@february2007h: ဖင်းနဲ့ ကီးတို့ ထီး အတူစောင်းတဲ့ အခါတိုင်း ဖင်းကို မိုးရေတွေ စိုပြီး ဖျားသွားမှာစိုးတာကြောင့် ကီးကလေ သူ့ရဲ့ဘယ်ဘက်ပုခုံးတွေ၊ဘောင်းဘီတွေအပြင် ဘယ်ဘက် တခြမ်းလုံး မိုးရေအစိုခံပြီးတော့ကို ဖင်းကို မိုးမစိုအောင်လို့ အတတ်နိုင်ဆုံး ထီးလိုက်မိုးပေးတတ်တယ်၊ နောက်ပြီး ဖင်းတို့ အိမ်အတူပြန်တိုင်း သူကလေ ဖင်းရဲ့ အိတ်ကို သယ်ပေးပြီး ကားလမ်းဘက်ကနေလည်း အမြဲ လျှောက်ပေးတတ်တယ်၊ လမ်းကျဥ်းကျဥ်းလေးထဲမှာ အမြန်မောင်းလာတဲ့ ကားတွေနဲ့ ဆိုင်ကယ်တွေဆီကနေ ဖင်းကို ကာကွယ်ပေးဖို့အတွက်ပေါ့ ဒီလောက်ပါပဲ... အဲ့ဒီ ကီးဟာလည်း ဖင်း တစ်ချိန်တုန်းက သိခဲ့ဖူးတဲ့ ကီးပါပဲ . . . . [ကီးကို ဖင်း ချစ်တယ်... ကောင်မလေးသေးသေးလေးတစ်ယောက်က ကီးလို အရပ်ရှည်ရှည်နဲ့ ကောင်မလေးကို ချစ်နိုင်လောက်တဲ့အတိုင်းအတာထိကို ကီးကို ဖင်း အရမ်းချစ်ပါတယ်... ကီးကိုလေ ဖင်း ချစ်တယ်လို့ တစ်ခါမှ မပြောဖူးဘူးနော်၊ ဟုတ်တယ်မလား? အရင်အချိန်တွေကတည်းက ကီးကို ချစ်တယ်လို့ မပြောခဲ့မိတာအတွက် ဖင်း တောင်းပန်ပါတယ်နော်။ နောက်ပြီး ဒီလိုအခြေအနေမျိုးမှာမှ ချစ်တယ် ဆိုတဲ့ စကားကို ပြောရတာအတွက်လည်း ဖင်း တောင်းပန်ပါတယ်။ ဒါပေမဲ့ အခုတော့ ကီးကို ဖင်း အရမ်းချစ်မိနေပြီဆိုတာ ဖင်း သိနေပါပြီ။ ကျေးဇူးပြုပြီးတော့... ဖင်းအပေါ် ဒီလောက်ထိ အေးစက်မနေပါနဲ့ ကီးရယ် ဖင်းလေ ကီးဆီကနေ နောက်ထပ် အခွင့်အရေးတစ်ခါလောက်လေးပဲ လိုချင်တာပါ.. တခါတည်းပါပဲ။ ပါးပါးရေ၊ မားမားအပေါ် ကောင်းကောင်းဆက်ဆံပါနော်... (မူယောင်းရဲ့ အသံလေးနဲ့ ဖတ်ရန်) ချစ်ခြင်းများစွာဖြင့်... ဖင်း ] နောက်ဆုံးစာသားကို ဖတ်ပြီးတဲ့နောက်မှာတော့ မျက်ရည်တွေကြောင့် စိုရွှဲနေတဲ့ စာရွက်လေးကို မူလပုံစံအတိုင်း ပြန်ခေါက်လိုက်ပြီး သေတ္တာထဲက နေရာဟောင်းလေးမှာ ဖင်း ပြန်ထားလိုက်တယ်။ ထို့နောက် သေတ္တာလေးကို ခိုင်မြဲစွာ သော့ မခတ်ခင် အချိန်လေးအတွင်းမှာ အထဲက အရာရာတိုင်းကို နောက်ဆုံးအကြိမ်အဖြစ်နဲ့ ဖင်း ထပ်မံကြည့်လိုက်တယ်... ဒီသေတ္တာလေးကို ... ဖင်း ဒီမှာ ထားခဲ့မယ် ဖင်း ပိုင်ဆိုင်ခဲ့တဲ့ အမှတ်တရတွေ အားလုံးကို ဒီမှာပဲ ထားခဲ့တော့မယ်... Somewhere Somehow Vol.1 မြန်မာဘာသာပြန် အခန်း(၃၂)မှ #swsh #faymay #fay_riezz #maywyda #fyppppppppppppppppppppppp
𝑩𝒂𝒆 ...♡ 𝙷✰
Region: TH
Monday 15 September 2025 05:06:22 GMT
Music
Download
Comments
T T S :
အဆတ်မလာသေးဘူးလားရှင့်
2025-10-10 14:53:50
0
P :
တစ်ခါတစ်လေ seriesထက် novelတွေကို ပိုသဘောကျတယ် ခံစားချက်တွေ အချစ်ကိုဖော်ပြတဲ့နေရာတွေမှာ novelဆိုပေမယ့်ဖတ်လိုက်တာနဲ့မျက်လုံးထဲပုံဖော်ပြီး ချစ်ခြင်းတွေကိုခံစားမိတာ somewhere somehowကတော့ အကြိုက်ဆုံးnovelနဲ့seriesဖြစ်သွားပြီ🥺♥
2025-09-15 14:50:10
5
Nothing :
kee လွန်တယ်ကွာ 😭အကြောင်းပြချက်လေးတော့နားထောင်အုံးမှပေါ့
2025-09-15 15:12:47
0
LingOrm💞🤎 :
စာသားလေး တစ်ချက်လောက်🥺🥺🥺
2025-09-15 11:43:04
0
JenlisA🖤💛 :
ငိုခဲ့pp ထပ်ငိုအောင်မလုပ်ပါနဲ့💔
2025-09-15 15:04:49
0
ពុធ មានី :
❤️❤️❤️😢😢
2025-09-15 13:14:28
1
To see more videos from user @february2007h, please go to the Tikwm
homepage.