@yarsuthit1988: CDM ဆရာဝန်အမျိုးသမီးတစ်ဦးကို ပလဖအဖွဲ့က အကြမ်းဖက်ဖမ်းဆီး စစ်ကိုင်းတိုင်း၊ ကလေးခရိုင် မင်းကင်းမြို့နယ်မှာ CDM ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာဒေါ်ခင်သူသူလွင်ကို နိုဝင်ဘာလ ၃၀ရက်မှာ မင်းကင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က အကြမ်းဖက်ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။ ဒေါက်တာဒေါ်ခင်သူသူလွင်ဟာ မင်းကင်းမြို့နယ် ဆေးရုံမှာတာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး စစ်အုပ်စုအာဏာသိမ်းပြီးနောက် အကြမ်းမဖက်အာဏာဖီဆန်ရေးအနေနဲ့ CDM ဝင်ထားသူဖြစ်တယ်လို့ ဆိုပါတယ်။ အာဏာသိမ်းပြီးနောက် ပြည်သူ့အုပ်ချုပ်ရေးမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဒဏ်ရာရပြည်သူတွေကို ဆေးဝါးကုသမှု ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မင်းကင်းမြို့နယ်အတွင်းက ပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကို Chindwin Medical Humanitarian Network အထောက်အပံ့နဲ့ ဆေးကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေဆဲဖြစ်တယ်လို့ ဒေါက်တာဒေါ်ခင်သူသူလွင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ “ ဆရာမ ပအဖ လုပ်စဉ်တုန်းက သေနတ်သုံးလက်ကို ဘာလက်နက်မှ မရှိတဲ့ Local PDFထံ ပေးခဲ့ဖူးတာရှိပါတယ်။ ဒါကို အခုမှ ပုဂ္ဂိုလ်ရေးမုန်းတီးမှုးနဲ့ လာဖမ်းတာလို့ ပြောရမှာဖြစ်နေတယ်။ ပအဖတာဝန်ခံဟောင်းအမျိုးသမီးတစ်ဦးကို မင်းကင်း ပအဖ ပခေါင်းဆောင်နဲ့ ဒုခေါင်းဆောင်နှစ်ဦးရဲ့အမိန့်နဲ့ မင်းကင်းပလဖက ဖမ်းသွားတာပါ။ အခုထိ ဘယ်ကိုခေါ်သွားသလဲဆိုတာ မသိရသေးပါဘူး။ ဖမ်းတဲ့အခါမှာလည်း လူ့ဂုဏ်သိက္ခာအရ ဥပဒေနဲ့အညီမဖမ်းဘဲ ကာယိန္ဒြေပျက်အောင် ဖမ်းဆီး ဒေါ်ခင်သူသူလွင်ဟာ ပအဖ တာဝန်ယူခဲ့စဉ်က ပကဖ ဆီကနေ ငှားရမ်းထားတဲ့ သေနတ် ပြန်မပေးတဲ့ကိစ္စ၊ အခွန်ခွဲတမ်းတွေကို ပေးသွင်းခြင်း မရှိတဲ့ ကိစ္စတွေနဲ့ အမှုဖွင့်တိုင်ကြားခံထားရတာတွေရှိတဲ့အတွက် မင်းကင်းမြို့နယ် ပလဖအမှုစစ် နဲ့အဖွဲ့က လုပ်ထုံးလုပ်နည်းနဲ့ အညီဖမ်းဆီးခဲ့တာဖြစ်ပါတယ်” ဒေါက်တာဒေါ်ခင်သူသူလွင်ဟာ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက မင်းကင်းမြို့နယ်ပြည်သူ့ဆေးရုံမှာ အဒဆေးရုံအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ဒေါက်တာဒေါ်ခင်သူသူလွင်ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး မင်းကင်းဒေသခံတွေကြားမှာ မကျေနပ်မှုတွေရှိနေသလို အမြန်ဆုံးပြန်လွှတ်ပေးဖို့ကိုလည်း မျှော်လင့်နေကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မင်းကင်းမြို့နယ်အတွင်းက လောင်းပြည့်ရွှေမျှောစီမံကိန်းနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ဒေသခံတွေအထဲက ဆန္ဒပြသူ သုံးဦးကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးပြီးနောက် ဒီနေ့အထိ ပြန်မလွတ်သေးဘူးလို့ ဆိုကြပါတယ်။ #အညာ #စစ်ကိုင်း #မန္တလေး #မကွေးတိုင်း ##myanmartiktok🇲🇲🇲🇲 #crimestories # #စစ်ကိုင်းတိုင်း #NUG #ရန်ကုန် #မကွေးတိုင်း #စစ်ကိုင်းတိုင်းဒေသကြီး #မကွေးသူလေး

𝐘𝐀𝐑 𝐒𝐔 𝐓𝐇𝐈𝐓
𝐘𝐀𝐑 𝐒𝐔 𝐓𝐇𝐈𝐓
Open In TikTok:
Region: TH
Monday 01 December 2025 08:10:00 GMT
1711228
29859
1101
3043

