@htootechinicalservice: ခဏ ခဏ အမေးများလို့ အဲကွန်းRemote မှာပါတဲ့ လုပ်ဆောင်ချက်တွေမသိသေးသူများအတွက် ရှယ်ထားပါ။ On/off ဆိုတဲ့ခလုပ်ကတော့ အဲကွန်းကို အဖွင့်အပိတ်လုပ်တဲ့ခလုပ်ပါ။တချက်နှိပ်ရင် ဖွင့်၊ နောက်တချက်နှိပ်ရင် ပိတ်ပေးပါတယ်။ ဖွင့်လက်စအဲကွန်းကို ချိန်ပြီးနှိပ်လိုက်ရင် ပိတ်သွားပြီး၊ပိတ်နေတဲ့အဲကွန်းဆို ပွင့်သွားပါလိမ့်မယ်။ Mode ဆိုတဲ့ခလုပ်ရဲ့ လုပ်ဆောင်ချက်ကို ပြောပြပါမယ်။တချက်နှိပ်ရင် အဲကွန်းလုပ်ဆောင်ချက် အနေနဲ့ Auto-Cool Dry-Heat Fan ဆိုပြီး တခုချင်းစီပြောင်းပါလိမ့်မယ်။ *Auto မှာထားရင် အခန်းအပူချိန်-ပန်ကာလည်နှုန်း- Outdoor unit အဖွင့်အပိတ်နဲ့လည်ချိန်တွေကို အဲကွန်းထဲက Proccessor ကသူဟာသူ အလုပ်ပေးပါလိမ့်မယ်။ *Cool မှာထားရင် အဲကွန်းကအေးနေပါလိမ်မယ်။ ဒီအချိန်မှာ.Out door unit တခုလုံး အလုပ်လုပ်နေပါလိမ့်မယ်။သုံးစွဲသူက နှိပ်ထားတဲ့ အခန်းအပူချိန် အောင်မရောက်မချင်း အဲကွန်းက လည်နေပါ လိမ့်မယ်။ *Dry mode မှာလည်းအဲကွန်းက အေးနေပါမယ်။ ဒီအချိန်မှာအေးရုံသာမက အခန်းတွင်းက ရေငွေ့ ပမာဏကိုလည်း Cool နှိပ်ထားချိန်ထက် ပိုပြီးလျှော့ချပေးပါလိမ့်မယ်။ *Heat ဆိုတာကိုနှိပ်ထားပြီးချိန်ထားမယ်ဆိုရင်တော့ အဲကွန်းက အပူအအေးနှစ်မျိုး သုံးလို့ရတဲ့ ဟာဆိုရင်တော့ အခန်းတွင်းက Infoor က အပူကွိုင်ဖြစ်သွားပြီး Outdoor unitက အအေးကွိုင်အဖြစ် ပြောင်းပြန်အလုပ်လုပ်ပေးပါလိမ့်မယ်။ *Fanဆိုတဲ့ အနေအထားမှာနှိပ်ထားပြီးချိန်ထားရင်တော့ အဲကွန်း Outdoor ကအလုပ်မလုပ်ပဲ Indoor ပန်ကာပဲအလုပ်လုပ်ပါလိမ့်မယ်။ အခန်းတွင် းမအေးတော့ပါ။ ပန်ကာချည်းသာလည်နေလို့ဖြစ်ပါတယ်။ တချို့ဆို ရီမုတ်ကွန်ထရိုးမှာ ဒီအခြေအနေကို နှိပ်ထားပြီးအဲကွန်းမအေးလို့ဆိုပြီး ပြင်တဲ့သူတွေလှမ်းခေါ်တော့ လမ်းစရိတ်ကုန်တာမျိုးရှိတတ်ပါတယ်။ #Temp လို့ရေးထားတဲ့ အခန်းရဲ့လေထုအပူချိန်ကိုကိုယ်လိုသလိုချိန်ဖို့ ဘယ် ညာ များနှစ်ခုလေးနဲ့ရေးထားတဲ့ အပူချိန်ချိန်ညှိခလုပ်ပါ။ အခန်းရဲ့အပူချိန်ကို ကိုယ့်အတွက်သက်သောင့်သက်သာဖြစ်စေမည့် အပူချိန်ကိုချိန်ရာမှာသုံးပါတယ်။ နှိပ်တဲ့အချိန်မှာ အဲကွန်း Indoor ရဲ့ ဆင်ဆာနေရာ ကိုချိန်ပြီးနှိပ်ဖို့လိုပါတယ်။လူတစ်ယောက်အတွက် သက်သောင့်သက်သာဖြစ်တဲ့အပူချိန်က ရာသီအလိုက်မှာရှိတဲ့ ပတ်ဝန်းကျင်အပူချိန်လိုက်လို့ နေ့ညလိုက်လို့ အပြောင်းအလဲရှိပါတယ်။ အဲကွန်းဖွင့်ထားပေမယ် သတိရမနေစေပဲ ကိုယ့်အတွက်ချမ်းမှန်းပူအိုက်မှန်း သိမနေစေတဲ့ အပူချိန်ကတော့ အကောင်းဆုံးပါပဲ။ ရန်ကုန်မှာနေသူသာမန် ပေါင် 120 လောက် လူတစ်ယောက်အတွက်ကောင်းမွန်တဲ့အပူချိန်ကတော့ နေ့ခင်းဖက်ဆို 23C ကနေ 26C အတွင်းဆိုအတော်ပါပဲ။ညဖက်ဆိုရင်တော့..စောင်ခြုံအိပ်တတ်ရင် 19C ကနေ 23C အတွင်း အတော်ပါပဲ။ ရီမုတ်ကိုနှိပ်ပြီး16C ထိအပူချိန် ကိုချိန်ထားတာမျိုးမလုပ်သင့်ပါဘူး။ 16C ထိ အပူချိန်ကိုနှိပ်ထားခြင်းဟာ အခန်းရဲ့အပူချိန် အဲဒီလောက်ထိ ကျဆင်းသွားမှ စက်ကို ရပ်ပါလို့ပြောတာပါ။အခန်းအပူချိန် 16Cဟာ လူအများစုအတွက် ကျန်းမာရေးအရ မကောင်းပါဘူး။အေးလွန်းပါတယ်။အဲဒီအပူချိန်ထိ ကျဆင်းသွားဖို့ ဆိုတာလည်း တော်တော်များများအခန်းတွေအတွက် စက်ကို ဆက်တိုက် ရက်ရှည်မောင်းထားတောင် မရောက်ပါဘူး။မီတာခလည်းပိုကုန်ပါတယ်။ အဲဒီအပူချိန်ကို ရောက်ခဲ့ရင်လည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။တချို့က ဘာမှန်းမသိပဲ အဲဒီအပူချိန်ထိ ချထားတတ်ပါတယ်။မလုပ်သင့်ပါ။ Credit : ကိုနန္ဒမိုး Credit - Air Con Company KO HTOO Air-con Sale & Services 09-454898704, 09-403564190 အလုံမြို့နယ်၊ ရန်ကုန် #Airconditioning installation & services repair #Refrigerator services & repair #Washing machine services & repair မိတ်ဟောင်း မိတ်သစ် မိတ်ဆွေများအားလုံး နှစ်သစ်မှာ ကျန်းမာရေး စီးပွားရေး အစစအရာရာ အားလုံးအဆင်ပြေပါစေ 🙏🙏🙏
KoHtoo Aircon Sale&Service
Region: MM
Monday 15 September 2025 15:18:05 GMT
Music
Download
Comments
Zin Lae War :
😂😂😂
2025-10-08 16:36:18
1
နားခိုရာ :
😂😂😂
2026-03-04 14:27:31
0
Nan Htwe Nyo :
🥺
2026-01-07 14:25:53
0
🌼M@y🍀 :
🥰
2025-11-17 01:03:58
0
🌼M@y🍀 :
😳
2025-11-17 01:03:53
0
zayzinphyo29 :
🥰
2026-03-05 15:02:37
0
To see more videos from user @htootechinicalservice, please go to the Tikwm
homepage.