပြီး၊ ဖြစ်သမျှပြဿနာတိုင်း ငျုပ်ကအမှား သူကအမှန်၊မခွဲနိုင်လို့ဆက်ဆွဲထားမိခဲ့တာတောင် ၊နေနေလို့ရောဘာထူးလာမှာလဲတဲ့၊လူသားနှစ်ယောက်ပေါင်းဖက်လို့ ပေးဆပ်ချစ်ကျတယ်လို့ ပြောပေမယ့် ၊သူ့အချစ်တွေက ဈေးသတ်မှတ်ထားတာလား၊ငါ့မှာ ပိုက်ဆံရှိမှပြန်လာနေချင်တယ် ၊ပြတ်တုန်းလတ်တုန်း23ဘဝလေးလဲ ခဏရောက်ရော ပြဿနာရှာထွက်သွားရပြန်ရော၊
2025-10-12 22:52:18
0
Yuri Khun :
😊
2025-10-13 09:26:31
0
ZMS :
🥰🥰🥰
2025-10-11 06:32:32
0
Daw Khin Mar Thet :
😁
2025-10-16 03:16:34
0
scorpion :
အသိပညာတိုးစေလို့🥰
2025-10-26 23:36:16
0
ko Zin :
ခရစ်စတီယာနို ရော်နယ်ဒို က တော့ အောင်မြင်မှု ကြီးကြီးမားမား ရမှ စော် တစ် ယောက်ပီး တစ် ယောက်ထားတယ် ဖန်ပြွန်သ န္ဓေသား တောင် မွေးလိုက် သေးတယ် အခု လဲ နောက်တစ် ယောက်....😁
2025-10-28 20:03:47
0
thidar :
နန်းမေမေကြည်လိုမိနိးမတွေရှိပါတယ်😢😢😢😢😢😢
2025-11-05 15:46:22
0
N.Stallar :
နန်းမေကြည်လိုမိန်းမပါ
2025-11-06 04:13:05
0
To see more videos from user @honey.be53, please go to the Tikwm
homepage.