@uci140589: #fyp hentikan pak...

ambu nchie
ambu nchie
Open In TikTok:
Region: ID
Friday 03 October 2025 08:34:44 GMT
812
27
13
1

Music

Download

Comments

hellouu_imlily
Itsmyluuuuvee_lily😘 :
setuju PK
2025-10-04 03:39:02
0
adzkiananang
acuy tea :
setuju pak
2025-10-03 14:00:42
0
mulyadi0527
Mulyadi :
mbg is the best, mbg gasss❤
2025-10-04 03:10:55
0
bagong3535
Çak bagong :
lanjutkan mbg👍
2025-10-03 14:45:16
0
rina.silvia123
Rina.silvia123 :
🥰🥰🥰
2025-10-03 10:22:37
1
jagurluk
jagurluk :
kami masyarakat bawah sangat besyukur ada MBG,makananya enak dan bergizi,sdh 3 bulan anak kami tdk ada yg keracunan
2025-10-03 15:38:19
0
To see more videos from user @uci140589, please go to the Tikwm homepage.

Other Videos

ရွှေဘိုမြို့နယ်၊ ပန်းရံရွာရှိ စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား ရန်ကုန်၊ ဇန်နဝါရီ ၂၀ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပန်းရံရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများပြားကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် တော်လှန်ရေး တပ်ပေါင်းစုက ပန်းရံရွာရှိ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှု အတွင်း ပျူစောထီး ညိုဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။ ယင်း တိုက်မှုကြောင့် အထိနာသော စစ်သားများနှင့် ပျူစောထီးများသည် ပန်းရံ ကျေးရွာမှ သီးလုံးရွာဘက်ကို ကား ၂ စီး ၊ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ဗုံးသီးချ တိုက်ခိုက်ခဲ့သော တော်လှန်ရေး ရဲဘော်များကို လာရောက် ပစ်ခတ်သောကြောင့် ထိတွေ့ တိုက်ပွဲ ၁၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိခြင်းကြောင့် သီးလုံးရွာထဲကို ပြန်လည် ဝင်ရောက်သွားကြောင်း၊ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။ ထို တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ယင်းနေ့ ညနေပိုင်းတွင် သီးလုံးရွာ ပျူစောထီး မိဇာ ဦးဆောင်သော အဖွဲ့က အရက်ဆိုင်တွင် သောက်စားပြီး စုရပ်လုပ်နေစဉ် တော်လှန် တပ်ဖွဲ့များက ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းသို့ တိုက်ခိုက်ခြင်းသည် ရွှေဘို-ရေဦးလမ်းပိုင်းတွင် ပန်းရံရွာ ပျူစောထီးများ စုပေါင်း အလှူပွဲကို ကျေးရွာနေ ပြည်သူများအား ဖိအားပေး၍ မလိုက်မနေရ အမိန့်ဖြင့် အလှူလှည့်ရန် မလိုက်နိုင်သော ပြည်သူများကို ငွေကျပ် ၅ သိန်း ဒဏ်ကြေး ပေးဆောင်ရမည်ဟု စစ်ကောင်စီ တပ်သားများက လိုက်လံ ခြိမ်းခြောက်နေသည့်အတွင်း ပြည်သူများ၏ တိုင်ကြားချက်အရ တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ရွှေဘိုမြို့နယ်၊ ပန်းရံရွာရှိ စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြား ရန်ကုန်၊ ဇန်နဝါရီ ၂၀ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပန်းရံရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများပြားကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် တော်လှန်ရေး တပ်ပေါင်းစုက