@nangathwalhtoo1: တကယ်ချစ်ရင် ဘယ်လိုပဲဖြစ်ဖြစ် ရှေ့ဆက်ဖို့ ကြိုးစားရမှာပဲ မဟုတ်ဘူးလား တဲ့ ။ ဘယ်လောက်ဝေးနေဝေးနေ နီးဖို့အတွက် ကြိုးစားရမှာပေါ့ တဲ့ ။ မကြိုးစားခဲ့ဖူးလို့ထင်တာလား ပြီးတော့ လွယ်လွယ်လေး နောက်ဆုတ်လိုက်တယ်လို့များ ထင်နေတာလား တကယ်ဆိုလေ အနီးဆုံးကိုလဲ သွားဖို့ ကြိုးစားခဲ့ပြီသလို ရှေ့ဆက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတဲ့ အကြောင်းကို သေသေချာချာ သိခဲ့တာတောင် ရှေ့ဆက်နိုင်ဖို့အကြောင်းပြချက်လေးရှာပြီး ရပ်နေခဲ့မိတာ ။ ​ဘာဆိုဘာမှ မတူညီတဲ့ လူနှစ်ယောက်ကို စပြီးဆုံပေးလိုက်ကတည်းက လောကကြီးကမှားခဲ့တယ် ဆိုပါတော့ ။ ဒါပေမယ့် သူ့အကြိုက်ကို လိုက်တုရင်းက တဖြေဖြေး နေသားကျအောင် နေပေးခဲ့တယ် ။ ဟိုလူ့ကြောင့် ဒီလူ့ကြောင့်ဆိုတဲ့ ပြဿနာတွေ မဖြစ်အောင် အရာအားလုံးကို သံယောဇဥ်ဖြတ်ခဲ့တယ် ။ မိတ်ဆွေ သူငယ်ချင်း နောက်ဆုံး မိသားစုအထိ သူနဲ့အတူဆိုရင် လုံလောက်ပြီဆိုတဲ့အထိ ရူးခဲ့ဖူးတာပေါ့ ။ ဘယ်လိုနည်းနဲ့မဆို ရှေ့ဆက်ဖို့ပဲ တွေးနေမိတာ ။ မျက်ရည်တွေနဲ့ ကျော်ဖြတ်ရတဲ့ ညတွေ လွန်ရင် သူနဲ့ ပျော်ရမယ့်ရက်တွေ ရှိလာမှာ ... နာကျင်ရတဲ့ရက်တွေပြီးရင် သူနဲ့အတူ ပြုံးရမယ့်ရက်တွေ ရှိလာမှာ ဒီစိတ်ကူးနဲ့ တစ်ချိန်လုံးရပ်နေခဲ့မိတာလေ ။ ဒါပေမယ့် တွေးကြည့် ... မျက်ရည်တွေကျပါများတော့ မျက်ရည်တွေကို မုန်းလာမိတယ် ။ နီးစပ်ဖို့ဆိုပြီး ကိုယ်က တက်ကြွသလောက် တစ်ဖက်က ခြေလေးတစ်လှမ်းလှမ်းဖို့ ခက်နေတဲ့ အနာဂတ်ကို တွေးပြီးကြောက်လာမိတယ် ။ ငါ ... ခုလက်ရှိ နာကျင်နေတာကို ထား ... ဒါပေမယ့် တစ်သက်လုံးသာလို့ တွေးမိရင် တော်တော်ကြီး တွန့်သွားခဲ့တာလေ ။ မင်းနဲ့ လျှောက်တဲ့ ခရီးတဲ့ ဘယ်လောက်ပဲ ကြမ်းနေပါစေ ရှေ့ဆက်လျှောက်မယ့် လမ်းကိုပဲ ရွေးတဲ့သူပါ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ မင်းအပြုံးလေးတစ်ချက်နဲ့ အဆင်ပြေသွားတဲ့သူပါ ။ ဒါပေမယ့် နှစ်တွေကြာလာတယ် ပြောင်းလဲ မလာဘူးဆိုရင် ကိုယ်တွေမှာ အနည်းနဲ့အများတော့ အတွေးတွေ ရှိလာတာပဲလေ နည်းနည်းလေး ငဲ့ကြည့်ပေးရင် ကောင်းမှာဆိုပြီး အစက မျှော်လင့်ဖူးတယ် ။ တဖြေးဖြေး ကြာလာတော့ သူက ငါ့ဖက်မကြည့်ပါလားဆိုပြီး တွေးမိသွားတာပါပဲ ။ ယုံပါလို့တော့ မပြောတော့ပါဘူး ။ ဒါဟာ ...