@sidneygabower644:

Sidney Gabower
Sidney Gabower
Open In TikTok:
Region: NG
Thursday 23 October 2025 13:34:42 GMT
4757
51
4
130

Music

Download

Comments

user551365862576
Curtis Finckel :
This is what you do find a man for yourself do the exact same thing to her and throw it in her face, but understand this as a guy I want to choose the woman over the guys because I know I’m gonna get kisses from her and hugs and I’m trying to keep itfamily friendly
2025-10-23 21:42:48
16
jonclarke586g7
jonclarke586g7 :
😊😊😊
2025-12-03 03:06:44
11
To see more videos from user @sidneygabower644, please go to the Tikwm homepage.

Other Videos

ဒသမတန်း(ဆယ်တန်း)စနစ်ဟောင်းရဲ့ နောက်ဆုံးအသုတ်က ကျောင်းသားကျောင်းသူတွေဟာလည်း တော်တော်ကိုဇာတ်နာရတဲ့၊ တကယ်ကို သနားစရာကောင်းတဲ့ မျိုးဆက်တစ်ခုပါ။ နောက်ဆုံးနှစ်၊ နောက်ဆုံးအတန်းရောက်မှ Covid ဖြစ်ပြီး ကျောင်းတွေပိတ်သွားတယ်။ ဒါပေမယ့် အဲ့ဒီအချိန်က ကလေးတွေက မျှော်လင့်ချက်မပျက်သေးဘူး။ ခက်ဆစ်တွေ ကြိုးကျက်ကြတယ်။ Grammar တွေ၊ မေးခွန်းဟောင်းတွေ ကြည့်လေ့လာကြတယ်။ စာမေးပွဲကြီးအတွက် အပြိုင်အဆိုင် ကြိုးစားပြင်ဆင်နေခဲ့ကြတယ်။ ဘာသာစုံဂုဏ်ထူးနဲ့ The Whole Burma စာရင်းထဲဝင်ဖို့အထိ အိမ်မက်ခဲ့ကြတဲ့ ကလေးတွေ ရှိခဲ့တယ်။ထင်ထားခဲ့ကြတာက ဆယ်တန်းပြီးရင် တက္ကသိုလ်တက်မယ်။ ဘွဲ့ရမယ်။ တစ်ယောက်က ဆရာဝန်ဖြစ်မယ်။ တစ်ယောက်က အင်ဂျင်နီယာဖြစ်မယ်။ ကိုယ့်ဘဝကို တဖြည်းဖြည်းတည်ဆောက်သွားမယ်ပေါ့။ ဒါပေမယ့် အိမ်မက်တွေ မပြည့်ခင်မှာပဲ အရာအားလုံး ပြောင်းသွားတယ်။ အာဏာသိမ်းတာတွေဖြစ်တော့ အားလုံးဖရိုဖရဲတွေ ဖြစ်လာခဲ့ကြတယ်။ အဲ့အချိန်မှာ တချို့ ကျောင်းသူလေးတွေဟာ အိမ်ဖော်၊ အကူပိုင်းတွေကို အမအကူတွေနဲ့သွားကုန်ကြတယ်။ တချို့တွေက ထိုင်း၊ မလေးတွေကို ထွက်ကုန်ကြတယ်။ တချို့တွေက အမျိုးသားကျောင်းတွေမှာ တက်ကြတယ်။ Beca နဲ့ ပထမဆုံးအကြိမ် ဖြေဆိုကြတယ်။ ဒါပေမယ့် အဲ့ကျောင်းသားကျောင်းသူတော်တော်များလည်း နောက်ဆုံးကျ တစ်ချိန်ကျအသုံးဝင်လာမှာပါဆိုတဲ့မျှော်လင့်ချက်နဲ့ သိမ်းထားရတဲ့ အောင်လက်မှတ်လေးပဲ ကျန်နေခဲ့တယ်။ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ စတဲ့နိုင်ငံအသီးသီးဆီ ခြေလှမ်းတွေ စခဲ့ကြရတယ်။ လမ်းလျှောက်ရင်း လမ်းတွေပျောက်ကုန်ကြတယ်။ အဲ့ဒီမှာ ပိုနာတာက—တစ်ချိန်က ဆယ်တန်းစာမေးပွဲအတွက် အပြိုင်အဆိုင် စာကျက်ခဲ့တဲ့ ကလေးတွေဟာ အခု
ဒသမတန်း(ဆယ်တန်း)စနစ်ဟောင်းရဲ့ နောက်ဆုံးအသုတ်က ကျောင်းသားကျောင်းသူတွေဟာလည်း တော်တော်ကိုဇာတ်နာရတဲ့၊ တကယ်ကို သနားစရာကောင်းတဲ့ မျိုးဆက်တစ်ခုပါ။ နောက်ဆုံးနှစ်၊ နောက်ဆုံးအတန်းရောက်မှ Covid ဖြစ်ပြီး ကျောင်းတွေပိတ်သွားတယ်။ ဒါပေမယ့် အဲ့ဒီအချိန်က ကလေးတွေက မျှော်လင့်ချက်မပျက်သေးဘူး။ ခက်ဆစ်တွေ ကြိုးကျက်ကြတယ်။ Grammar တွေ၊ မေးခွန်းဟောင်းတွေ ကြည့်လေ့လာကြတယ်။ စာမေးပွဲကြီးအတွက် အပြိုင်အဆိုင် ကြိုးစားပြင်ဆင်နေခဲ့ကြတယ်။ ဘာသာစုံဂုဏ်ထူးနဲ့ The Whole Burma စာရင်းထဲဝင်ဖို့အထိ အိမ်မက်ခဲ့ကြတဲ့ ကလေးတွေ ရှိခဲ့တယ်။ထင်ထားခဲ့ကြတာက ဆယ်တန်းပြီးရင် တက္ကသိုလ်တက်မယ်။ ဘွဲ့ရမယ်။ တစ်ယောက်က ဆရာဝန်ဖြစ်မယ်။ တစ်ယောက်က အင်ဂျင်နီယာဖြစ်မယ်။ ကိုယ့်ဘဝကို တဖြည်းဖြည်းတည်ဆောက်သွားမယ်ပေါ့။ ဒါပေမယ့် အိမ်မက်တွေ မပြည့်ခင်မှာပဲ အရာအားလုံး ပြောင်းသွားတယ်။ အာဏာသိမ်းတာတွေဖြစ်တော့ အားလုံးဖရိုဖရဲတွေ ဖြစ်လာခဲ့ကြတယ်။ အဲ့အချိန်မှာ တချို့ ကျောင်းသူလေးတွေဟာ အိမ်ဖော်၊ အကူပိုင်းတွေကို အမအကူတွေနဲ့သွားကုန်ကြတယ်။ တချို့တွေက ထိုင်း၊ မလေးတွေကို ထွက်ကုန်ကြတယ်။ တချို့တွေက အမျိုးသားကျောင်းတွေမှာ တက်ကြတယ်။ Beca နဲ့ ပထမဆုံးအကြိမ် ဖြေဆိုကြတယ်။ ဒါပေမယ့် အဲ့ကျောင်းသားကျောင်းသူတော်တော်များလည်း နောက်ဆုံးကျ တစ်ချိန်ကျအသုံးဝင်လာမှာပါဆိုတဲ့မျှော်လင့်ချက်နဲ့ သိမ်းထားရတဲ့ အောင်လက်မှတ်လေးပဲ ကျန်နေခဲ့တယ်။ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ စတဲ့နိုင်ငံအသီးသီးဆီ ခြေလှမ်းတွေ စခဲ့ကြရတယ်။ လမ်းလျှောက်ရင်း လမ်းတွေပျောက်ကုန်ကြတယ်။ အဲ့ဒီမှာ ပိုနာတာက—တစ်ချိန်က ဆယ်တန်းစာမေးပွဲအတွက် အပြိုင်အဆိုင် စာကျက်ခဲ့တဲ့ ကလေးတွေဟာ အခု "ဆယ်တန်းအောင်လား" လို့ မေးခံရရင် ဘာဖြေရမှန်း မသိတော့ဘူး။ "အောင်လက်မှတ်ရှိလား" လို့ မေးလာရင်လည်း ပြစရာ စာရွက်တစ်ရွက် မရှိဘူး။ တစ်ဖက်ကိုသွားတက်ခဲ့ကြတဲ့ ရွယ်တူတွေကပဲ လမ်းရွေးမှန်ခဲ့ကြသလိုလိုနဲ့၊ ဘွဲ့တွေယူကြတော့မယ်။ သူတို့ဘဝတွေမှာ ပုမကျပန်းမကျ။ Bc လုပ်ကြတယ်ဆိုတာကလည်း ဆွမ်းကြီးဝိုင်းလောင်းသလို "ဟော၊ သူက ဘာညာဘာညာ" ဆိုမှ ဝိုင်းပြီး ဆွဲကြ၊ Bc ကြတာ။ အချိန်ခဏပြီးရင် အကုန်မေ့၊ သူတို့ဘဝတွေက ပုံမှန်အတိုင်း အနာဂတ်တွေနဲ့ လည်ပတ်လို့။ ဒီဘက်က ဘဝတွေကျ ဘာဖြစ်နေရလဲဆို အိမ်အကူတွေဖြစ်နေကြပြီ။ kitchen helper တွေဖြစ်နေကြပြီ။ cleaner တွေဖြစ်နေကြပြီ။ ပန်းကန်ဆေးသမားတွေဖြစ်နေကြပြီ။ တစ်ချိန်က အနာဂတ်အတွက် အားခဲပြီး စာကျက်ခဲ့တဲ့ ကလေးတွေ၊ စာတော်ကြပါတယ်ဆိုတဲ့ ကလေးတွေဟာ အခုတော့ သူတို့အရည်အချင်းကို သက်သေပြဖို့တောင် အခွင့်အရေးမရှိတော့ဘူး။ ဒါဟာ သူတို့ မတော်ကြလို့မဟုတ်ဘူး။ စာမကြိုးစားခဲ့ကြလို့လည်း မဟုတ်ဘူး။ တကယ်တော်ခဲ့ကြတဲ့ ကလေးတွေပါ။ အခု သူတို့ဘဝမှာ ကျန်ခဲ့ရခဲ့တာက ဘွဲ့တစ်ခုမဟုတ်ဘူး။ အောင်လက်မှတ်တစ်ခုလည်း မဟုတ်ဘူး။ "တစ်နေ့ကျရင်..." လို့ ပြောခဲ့ဖူးတဲ့ အိမ်မက်ဟောင်းတွေပဲ။ ရင်ကိုဖွင့်လို့ပြချင်တယ်။ တချို့အိမ်မက်တွေက မအောင်မြင်လို့ ပျောက်သွားတာ မဟုတ်ဘူး။ အိမ်မက်မက်နေတဲ့ကလေးတွေကို အဲ့ဒီအိမ်မက်ဆီ ဆက်သွားခွင့်မပေးခဲ့လို့ ပျောက်သွားတာပါ။ အဲ့ဒါကြောင့် ဒီမျိုးဆက်ကို ပြန်ကြည့်တိုင်း ဆယ်တန်းအောင်၊ မအောင်ဆိုတာထက် ပိုပြီးတွေးမိတဲ့အရာက "အဲ့ဒီအချိန်တွေ အတိုင်းသာ ဆက်သွားခဲ့ရင် ဒီကလေးတွေ အခု ဘာတွေဖြစ်နေကြမလဲ..." ဆိုတာကိုပဲ...။ 🍀 လေးစားစွာဖြင့် 🖋️ Zaw Credit ပေးပါတယ်

About