@bipohir: first dump 🥹 @rob @sophia #dump

bipohir
bipohir
Open In TikTok:
Region: US
Friday 03 October 2025 22:39:23 GMT
313
19
8
2

Music

Download

Comments

saveddbyjesusss
rob :
❤️❤️love you baby❤
2025-10-04 01:03:08
1
sophia.juliet1
sophia :
twinski 😇😇😇
2025-10-03 22:40:53
1
.lowkeytripping
ℭ𝔥𝔯𝔬𝔪𝔢 :
Bio hazard suit so tuff bro
2025-10-04 03:53:20
2
sophia.juliet1
sophia :
bsffff
2025-10-03 22:41:23
1
sophia.juliet1
sophia :
yes the 8th & 5th slide me💁‍♀
2025-10-03 22:41:18
1
To see more videos from user @bipohir, please go to the Tikwm homepage.

Other Videos

နန်းဝေဝေမြင့်ရဲ့ ဝတ်စားဆင်ယင်မှုကြောင့် ဓမ္မစကူးအဖွဲ့နဲ့ မသက်ဆိုင်တော့ကြောင်း သဘောထားထုတ်ပြန် အောက်တိုဘာ ၁၆၊ ၂၀၂၄ ZY(VOM) သရုပ်ဆောင် နန်းဝေဝေမြင့်ဟာ မန္တလေးမြို့ဖျော်ဖြေပွဲတခုမှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ကန်တဲ့ ကိစ္စရပ်တွေက ဓမ္မစကူးနဲ့ သက်ဆိုင်ခြင်းမရှိဘဲ  သူမဟာလည်း ယခုအခါ ရှမ်းအရှေ့၊ တာချီလိတ်ရဲ့ ဓမ္မစကူးအဖွဲ့နဲ့ မသက်ဆိုင်တော့ကြောင်း တာချီလိတ်မြို့ ဓမ္မစကူးအဖွဲ့မှ ဒီကနေ့ အောက်တိုဘာလ ၁၆ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။ သူမဟာ ၂၀၁၄ ခုနှစ်မှာ ဓမ္မစကူး ဆရာမအဖြစ် သင်တန်းတက်ရောက်ခဲ့ပြီး ဓမ္မစကူး (Grade -2)ကို (၂၀၁၉-၂၀၂၀)ခုနှစ်မှာ ပညာသင်ကြားခဲ့တာ မှန်ကန်ခဲ့ပေမယ့် (၂၀၁၉)ခုနှစ်မှာ ကိုဗစ်ရောဂါတွေ ဖြစ်ပွားခဲ့တဲ့အတွက် ကျောင်းတွေပိတ်ခဲ့ရပြီးနောက် စာသင်ခြင်း အလုပ်ကို ရပ်နားခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဓမ္မစကူး ဆရာမ လုပ်နေတဲ့ကာလအတွင်း ဆိုရှယ်မီဒီယာ ပလက်ဖောင်းမှတဆင့်  ဓမ္မစကူးဆရာမ လုပ်ဆောင်တဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး ဖော်ပြရာမှ သူမအား လူသိများ ထင်ရှားလာတာ မှန်ကန်ပေမယ့် ၂၀၂၀ခုနှစ်နောက်ပိုင်းမှစကာ ရုပ်ရှင်သရုပ်ဆောင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းကိုသာ လုပ်ကိုင်နေသူ ဖြစ်တယ်လို့  တာချီလိတ်မြို့ ဓမ္မစကူးအဖွဲ့က ဆိုပါတယ်။ အဲဒီနောက်ပိုင်း ဆိုရှယ်မီဒီယာ အသုံးပြုတဲ့အခါ ဓမ္မစကူးဆရာမ လုပ်ခဲ့စဉ်က ပုံကိုအသုံးပြုကာ မြန်မာယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ ပုံရိပ်တွေနဲ့ ပတ်သတ်ပြီး ကန့်ကွက်မှုတွေ ရှိလာပေမယ့် ပရိုဖိုင်း ပြောင်းလဲတာမရှိသေးတဲ့အတွက် တာချီလိတ်မြို့နယ်၊ ဓမ္မစကူးကော်မတီ ဥက္ကဌ ဆရာတော်က နန်းဝေဝေမြင့် ဓမ္မစကူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝေဠုဝန်မဂ္ဂင်ရိပ်သာကျောင်းတိုက်ဆရာတော်မှ တဆင့် သူမကို ဓမ္မစကူးပုံရိပ်တွေ ပါဝင်တဲ့ သူမရဲ့ ပရိုဖိုင်းကို ချိန်းပေးဖို့ ဖုန်းနဲ့ဆက်သွယ် အကြောင်းကြားပြီး ဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီသတင်းထုတ်ပြန်ချက်နဲ့ ပတ်သတ်ပြီး အစည်းအဝေး ပြုလုပ်ရာမှာ မြို့နယ်ဓမ္မစကူး နာယကဆရာတော်၊ တောင်တန်းသာသနာပြုဗဟိုဓမ္မစကူးလ်မှ ဦးဣန္ဒဓမ္မ၊ မြို့နယ်ဓမ္မစကူးလ်ဥက္ကဌဆရာတော်၊ မစိုးရိမ်ကျောင်း ဓမ္မစကူးလ်မှ ဦးသာရိယ၊ မြို့နယ်ဓမ္မစကူး ဒုဥက္ကဌဆရာတော်၊ အလိုတော်ပြည့်ဓမ္မစကူးလ် သာသနဝေပုလ္လ အလိုတော်ပြည့်ကျောင်းမှ ဦးဇနိန္ဒ၊ မြို့နယ်ဓမ္မစကူးလ်အတွင်းရေးမှူးဆရာတော်၊ ဝေဠုဝန်ဓမ္မစကူးလ်ဌာန၊ ဝေဠုဝန်ကျောင်းတိုက်မှ ဦးနန္ဒိမာဝံသ(မဟကမ္မဌာနာစရိယ)၊ ဘုရားကြီးဓမ္မစကူးလ်ဌာန၊ ရန်အောင်မြေ ဘုရားကြီးကျောင်းတိုက်မှ ဦးဝိဇ္ဇာနန္ဒ၊ လွှမ်းမိုးဓမ္မစကူးလ်ဌာနသာသနေဝေပုလ္လလွမ်းတောရကျောင်းမှ ဦးဇောတိကနဲ့ မြို့နယ်သာသနာရေးမှူး ဒေါ်အေးသန္တာကျော်တို့က တက်ရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အခုလို သဘောထားထုတ်ပြန်ချက်နဲ့ ပါတ်သက်ပြီး သဘောထားမှတ်ချက် တစုံတရာပေးဖို့ သရုပ်ဆောင် နန်းဝေဝေမြင့်ကို VOMသတင်းဌာနက ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်ထိတော့ အကြောင်းပြန်တာ မရှိသေးပါဘူး။ နန်းဝေဝေမြင့်ဟာ လက်ရှိကာလမှာ ကြော်ငြာနဲ့ သီချင်းဗီဒီယိုတွေ၊ ရုပ်ရှင်တွေမှာ သရုပ်ဆောင်အဖြစ် ရပ်တည်နေသလို ဘားတွေနဲ့ စားသောက်ဆိုင်တွေမှာ သီချင်းသီဆိုဖျော်ဖြေတဲ့ အလုပ်နဲ့ ရပ်တည်နေသူ ဖြစ်ပြီး သူမရဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ ပါတ်သက်လို့ မကြာခဏဆိုသလို ဝေဖန်ခံနေရသူလည်း ဖြစ်ပါတယ်။ #နန်းဝေဝေမြင့် #ဓမ္မစကူး #VoiceofMyanmar

About