@pidesurpass001: 𝙏𝙝𝙚 𝙧𝙝𝙞𝙣𝙚𝙨𝙩𝙤𝙣𝙚-𝙚𝙢𝙗𝙚𝙡𝙡𝙞𝙨𝙝𝙚𝙙 𝙧𝙪𝙛𝙛𝙡𝙚𝙙 𝙘𝙡𝙪𝙩𝙘𝙝 𝙞𝙨 𝙥𝙚𝙧𝙛𝙚𝙘𝙩 𝙛𝙤𝙧 𝙖𝙩𝙩𝙚𝙣𝙙𝙞𝙣𝙜 𝙖 𝙛𝙧𝙞𝙚𝙣𝙙'𝙨 𝙥𝙖𝙧𝙩𝙮.🥳🥳#fallfashion #eveningbag #bag #handbag #christmasgiftideas

PIDE Surpass
PIDE Surpass
Open In TikTok:
Region: US
Friday 28 November 2025 01:00:00 GMT
115
0
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @pidesurpass001, please go to the Tikwm homepage.

Other Videos

==========={ 🙏 }========== စွဲလန်းခြင်းကြောင့်တမ်းတမှုဖြစ်တယ်။ မစွဲလန်း ခြင်းကြောင့် တမ်းတ မှု မဖြစ်ဘူး။ ဆိုလိုတာ က စွဲလန်းနေရင် တမ်းတမယ်။ မစွဲလန်းရင် မတမ်းတဘူး။ အဲ့တော့ လူတွေဟာ ဘာကြောင့် တမ်းတ နေကြသလဲ။ ဘာကြောင့် မွတ်သိပ်နေကြသလဲ ဆိုရင် စွဲလန်းမှုကြောင့်ဖြစ်တယ်။ အဲ့ဒီ စွဲလန်းမှုကို မစွဲလန်းအောင်လို့ မြတ်စွာ ဘုရားက ဝိပဿနာ တရား အားထုတ်ဖို့ ၊ အမှန်မြင်ဖို့၊ဒီ သုတ္တန် တွေကို ဟောတာပဲ။ အဲ့တော့ ဝိပဿနာ တရားအားထုတ်တယ် ဆိုတာ အစွဲ ဖြုတ်ဖို့ ဟောတာပဲ။ အစွဲဆိုတာ ထင်ရှားတာ တစ်ခုပြောမယ်ဆိုလို့ရှိရင် မှောင်စပျိုးတဲ့အချိန်မှာ လမ်းပေါ်မှာ ကျနေတဲ့ ကြိုးကြီးကို မြွေကြီးလို့ ထင်နေတယ်။ အဲ့တာ ဒိဋ္ဌိနဲ့တူတယ်။ မြွေလို့ ထင်လိုက်တာ နဲ့ တပြိုင်နက် ကြောက်စိတ်တွေ ဝင်လာတယ်။ သစ်ငုတ်တိုကြီးကို သစ်ငုတ်တိုလို့ မမြင်ပဲနဲ့ သရဲကြီးလို မြင်လိုက်တာ နဲ့ ကြောက်စိတ်တွေ ဝင်သွားတယ်။ အဲ့ဒီ ကြောက်စိတ်က ဘယ်က လာတာတုန်း။ မှားယွင်းတဲ့ အမြင်တစ်ခုကို အကြောင်းပြုပြီး ဝင်လာတာ။ ဒါက ဒိဋ္ဌိကြောင့်ဖြစ်တဲ့ ကြောက်လန့်တုန်လှုပ်မှု။ တစ်ခါ တဏှာနဲ့ တွေးလိုက် တယ်။ ပစ္စည်းတစ်ခုကို ငါ့ဟာလို့ အသိအမှတ်ပြုလိုက်တာနဲ့ တပြိုင်နက်  ကိုယ့်ဟာလို့ သတ်မှတ်လိုက်တာ နဲ့ တပြိုင်နက်  အဲ့ဒီပစ္စည်း ဆုံးရှုံးနစ်နာသွားမှာ စိုးရိမ်လာတယ်။ စောင့်ရှောက်တော့တာပဲ။ ကိုယ့်ဟာလို့ဆိုရင် လုံခြုံအောင် လုပ်လာကြပြီလေ။ ကိုယ်မပိုင်ခင်က မစွဲလန်းဘူး။ ဥပမာမယ် အိမ်အသစ်တစ်လုံးဝယ်တယ် ဆိုပါစို့။ သွားကြည့်ပြီးတော့ သဘောကျလို့ ပိုက်ဆံ ချေလိုက်ပြီ။ ကိုယ်ပိုင် သွားပြီ ဆိုလို့ ရှိရင် ဒါ အဲ့ဒီအိမ်အပေါ်မှာ စွဲလန်းမှု ဖြစ်သွားပြီ။ အဲ့ဒါကျတော့ တဏှာ စွဲလန်းမှုလို့ခေါ်တယ်။ တစ်ခါ လူတစ်ယောက် ကိုယ်နဲ့ လက်ဆက်တာပဲ ဖြစ်စေ၊ကိုယ့်သားသမီးပဲဖြစ်စေ ၊ကိုယ့်ဆွေမျိုး ဉာတိပဲ ဖြစ်စေ၊နောက်ဆုံးမာ ကိုယ်နဲ့ရင်းနှီးတဲ့မိတ်ဆွေပဲ ဖြစ်စေ  ပစ္စည်းအပေါ်မှာ စွဲလန်းသလို လူတွေမှာလည်း ငါ့ရဲ့ မိတ်ဆွေ၊ငါ့ရဲ့ သူငယ်ချင်း၊ငါ့ရဲ့ ဆွေမျိုး ဆိုတဲ့ အတွေးတွေနဲ့သိမ်းပိုက်လိုက်ပြီ ဆိုလို့ရှိရင် နောက်ကဘာလိုက်လာတုန်း ဆိုရင် တမ်းတမှုဆိုတာ ဖြစ်လာတယ်။ သူနဲ့ပက်သက်လာတဲ့ အခါကျတော့ ကြောင့်ကြမှုတွေ တမ်းတ မှုတွေ ဆက်လာတယ်။ စိုးရိမ်မှုတွေ ဆက်သွယ်လာတယ်။ ကိုယ်မသိတဲ့ လူတစ်ယောက်ဘယ်သူမှ မစိုးရိမ်ဘူး။ ကိုယ်မပိုင်တဲ့ ပစ္စည်းတစ်ခု အတွက်လည်း ဘယ်သူမှ မစိုးရိမ်ဘူး။ စိုးရိမ်တယ် ဆိုတာ တွေဟာ သိမ်းပိုက်ထားပြီးတဲ့ နောက်မှာပဲ ဖြစ်တာ တွေ အကုန်လုံးက။ အကယ်၍ ကိုယ်ဟာ အဲ့ဒီအိမ်ကို ရောင်းပစ်လိုက်ပြီ ဆိုလို့ရှိရင် အဲ့ဒီအိမ်နဲ့ ပက်သက်မှုက မရှိတော့ဘူး။ မရှိတဲ့အခါကျတော့ တမ်းတမှုက ပျောက်သွားပြန်ရော။ လွတ်သွားပြန်တယ်။ ဒါစဥ်းစားကြည့်လိုက်ရင် ဒီတိုင်းပဲ အကုန်လုံး။ လူချင်းမှာလည်း တစ်ယောက်နဲ့ တစ်ယောက်မတည့်လို့ ခွဲခွါလိုက်ကြပြီဆိုလို့ရှိရင်  သံယောဇဥ်ပြတ်လိုက်တာနဲ့ မပူပန်တော့ပြန်ဘူး။ အဲ့တာ ဟာ မြတ်စွာဘုရားဟောတဲ့ တရားရဲ့ လက်တွေ့ကျတဲ့ သဘာဝတွေပဲ။ ဒါ ဘုရားတရားတော် ဆိုတာ တကယ့် ဖြစ်ပျက်နေတာတွေကိုဟောတာ။ ကိုယ်ကပဲ ချော်ပြီးတော့ တွေးနေကြလို့။ ကိုယ်က အတွေးချော်နေတယ်။ အလွဲထင်နေကြလို့။ ပြဿနာတွေ ဖြစ်နေတာ။ မြတ်စွာဘုရား တရားက ရိုးရိုးရှင်းရှင်းလေးပဲ ဟောတာ။ လူ့သဘာဝအတိုင်းပဲဟောတယ်။ လောကကြီးမှာ ဒုက္ခပေးနေတာဟာ လွဲမှားတဲ့ အမြင်ကြောင့်လည်း ဒုက္ခပေးတယ်။ သစ်ငုတ်တိုကို သရဲလို့ထင်တာဟာ လွဲမှားတဲ့ အမြင်။ ကြိုးကို မြွေလို့ထင်တာ ဟာ လွဲမှားတဲ့ အမြင်။ ဒိဋ္ဌိ။ ကိုယ်ပိုင်ဆိုင်ထားတဲ့ ကိုယ်နဲ့ ပက်သက်တဲ့ ပုဂ္ဂိုလ်ကို ငါ့ဟာလို့တွေး တာ။ ကိုယ့်ကိုယ်ကို ကျတော့ ငါဆိုတဲ့ အတွေးနဲ့ တွေးပြန်တယ်။ ကိုယ့်ကိုယ်ကိုယ် ကို ငါလို့တွေးတာဟာ မှားယွင်းတဲ့ အမြင်နဲ့တွေးတာ။ တကယ်ကတော့ သဘာဝတရားသက်သက်မျှသာ ဖြစ်တယ် ဆိုတာ။ ခံယူချက်ကို အဲ့တိုင်းထားရမယ်။ ကိုယ့်ကိုယ်ကို ငါလို့ မြင်နေခြင်းဟာလည်း မှားယွင်းတဲ့ အမြင်တစ်ခု သစ်ငုတ်တိုကို သရဲလို့မြင်တဲ့ပုံစံမျိုးပဲ။ သဘာဝတရားသက်သက်ကို သဘာဝတရားလို့ မမြင်ပဲနဲ့ ငါလို့ မြင်နေခြင်းဟာ ဒိဋ္ဌိရဲ့ အမြင်သာဖြစ်တယ်။ ဒိဋ္ဌိရဲ့ အမြင်သည် စွဲလန်းသွားသည့်အတွက်ကြောင့် ကိုယ့်ကိုယ်ကို အပေါ်မှာ စွဲလန်းနေသည့်အတွက်ကြောင့် စိုးရိမ်သောကတွေ ဖြစ်လာတယ်။ အဲ့တာကြောင့်မို့လို့ မြတ်စွာဘုရားဟောတယ်။ ဥပါဒါပရိဒဿနံ အဲ့စကားလုံးလေးကို မှတ်ထားဖို့လိုတယ်နော်။ ဥပါဒါ ဒိဋ္ဌိအမြင်နဲ့မှားယွင်းစွာ ရှုမြင်မှု၊တဏှာအမြင်နဲ့ သိမ်းပိုက်မှုဆိုတဲ့ စွဲလန်းမှု နှစ်ခုကြောင့် ပရိဒဿနာ တမ်းတမှုတွေ ဖြစ်လာရတယ်။ အမှန်တိုင်းသိရင် တမ်းတစရာ မရှိတော့ဘူး။ အမှန်အတိုင်းမြင် တဏှာ ဒိဋ္ဌိမရှိရင် စွဲလန်းမှုဆိုတာ မဖြစ်လာတော့ဘူး။ မဖြစ်လို့ရှိရင် တောင့်တတာ မရှိတော့ဘူး။ အဲ့တော့ အဲ့ဒီစကားလုံးလေး နှစ်လုံးနဲ့ မြတ်စွာဘုရားက ဟောထားတာ။ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ  စွဲလန်းခြင်းနှင့်တမ်းတခြင်း တရားတော်မှ ထုတ်နုတ်တင်ပြပါသည်။ Credit to original 🙏🙏🙏 Crd Kyaw Swar (Facebook) __________________________________ •မူရင်းရေးသားသူ/ •ဖြန့်ဝေသူအားလုံးဂါရဝပြုပါသည် •(  #ဓမ္မသုတလမ်း )

About