@yeeyeebookshop: ခွဲစိတ်တဲ့ပညာကို ဝါသနာပါလွန်းလို့ ဆေးကျောင်းမှာတည်းက ခွဲစိတ်တာကိုပဲ ဦးစားပေးလေ့လာခဲ့တဲ့သူ၊ ရင်ခွဲရုံမှာဆို အလောင်းတွေကို သူပဲအများဆုံးခွဲစိတ်ခဲ့သူ ခွဲစိတ်ရမယ်ဆိုလာထား ရှေ့ကချည်း တက်ကြွနေတတ်တဲ့သူ ၊ ရင်ခွဲရုံစောင့်ကို လက်ဖက်ရည်တိုက်ရ ကွမ်းယာကျွေးရနဲ့ မျက်နှာလုပ်ခဲ့ရသူ ။ ငယ်ငယ်က သထုံနယ်တဝိုက်မှာ ကျိကျိတက် ချမ်းသာတဲ့ သူဌေးသားလေး ၊ ပညာလည်းတော်တော့ ဆေးကျောင်းရောက် အဲ့အချိန် တကယ့်ဆရာဝန်တွေတောင် ကားမစီးနိုင်သေးချိန် သူက ကိုယ်ပိုင်ကားနဲ့ ကျောင်းတက်နေပြီ ။ ဘဝအချိုးကွေ့မှာ ကိုယ်ကအမြင့်မှာပေမယ့် အနှိမ်ခံရသူတွေအတွက် တိုက်ပွဲဝင်ခဲ့သူ ။ အမှန်တရားအတွက်ဆို ခေါင်းမာလွန်း အထက်က လူတွေကို ပြန်တိုက်လွန်းလို့ လူကြီးတွေရဲ့အမုန်းခံရလည်း အပြုံးမပျက်တဲ့သူ ။ လူကြီးတွေရဲ့မျက်နှာမရတော့ သင်္ဘောဆရာဝန်ဘဝရောက် ၊ ပြီးတော့ ထားဝယ်ဘက်ပို့ခံရ ၊ နောက်တော့သူ့ဆရာရှိတဲ့ မန္တလေးဆေးရုံရောက်ပြီး ဘဝတည်ငြိမ်တော့မှ ရန်ကုန်က မတော်တဆမှုအတွက် သူ့ကိုအပြစ်ပုံချခံရပြီး နာဂတောင်တန်း ခန္တီးကို ပို့ခံရသူ ။ သူ့ကိုပို့တဲ့ဆရာကို "ဆရာတောင်မရောက်ဖူးတဲ့ဒေသကိုပို့တဲ့အတွက် အဲဒီမှာ ကျွန်တော့်နာမည် သိန်းလှိုင် မြန်မာပြည်မှာကျော်ကြားစေရမယ် ဆရာ့ကိုပါ ရအောင်ခေါ်ပြမယ် "ဆိုပြီး ကြုံးဝါးခဲ့သူ တကယ်လည်း သူ့ကိုပို့တဲ့ဆရာကို တောင်ပေါ်ကို ရအောင်ခေါ်နိုင်သူ ။ သူက လူ့ပြည်မှာ ပေးဆပ်ဖို့ ခွဲစိတ်ဖို့ မွေးဖွားလာတဲ့ဆရာဝန် နာဂတောင်တန်းမှာ သူက ရှားမှရှားတဲ့ဆရာဝန် ၊ သူက သူ့လူနာတွေအတွက် ခွဲစိတ်ဓားကိုင်ထားတဲ့ နတ်ဘုရားတစ်ပါး ၊ လူနာတွေဆေးရုံမလာလို့ လူနာတွေရှိတဲ့တောင်တန်းတွေအထိ ဆေးလွယ်အိတ်တစ်လုံးနဲ့ လိုက်ကုသူ ၊ အစိုးရလခ ၅၇၅ ကျပ်မှာ ၇၅ ကျပ်ပဲ မိသားစုကိုအပ်ပြီး ၅၀၀ ကို ဆေးရုံမှာ ပြန်သုံးသူ ၊ လူနာအတွက် သူ့ခေါင်းကိုပင် အာမခံ အပေါင်ထားပြီး ခွဲပေးတဲ့ တကယ့်ဆရာဝန်ကြီး ။ အဲဒီ မြတ်နိုးဖွယ် တန်ဖိုးထားဖွယ်ကောင်းတဲ့ နတ်ဆရာကြီးအကြောင်းကို ဆရာညီပုလေးက ဝတ္ထုရေးတဲ့အခါမှာ အမျိုးသားစာပေဆုရရှိခဲ့ပါတယ် ။ မြန်မာ့စာပေသမိုင်းမှာ ဂုဏ်သိက္ခာကြီးမားတဲ့ဝတ္ထုပါ ။ review Crd #yeeyeebookshop #fyp #viral #ထက်မြက်တဲ့ဓားသွားပေါ်ကချိုမြမြပျားရည်စက် #creatorsearchinsights
Yie's bookshop 📚
Region: MM
Tuesday 25 November 2025 13:00:39 GMT
Music
Download
Comments
S. :
တခွန်းပဲပြောမယ် စောက်ရမ်းကောင်းတယ်
2025-11-26 10:41:38
102
🐇🍀 :
ဦးသိန်းလှိုင်ကြီးကိုတွေ့ချင်စိတ်တွေ တဖွားဖွားပေါ်ခဲ့ရတာပေါ့ သိပ်ကောင်းလွန်းတယ်ဆရာညီပုလေးရေ ပထမဦးဆုံး ဆရာ့စာအုပ်ကိုဖတ်ဖူးခြင်းပါ♥