ပန်းရံရွာရှိ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှု အတွင်း ပျူစောထီး ညိုဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။ ယင်း တိုက်မှုကြောင့် အထိနာသော စစ်သားများနှင့် ပျူစောထီးများသည် ပန်းရံ ကျေးရွာမှ သီးလုံးရွာဘက်ကို ကား ၂ စီး ၊ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ဗုံးသီးချ တိုက်ခိုက်ခဲ့သော တော်လှန်ရေး ရဲဘော်များကို လာရောက် ပစ်ခတ်သောကြောင့် ထိတွေ့ တိုက်ပွဲ ၁၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်မှုရှိခြင်းကြောင့် သီးလုံးရွာထဲကို ပြန်လည် ဝင်ရောက်သွားကြောင်း၊ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။ ထို တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ယင်းနေ့ ညနေပိုင်းတွင် သီးလုံးရွာ ပျူစောထီး မိဇာ ဦးဆောင်သော အဖွဲ့က အရက်ဆိုင်တွင် သောက်စားပြီး စုရပ်လုပ်နေစဉ် တော်လှန် တပ်ဖွဲ့များက ဒရုန်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းသို့ တိုက်ခိုက်ခြင်းသည် ရွှေဘို-ရေဦးလမ်းပိုင်းတွင် ပန်းရံရွာ ပျူစောထီးများ စုပေါင်း အလှူပွဲကို ကျေးရွာနေ ပြည်သူများအား ဖိအားပေး၍ မလိုက်မနေရ အမိန့်ဖြင့် အလှူလှည့်ရန် မလိုက်နိုင်သော ပြည်သူများကို ငွေကျပ် ၅ သိန်း ဒဏ်ကြေး ပေးဆောင်ရမည်ဟု စစ်ကောင်စီ တပ်သားများက လိုက်လံ ခြိမ်းခြောက်နေသည့်အတွင်း ပြည်သူများ၏ တိုင်ကြားချက်အရ တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ "အကြမ်းဖက် စစ်ကောင်စီရဲ့ ပြည်သူ့စစ် အားလုံး အမြင်မှန်ရပြီး ပြည်သူ့ရင်ခွင် ခိုလုံပါ မဟုတ်ရင် ပြည်သူကို အနိုင်ကျင့် ယုတ်မာနေအုန်းမယ် ဆိုရင် အမြစ်ပြတ် ငရဲပို့ပေးမယ်။ တစ်နိုင်ငံလုံးရှိ တော်လှန်ရေး တပ်‌ပေါင်စု ပြည်သူသည် စည်းလုံးမှု ရှိရှိ မင်းအောင်လှိုင် အာဏာရူးတသိုက်ကို ချေမှုန်းနေတယ် ဆိုတာ သိစေချင်တယ်။ အမြင်မှန် ရစေချင်တယ်လို့ ပြောချင်ပါတယ်" ဟု ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ထို တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့သော ပျူစောထီး ညိုဦး အလောင်းကို ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် မီးသဂြိုလ်လိုက်ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ ၊shwebo Crocodile ၊ မဟာမိတ်ဖြစ်သော၊M.sai Naw (Drone) မင်းသားချောလေး အဖွဲ့ ၊ snake eyes ပျံလွှား (Drone)ဖွဲ့ ၊‌ ရွှေဘိုခရိုင် အမှတ်(၄) တပ်ရင်း ၊shwebo Federal Army ၊ ဗိုလ်လင်းရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ဇာမဏီဒေါင်း (ဒပယ) ၊HG FIGHTER ၊ YAUNG NI ၊ ဇင်ယော် အဖွဲ့၊ ဒေါင်းစစ်သည် - ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊တောင်သူလွတ်မြောက်ရေးအင်အားစု(FIF) ၊ Eye For Eye ၊firly dragon Force ၊ စွန်ရဲရွှေဘို ဒေသခံ (LDF) ရွှေဘိုသား ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။@Zayar TBZ 10(X) @ZayarTBZ ေမာင္သံဒိုး #myanmarnews #အင်တာဗျူး #zayartbz #တော်လှန်ရေးရဲဘော်များဘေးကင်းကြပါစေ #ပြည်သူများဘေးကင်းကြပါစေ #ဒေသသတင်းရင်းမြစ် #မြန်မာသတင်း #အရေးတော်ပုံအောင်ရမည် #myanmarcelebritytiktok

About