@hpouthudu: "ဖိုးသူတော် ဦးနုရဲ့ ဆုံးမစကား" "အသိပညာ၊ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြန်လည် ကူးယူ တင်ပြပေးလိုက်ပါတယ် ခင်ဗျ" "အကျိုးရှိမယ်လို့ ထင်မြင်မိပါတယ်" "တဲအိုနားလည်း ထမင်းအိုးမတယ်နဲ့၊" "ခဲအို အနားလည်း အပြင်းကြောမဖြေနဲ့။" "တဲအိုအနား ထမင်းအိုးတယ်ရင် မီးဟပ်၍ လောင်မြိုက်တတ်သည်။" "ခဲအိုနား အပြင်းကြောဖြေတော့ နီးစပ်၍ မှောက်မှားတတ်သည်။" "ခရီးမော၍လည်း မြက်ပုံ မလူးနဲ့၊" "သမီးချော၍လည်း သမက် ကုန်မကူးနဲ့။" "ခရီးမော ၍ မြက်ပုံလူးက မြက်မွှေးစူး၍ ယားတတ်သည်။" "သမီးချော၍ သမက်ကုန်ကူးက သမက်အရွေး ထူ၍ ဖား တတ်သည်။" "ဖားဆိုတာ အလွန်မောဟိုက်ပင်ပန်းခြင်းဖြစ်တယ်" "အိပ်ချင်တိုင်းလည်း မငိုက်နဲ့" "စိတ်ထင်တိုင်းလည်း မကြိုက်နဲ့" "အိပ်ချင်တိုင်း ငိုက်မိပါက အချောင် အထောင်းခံ ရတတ်သည်။" "စိတ်ထင်တိုင်း ကြိုက်မိက အမြှောင်အနှောင်း စံရတတ်သည်။" "အမြှောင်အနှောင်း-- လင်ငယ် မယားငယ်" "အထက်ကိုလည်း မလှမ်းနဲ့၊" "အပျက်ကိုလည်း မမှန်းနဲ့။" "အထက်ကို လှမ်းက အခက်ခဲကြောင့် ပင်ပန်း ပန်း ရတတ်သည်။" "အပျက်ကိုမှန်းက အရှက်ကွဲ၍ နွမ်း ရတတ်သည်။" "မျက်စိမြင်လို့လည်း ငရဲမီးမခပ်နဲ့၊ "လက်ရှိ လင် ကိုလည်း သူရဲကြီး မမှတ်နဲ့" "မျက်စိမြင်လို့ ငရဲမီးခပ်က မျက်လုံးအိမ်ပါ ထွက်တတ်သည်။" "လက်ရှိလင်ကို သူရဲကြီးမှတ်က တစ်သက်လုံး အိမ်ထောင် ပျက်တတ်သည်။" "လိမ္မော်သီးလည်း အစိမ်းမစားနဲ့၊" "အချိန်မတော်ကြီးလည်း ချိန်းမသွားနဲ့။" "လိမ္မော်သီး အစိမ်းစားက ချဉ်၊ဖန်၍၊ ခါး၊ တတ်သည်။" "အချိန်မတော်ကြီး ချိန်းသွားက ရည်ငံ၍ မှားတတ်သည်။" "အလိုကြီး၍လည်း ငွေရှာမလောနဲ့" "အကိုကြီးအရွယ်မို့လည်း မေကညာမရောနဲ့" "အလိုကြီး၍ ငွေရှာ လော က ဒုက္ခရတတ်ပွေများ တတ်သည်။" "အကိုကြီး အရွယ်မို့ မေကညာ ရောက မုချအရှက် ထွေပြားတတ်သည်။" #ဖိုးသူတော် #Aiစကားပြော
ဖော်သူဒိုး
Region: MM
Saturday 29 November 2025 14:51:23 GMT
Music
Download
Comments
U myo Kyaw Oo :
🥰🥰🥰
2025-11-29 15:25:06
1
ကောင့်ကင်ပြာ :
🥰🥰🥰
2025-11-30 02:09:40
1
To see more videos from user @hpouthudu, please go to the Tikwm
homepage.