2025-11-26 11:51:43
96
Win Win Myat :
စာအုပ်လေးမှာလျင်လို့ရလားရှင့် ဘယ်လောက်လည်း
2025-11-26 22:45:06
1
Big Mouse :
ဖတ်နေရင်းနဲ့ ပြီးသွားမှာဆိုးလို့ မပြီးပါနဲ့ဦး ကျိတ်ပြီး ဆုတောင်းနေရတဲ့ စာအုပ်မျိုးပါ။ကျတော်အကြိုက်ဆုံး စာအုပ် ၁၀အုပ်ထဲမှာပါတယ်။🥰🥰🥰
2025-11-28 04:23:00
7
1995 :
ဖတ်နေရင်းနဲ့ကြက်သီးထတဲ့အခန်းက ဆရာကြီးနာဂသိန်းလှိုင် အဖေကြုံတွေ့ရတဲ့ပရလောကအတွေ့အကြုံပဲ
2025-11-26 14:52:22
10
Yoon :
နာဂဦးသိန်းလှိုင်ကအဲ့ကပြောင်းပီးတို့မေမေဇာတိတောင်ငူမာတာ၀န်ကျတာ သိပ်လေးစားဖို့ကောင်းတာပဲတဲ့ စာအုပ်လေးကလဲဖတ်လို့ကောင်းတယ်😭ဗဟုသု တတွေလဲအများကြီး
2025-12-18 16:50:03
2
thazin :
နှစ်ခါဖတ်လည်းကြိုက်နေတုန်းပဲ
2025-11-26 02:57:03
7
Shoon Po :
စာအုပ်မှာလို့ရသေးလားရှင့်
2025-12-17 09:08:28
1
knj :
မှာလို့ရလားရှင့်
2025-12-19 05:59:28
1
Kaung :
3 ရက်ဆက်တိုက် အဲ့တာကြီးထိုင်ဖတ်ရတာ ပြီးသွားမှာတောင်ကြောက်တယ်
2025-11-30 06:43:52
1
Chole :
စာအုပ်လေးမှာလို့ရသေးလားရှင့်
2025-12-08 03:09:08
1
user325555496808Shwe Yin Mar :
လူသာ သေသွားတာ သူရဲ့ဂုဏ်သတင်းကတော့မပပျောက်သွားဘူး။
2025-11-27 02:28:21
4
Owen699 :
နေတိုးတောင်ရုပ်ရှင်ရိုက်ဖူးထားလားမသိဘူး အဲ့ဝတ္ထုအကြောင်းကိုလေ
2025-12-08 17:00:06
2
lantern :
waiting time ေလးနဲ့
codရလားရမသိဘူးရှင့်
2025-12-03 03:03:57
1
Sai Min Htet :
mdy cod ရလားဗျ
2025-12-23 06:37:59
1
♍ :
ခုဖတ်နေတာလေ ပြီးတော့မှာ သုတ၊ရသစုံပဲ🥰🥰🥰🤭🤭
2025-12-12 09:36:20
2
Htet Myat Thu :
ဖတ်ချင်တယ်
2025-12-17 07:09:29
1
PEACE boy⚛️☸️☮️☪️☦️🔯🇻🇦 :
စာအုပ်မှာချင်တယ် ရသေးလားဗျ
2025-12-24 15:12:25
1
Nwe Nwe :
ဘယ်မှာဝယ် ရမလဲ
2025-11-28 11:17:29
1
𝝑𝑒 :
price lay please
2025-11-28 11:46:15
1
Wut Yi Khin :
တကယ့်ကိုလေးစားရတဲ့ပုဂ္ဂိုလ်ကြီး❤️
2025-12-16 06:43:00
1
sakura💘 :
sisterကြီးတယောက်ပြောပြဖူးတဲ့ဇာတ်လမ်းလေးတပုဒ်ဆေးရုံမှာတခုခုမှားလို့ဆူခံရတိုင်းသူ့အကြောင်းလေးတွေးမိဖစ်သွားတယ်
2025-12-18 04:04:34
1
Su Hlaing Hmway :
မှာချင်ပါတယ်ရှင်
2025-11-27 04:37:08
1
moemoekhinemarlar :
ဖတ်ချင်ပါတယ် ဘယ်လိုမှာရမလဲ သိပါရစေ 🙏
2025-11-27 03:59:05
1
shwesinhtun620 :
စာအုပ်နာမည်ကဆွဲဆောင်လို့ ဖတ်ပြီး ကြုိက်ခ့ဲရတ့ဲစာအုပ်🥰🥰
2025-11-28 00:25:53
2
To see more videos from user @yeeyeebookshop, please go to the Tikwm
homepage.