ပုံပြင်တွေမှ မဟုတ်ပဲလေ ။ သိပ်ချစ်ခဲ့တယ်ဆိုတာကလဲ ကိုယ့်ဖက်ကပါ နီးစပ်ဖို့ ကြိုးစားခဲ့တာလဲ တစ်ဖက်သတ်ပါ ။ နှစ်တွေကြာလာတယ်ဆိုတဲ့ ခေါင်းစဥ်တွေ ပိုလာတာကလွဲရင် တဖြေးဖြေး ဒီလမ်းမှာ လျှောက်နေရင်းက ပင်ပန်းလာတာက လွဲရင် ဘာမှ ထူးမလာတော့တဲ့အခြေအနေမှာ မေးခွန်းတွေ အများကြီးမေးလာမိတယ် ။ ငါတစ်ယောက်တည်းကပဲ ပြာယာခတ်နေတာလား ...သူ့ကြည့်တော့ အေးဆေးပေါ့ ။ သမီးရည်းစားဘ၀မှာ ဒီလိုဖြစ်နေတယ်ထား အဆင်ပြေသေးတယ် ။ ဒါပေမယ့် နောက်များ ဘ၀တစ်ခု တည်ထောင်ကြရင် ငါ ဒီဒဏ်ကို ခံနိုင်ရည်ရှိမလား တွေးမိလာတယ် ။ ချစ်တဲ့ လူနဲ့သာ ဖြတ်သန်းရရင် ဘ၀ကိုဆိုတာ ပျော်စရာကြီးတဲ့ ။ ဒါပေမယ့် ချစ်တယ်လို့သာ ပြောတတ်ပြီး ဂရုစိုက်မှု ကြင်နာမှု နွေးထွေးမှု နားလည်ပေးမှု ပြီးတော့ ဖေးမမှုတွေမရှိရင် အဲ့ဒီအချစ်ဟာ အလကားပါပဲ ။ တကယ်ချစ်ရင် ဘယ်လိုပဲ ဖြစ်ဖြစ် ရှေ့ဆက်ဖို့ကြိုးစားမှာပဲတဲ့ အများကြီး ကြိုးစားခဲ့ပါတယ် ငါတို့အတူဆိုတဲ့ လမ်းတွေလဲ ဖောက်ခဲ့တယ် ပြီးတော့ ကိုယ်တစ်ယောက်တည်း လျှောက်ရတယ် ။ ငါတို့ နီးဖို့ဆိုပြီး အိပ်မက်တွေမက်ရတယ် ပြီးတော့ ကိုယ်တစ်ယောက်တည်း အကောင်အထည်ဖော်ရတယ် ။ ဘ၀ဆိုတာ တကယ်တမ်းလျှောက်တဲ့အခါ ရှည်ပါတယ် ။ မျက်ရည်တွေ နာကျင်မှုတွေနဲ့ ဖြတ်သန်းရတဲ့အခါ ပိုပြီး ကြာတတ်တာမျိုးလေ ။ ညလေးတစ်ညကုန်ဆုံးသွားဖို့ ... ထိုင်ပြီး ဆုမတောင်းချင်တော့ဘူး ။ မျက်ရည်တွေ အများကြီးနဲ့ ဖြတ်သန်းပြီး မနက်ကို မမျှော်ချင်တော့ဘူး ။ ရှေ့ဆက်ဖို့အကြောင်းပြချက်လေးတစ်ခုတည်းကိုပဲ ဒီနှစ်တွေမှာ ရှာနေခဲ့တာပါ အဖြေက တစ်ခုတည်းထွက်တယ် ငါ တော်တော်လေးကို ပင်ပန်းနေခဲ့ပြီဆိုတာပဲ အရင်လို တိုင်ပင်စရာ ဘယ်သူ့မှရှိမနေတော့တဲ့သလို မင်းကိုလဲ အများကြီးပြောလို့မှ မရပဲလေ ။ ရှေ့ဆက်ချင်ခဲ့ပါတယ် ပြီးတော့ နီးဖို့အတွက်လဲတကယ် ကြိုးစားခဲ့ပါတယ် ။ ဒါပေမယ့်လေ အချစ်ဆိုတဲ့ လမ်းမှာ ငါတော်တော်ကြီး ပင်ပန်းနေခဲ့တာ ပြီးတော့ ရှေ့ဆက်ဖို့တွေးကြည့်ရင် ဘယ်လိုမှ မဖြစ်နိုင်တော့တာလေ သေချာသွားပါပြီ ... မင်းနဲ့ နီးဖို့ ကြိုးစားနေခြင်းတွေက ရပ်တန့်လိုက်ဖို့ပဲ တွေးပါတယ် ။မချစ်တော့တာလားတဲ့ ကြိုက်သလိုပြောလို့ရတယ် ဒါပေမယ့် ကိုယ် သိပ်ချစ်ခဲ့တာကိုတော့ ကိုယ်ပဲ သိတာမို့ ထွေထွေထူးထူး ရှင်းပြမနေတော့ပါဘူး ။ မုန်းသွားမှာလား မုန်းသွားလို့ရပါတယ် ။ မမုန်းပါနဲ့လို့ မတားချင်တော့သလို ချစ်ပါလို့လဲ မတောင်းဆိုတော့ပါဘူး ။ သေချာတာတစ်ခုကတော့ ရှေ့ဆက်ဖို့ ကြိုးစားနေမိတဲ့ ငါ တော်တော်လေးကို ပင်ပန်းနေပြီ။ #1millionaudition

