@mimi_lay0: တစ်နေ့မှာ ရုတ်တရက်ကြီး ငါသူ့ကို မလိုချင်တော့ဘူး ဆိုတဲ့ ခံစားချက် ဖြစ်လာတယ်။ ထူးတော့ထူးဆန်းတာပေါ့ … အချိန်တွေ တော်တော်ကြာ သည်အထိ သူက ငါ့ဘဝအတွက် အရာရာပဲလို့ ထင်မှတ် နေခဲ့တာလေ။ သူ့ ရင်ခွင်ထဲမှာ ဘယ်လောက်တောင် လုံခြုံနွေးထွေးမှုကို ခံစားရစေခဲ့လဲဆိုတာတွေ၊ အတူသွားခဲ့တဲ့ နေရာတွေ၊ အသက်ဝင်နေသလား ထင်ရတဲ့ ဓာတ်ပုံအဟောင်းတွေ … ပြီးတော့ သူ့ကြောင့် ကျခဲ့ရတဲ့ မျက်ရည်တွေ …အားလုံး ကို သတိရမိတယ်။ သန်းခေါင်ယံကျော်သည်အထိ အိပ်မပျော်ခဲ့ရတဲ့ ညတွေမှာ နှလုံးသားဟာ ခန္ဓာကိုယ်ရဲ့ အလေးလံဆုံး သော အစိတ်အပိုင်းပဲ။ အချစ်ဆိုတာ ဒီလိုခံစားငိုကြွေးနေရတဲ့ အိပ်ပျက်ညတွေ မဟုတ်ကြောင်း ထပ်ဖန်တလဲလဲ ရေရွတ်ရင်း … လူတစ်ယောက်အပေါ် ချစ်ခဲ့မိတဲ့ အချစ်တွေကို နေ့ချင်းညချင်း ရပ်တန့်ပစ်နိုင်သွားတာမျိုး မဟုတ်ပေမယ့် မှန်ထဲက မျက်ရည်စက်တွေကို နှစ်သိမ့် ပေးနိုင်ဖို့ ကိုယ့်ကိုယ်ကို ပို ချစ်ပေးရမှာပါလား လို့ ပြန်တွေးမိတယ်။ ဆရာမင်းခိုက်စိုးစန်က ပြောတယ် … အချစ်ဆိုတာ မင်းကို သ(တ်) ဖို့လုံလောက်တဲ့ စွမ်းအင်ကို လူ တစ်ယောက်ရဲ့ လက်ထဲ ထည့်ပေးပြီး သူမင်းကို မသ(တ်) ပစ်ပါဘူးလို့ ယုံကြည်နေရခြင်းပါပဲ တဲ့။ အခုတော့ မင်းကို ချစ်တတ်အောင် သင်ပေးရမယ့်အစား ကိုယ့်ကိုယ်ကိုပဲ မချစ်သင့်တာကို မချစ်မိအောင် ဆုံးမ ပေးရတော့မယ်။ ချစ်နေရခြင်းကို ဖယ်ကြည့်လိုက်ရင် အရာအားလုံးက ဒဏ်ရာတွေ ဆိုတာကိုတော့ ဆရာ အောင်ချိမ့်နဲ့အတူ အပြည့်အဝ လက်ခံလိုက်ပြီ။ ဒါပေမယ့် … ကိုယ်ကတော့ အကြိမ်ပေါင်းများစွာ ရှိုက်ကြီးတငင် ငိုခဲ့ပါတယ်။ နာလွန်းတဲ့အခါ ကလေးတစ်ယောက်လို ငိုခဲ့ပြီး အရေထူသွားတဲ့ပုံစံတူ အမှားတွေကိုတော့ အကယ်ဒမီရလောက်တဲ့ မျက်ရည် ပမာဏနဲ့ တုံ့ပြန်ခဲ့တယ်။ အဲ့ဒီအချိန်တွေမှာသာ တစ်ယောက်ယောက်က ဘဝမှာဘယ်အရာကို မလိုချင်ဆုံးလဲ လို့ မေးခဲ့ရင် မျက်လုံးတွေ ဖူးယောင်နေသလားဆိုတာ သိရဖို့ မနည်းဖွင့်ကြည့်ခဲ့ ရတဲ့ မနက်ခင်းတွေပဲ လို့ ဝန်ခံမိမှာပါ။ I want to sleep without any fight and argument#crd

𐙚咪ℳ𝒾ᵐˡ✰^ྀི
𐙚咪ℳ𝒾ᵐˡ✰^ྀི
Open In TikTok:
Region: ES
Saturday 29 November 2025 07:29:28 GMT
1760368
135943
271
17584

Music

Download

Comments

honeyzin238
🍒𝓩𝓲𝓷 𝓜𝓪𝓻🍒 :
ဟိုရက်ကကျသေတော့မလိုပဲ ခုကျသူပြန်လာတာတောင်လက်ခံလို့မရတော့ဘူး🥺
2025-12-01 01:33:30
94
daw.marlar.thyn
M rat ♒️ :
တစ်နေ့တုန်းကပေါ့ သူမရှိရင် မဖစ်ဖူးထင်ခဲ့မိတာ🤭
2025-11-29 11:37:59
12
chitsnowoo02
Chit Snow Oo :
စာလေး ယူချင်လို့ရမလားရှင်💓
2025-11-30 11:39:41
3
lulu8897012
Ma Lu :
ရုတ်တရက်ကြီးဆိုတဲ့ အခြေအနေဆိုတာ မရှိခဲ့ပါဘူး သူ့ဘက်က မလိုအပ်မှန်းသိခဲ့လို့ ငါ့ဘက်က စရပ်တန့်လိုက်တဲ့သဘောပါ
2025-11-29 14:10:35
13
ak.qy.12
Q :
ဘယ်လိုစိတ်နဲ့များ ငါကို ရက်စက်တဲ့စကားလုံးတွေပြောထွက်ခဲ့တာလဲ🥺💔အရင်ကချစ်ခဲ့တာသူမဟုတ်တဲ့အတိုင်းပဲ
2025-11-30 09:09:43
9
hfdydugqyw7w67
ကျီးကန်းမ :
repost လုပ်လိုက်ရင်သူဝမ်နည်းသွားမယ်ထင်တယ်😞
2026-01-26 00:51:01
6
1368mn
M🐬🫧 :
မာနဆိုတဲ့ခေါင်းစဉ်နဲ့ ကိုယ့်ကိုယ် ကို ပြန်ရှာတွေ့သွားလို့ပါ❤️‍🩹
2025-11-29 15:09:50
5
taekook_777777
M. :
ရုတ်တရက်ကြတော့ ပြန်လိုချင်ပြန်ရော
2025-11-29 15:50:58
23
hsumyatnoe111121
Hsu Myat☁️🤍🌻 :
အရင်ရက်ကထိတောင် သူ့ကိုပြန်လိုချင်နေသေးတာ ဒါမဲ့အခုတော့ ပြန်မလိူချင်တော့ဘူး သူသာတကယ်ချစ်ခဲ့ရင် ငါ့အပြင်တခြားသူဆိုတာရှိလာမာမဟုတ်ဘူး အဲ့တော့ တယောက်ထဲနေသားကျနေပါပြီ❤️
2026-02-05 13:57:59
2
kixx1m5
Jᴜʟʏ Sᴇᴠᴇɴ 亗 :
အမှန်ပဲ ဘာလို့လဲဆ်ိုတော့ ကျနော်ဖက်ကပဲ ပြန်အဆင်ပြေအောင် ချော့ရ တောင်းပန်ရ အရမ်းစျေးပေါပေးခဲ့လို့ထင်ပါတယ် သူ့ဖက်ကပုံမှန်ပါပဲ ကျနော့်ကိုစွန့်ပစ်ဖို့အရမ်းလွယ်နေတယ် အဲ့တော့ လှည့်ထွက်လိုက်တယ်🥺
2026-03-07 13:56:28
2
phuephue134
✨𝐏𝐡𝐨𝐨 🌟🌟 :
တစ်နေ့မာ သူ့ကိုအပီးတိုင်စွန့်လွှတ်နိုင်ခဲ့တယ်😊
2025-11-29 11:47:23
5
18sawshwepyae
🇹🇭Saw Shwe Pyae Sone🇹🇭 :
အဲဒီစိတ်တွေဝင်လာတိုင်း ငါဘာလို့မျက်ရည်တွေကျလာတာလဲမင်းသိလားမင်းကြောင့်နာကျင်ရရင်တောင်စွန့်လွှတ်ဖို့အင်အားငါ့မာမရှိလို့❤️‍🩹
2026-02-03 15:15:13
2
jkive_10
J :
ငါ့မှာ အဲ့စိတ် ဘယ်တော့များရောက်လာမလဲမသိဘူး အခုထိသူ့ကို လိုချင်တုန်း🥺
2025-11-29 15:33:17
5
wainzinphoo
🦦♈ :
ထွက်သွားရတော့မလား ဒီတခါ💔
2026-03-11 09:26:21
1
thein.aung820
😘No🥰M🥰ဓနုဖြူသားလေး😘😘No😘 :
ပြန်တင်ခွင်ပြုပါနော်❤️❤️❤️
2026-03-17 13:46:09
1
yoonwati892524
ရည်းစားမထားတော့ပါ :
repost လုပ်လိုက်ရင်သူဝမ်နည်းသွားမယ်ထင်တယ်😌❤️‍🩹
2026-01-27 17:12:26
2
sxft.heart526
꧁☠︎༒ⒿⒶⓂⒺⓈ☠︎༒꧂ :
ဖစ်သင့်ပါတယ်
2026-04-22 10:19:34
1
nawoaeizlad
Noeaww :
ငါသူ့ကို❌ သူငါ့ကို✅
2026-06-06 04:50:40
1
.face.smile15
🍀𝓨𝓪 𝓜𝓲𝓷 𝓣𝓱𝓪𝔀🍀 :
rpလုပ်ချင်လိုက်တာ😑
2026-02-24 09:46:18
1
shin.thant.zin54
Shin Thant Zin :
ဖောက်ပြန်ချင်တာကိုခနခနမိနေတာကို မပြတ်သားနိုင်တဲ့ကိုယ့်စိတ်ကိုဘယ်လိုလုပ်ရမလဲ🥺
2026-03-15 13:33:38
1
rattfel4
May 23💗 :
စိတ်နာတာဘဲ့သိ
2026-01-22 16:52:01
2
koaun150
YE'' :
လုံးဝလက်လွတ်နိုင်သွားခဲ့ပြီလေ
2026-02-21 14:23:25
1
wanzi881
Wanzi :
အဲ့တာတကယ်နော် ချစ်ပေမဲ့လည်း ပြန်မလိုချင်တော့တဲ့ အခိုက်အတန့်တွေ🥺
2026-02-26 15:40:35
1
learn.chinese541
🎓📚Pan Pan (宝宝)🍀💭 :
အဲ့နေ့ရောက်လာမာဆိုးတယ်
2026-02-21 15:09:57
1
taikidgafxxk
Taiki. :
ငါrepostလုပ်လိုက်ရင် သူများ ၀မ်းနည်းသွားမလား...🥀
2026-02-07 01:09:07
2
To see more videos from user @mimi_lay0, please go to the Tikwm homepage.

Other Videos


About