Nang A Thwal Htoo
Nang A Thwal Htoo
Open In TikTok:
Region: TH
Sunday 30 November 2025 13:11:43 GMT
228834
20722
82
1648

Music

Download

Comments

yz.zk03401z
ZINLAYNWE🪐 :
ငါမှာစာတောင်ဆက်မဖတ်နိုင်လောက်အောင်မျက်ရည်ထိန်းမရပ့လား😊❤️‍🩹
2025-12-07 15:54:14
17
pyae.pyae55214
Pyae Pyae :
copyမရဘူးလား
2026-01-23 05:12:58
0
elina0264
Alic🧚‍♀️🔮 :
စာသားလေးပေးပါလား တိုက်ဆိုင်လွန်းနေလို့🥺😢
2026-01-15 10:05:12
0
su.pyae.mon181
Ŝű pŷâê môñ :
စာသားလေးရနိုင်မလားနော် 🥺🥰
2026-01-22 14:46:37
0
naweh078
💛𝒩 💛 :
စာသားလေးရချင်ပါတယ်😊
2026-01-16 11:10:26
0
khainghsu.wai0
Khainghsu Wai :
ပြန်တင်ခွင့်ပြုပါလား
2026-01-07 15:15:38
0
kpo1997525
K🪐 :
စားလေးလိုချင်တယ်
2025-12-07 13:25:46
2
karkarjustaballer
K4R² 24/7 :
စာသားလေးယူသုံးမယ်နော် အဖြစ်တူနေလို့ပါဗျ😞
2026-02-11 08:48:36
0
kyawye540
O💥 :
အက်လိုဖစ်နေပိတဲ့😅
2025-12-06 16:35:05
1
maysoesan22
maysoesan🐭♊ :
ဖတ်ရင်းငိုမိ💔
2025-12-17 12:50:08
1
scarlettmayvis
🍁 :
အရမ်းနာကျင်ရမရ်ဆိုတာခံစားမိပါတရ် 😔
2025-12-07 11:37:45
1
nickymay77
🌺ℳ𝒶𝓎🌺 :
စာသားလေးပေးပါလား😘😘😘
2025-12-05 07:02:56
1
lao2006.4
⭐星星✨ :
စာသားလေးရချင်ပါတယ်ရှင့်🥺🥺
2026-01-28 14:22:01
0
phyo22471
Phyo Pyae :
အချစ်ဆိုတဲ့ လမ်းမှာ ငါတော်တော်ကြီးပင်ပန်းနေပြီ🥹
2025-12-15 03:05:40
1
nyochaw819
██████ :
စာသားလေးပေးပါ့လားဗျ 😢
2025-12-06 04:33:50
1
ya.ti9966
@Ya Ti🍒 :
စားသာလေးရချင်မိ🥺
2025-12-01 08:34:16
0
nguwah202
Ngu Wah🍓 :
၅နှစ်လုံးမတူညီတဲ့လူနှစ်ယောက်ဖြစ်နေခဲ့တယ်
2025-12-06 16:30:15
2
elena.23.11
🎀 Elena 🎀 :
မျက်ရည်ကျမိပြန်ပီ 😔
2025-12-06 07:12:24
1
suzy7134
ʚSUZYɞ :
သူ့လိုအကြူးမလွန်တတ်ပေမဲ့ ကိုယ့်လက်တွဲ ေဖာ်လို့သတ်မှတ်ထားလို့ တကယ်ချစ်ခဲ့ပီးပေးဆပ်ခဲ့ရတာ အခုတော့သူ့ဘက်ကအရင်ပြောင်းလဲသွားတာပဲ ငါ့ကြိုးစားမှုတွေဟာလေ....🥀
2025-12-18 16:56:22
0
ayewuttyi2
Anna🦢 :
စာသားလေးcopyပေးပါ💕
2025-12-19 04:24:01
0
nansandar315
💗Nansan💗 :
တရက်တရက်ဖြစ်နိုင်ပါတယ် ဖြစ်နိုင်ပါသေးတယ်ဆိုတဲ့ အတွေးနဲ့ ရှင်သန်ဖူးတယ် နှစ်တွေ အများကြီးကုန်ခံပီး ဆွဲထားဖူးတယ် နောက်ဆုံးတော့ နာကျင်မှုတွေပဲ ရလိုက်ပါတယ်😔😔
2026-02-17 14:04:06
0
chocowynn8
C H O C O :
စာ သားလေး ပို့ပေးပါအုံး:3
2025-12-25 09:35:28
0
july.moe4355
Ju🌹 :
စာသားလေးလိုချင်တယ်
2025-12-28 22:54:56
0
nwenwesann8822
🇲🇲အသေးလေး🇲🇲 :
စာသားလေး copy ယူချင်လို့ပါရှင့်
2025-12-01 13:17:15
0
To see more videos from user @nangathwalhtoo1, please go to the Tikwm homepage.

Other Videos


About