Music

Download

Comments

vip489878
V͇̿I͇̿P͇̿𝓚𝓸𝓰𝔂𝓲 𝓣𝓱𝓪𝓷𝓽 :
စစ်တပ်သာမရှိရင် ဒီနိုင်ငံမတွေးရဲစရာ
2025-12-01 09:16:54
1657
guester90
Guester :
ပညာတတ်ဆိုပေမယ့် ပညာမတတ်တဲ့အသိုင်းအဝိုင်းမှာ ရှင်သန်ရရင် ဂုဏ်သိက္ခာဆိုတာကို မေ့ပစ်လိုက်ပါ
2025-12-01 09:00:54
1328
ma.ti347
ma ti :
ဝမ်းမနည်းဘူး cdmလုပ်ကြလို့ဆေးရုံမာကိုဗစ်လူနာတွေရောရိုးရိုလူနာရော ဆေးရုံမာပြည့်ဆရာဝန်တယောက်ထဲ နေ့ည ကုမနိုင် ငိုတောင်ငိုတယ်ဆရာဝန်ဆို ဆေးရုံတရုံလုံးမာဆရာဝန်တယောက်နစ်ပ်တယောက်ပဲရှိတယ်ဒ တောင်သူတို့ခမျာပုန်းလျိူဝှက်လျိုနဲ့ဆေးရုံလာကုပေးတာ
2025-12-01 09:00:32
752
mrsmithdun
👶 :
pdfလေးတေ ဘေးကင်းပါစေ အောင်မြင်ပါစေဆိုတဲ့ အဒေါ်ကြီးတေကြည့်ထား တစ်နေ့ ခင်ဗျားတို့ဆီရောက်လာလိမ့်မယ်😂
2025-12-01 09:25:20
665
myanmar.country.2026
MYANMAR BURMESE :
ကိုယ်စိုက်ပျိူးတာကို ကိုယ်ပဲ ရိတ်သိမ်းရတယ်ဆိုတာ ဒါမျိူးပေါ့
2025-12-01 08:51:33
414
konanwai39
konanwai39 :
ကိုယ်စိုက်တဲ့အပင်က အသီး ကိုယ်စားရတာပဲ တရားပါတယ်🤣
2025-12-01 08:40:39
479
sonegioak12k
See the Truth :
ဖမ်းတာ ယောက်ကျားတွေနော် မိန်းမမပါဘူး
2025-12-01 08:52:18
159
unann333
Nang Zayar Oo :
ဆရာဝန်တွေကဆေးရုံမှာပဲရှိသင့်တယ်။ ခုလိုနေရာရောက်ရင်ဘယ်သူကမှတလေးတစားမရှိဘူး
2025-12-01 10:40:51
101
lionking6648
LIONKING :
ပညာတတ်မိန်းမတစ်ယောက်ကပညာမတတ်အသိုင်းအဝိုင်းထဲရောက်တဲ့ခံစားချက်။
2025-12-01 10:19:31
70
kg.k044
Kg Kဟန်မင်းခန့် :
ဗကပသမိုင်းမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေအတိုင်းပဲဖြစ်နေကြပြီမထူးဆန်းပါ သမိုင်းကိုမှိုင်းတိုက်သူတွေယုံသူတွေ ခံကြပေါ့တားခဲ့ကြလို့ဘောမဘွဲ့ရတာပဲ ဂုဏ်ယူပါတယ်
2025-12-01 09:26:04
78
khing.chaw
Yar Thet Pann :
ကိုယ်လျှောက်တဲ့လမ်း ဆူးရှိရှိ နွံရှိရှိ ဆက်လျှောက်လိုက်ပါ သညာနဲ့ ပညာကို မခွဲတတ်တဲ့ Dr ကြီး ရေ
2025-12-01 10:51:56
54
konko3458
Soe ko ko :
ရဲအစစ်တွေတောင် မိန်းခလေးဖမ်းရင် မိန်းခလေး ရဲမေပါတယ်
2025-12-01 09:27:09
153
user6945524174293
peace :
အဆိပ်ပင်ရေလောင်းခဲ့တာကို
2025-12-01 09:04:16
140
ko.ko51213
Zaw Myo Win :
အကြမ်းဖက် သူပုန် NUG ကို ယုံကြည်မိ မှတော့ ဒုက္ခ ရောက် ရပီ ပေါ့ ကွာ😁👏👏👏
2025-12-01 09:59:12
31
abc.20252
Z N M :
အဆိပ်ပင်ရေလောင်းခ့ဲသောအကျိုး
2025-12-01 09:31:56
60
u.nyi837
U NYI :
ကိုယ်စိုက်တာကိုပြန်ရိတ်သိမ်းရတာပဲ
2025-12-01 13:46:29
15
mr.win224
MR WIN :
တူသောအကျိုးပေးတာလုပ်ချင်အုမ်းCDM
2025-12-03 04:50:55
5
shinmamakhaing342023mnt
💞 Honey💞 :
ကိုယ်စိုက်ပျိုးတဲ့သီးနှံကို ပြန်ရိတ်သိမ်းရတာပါ
2025-12-01 09:00:35
55
bonbon0718
🏐🏐M Htike💛💛 :
နိုင်ငံကိုမငဲ့တဲ့ CDM ကြည့်ထား
2025-12-03 02:29:07
6
kalyaernaanwal4
☸️Experience☸️ :
ကမ္ဘာကြီးကို လူတိုင်းကယ်ချင်တယ် အိမ်ကအမေပန်းကန်ဆေးနေတာကို ဘယ်သူမှ မကူညီကြဘူး 🙄
2025-12-01 10:45:01
52
thaw.thaw7822
Thaw Lay 💞💞 :
CDM ရဲ့အကျိုး
2025-12-03 00:20:25
7
wannakyaw2892
Wa Na Kyaw 💸📚 :
ထောက်ခံပါအူး pdfကြီးကို
2025-12-01 09:03:45
66
ingyinkhat906
IngyinKhat906 :
ပညာတတ်ပီး သူပုန်အားပေးတယ်
2025-12-03 00:57:04
6
qeerrty8
FOEKYIER :
လူမိုက်တို့ရဲ့သွားရာလမ်း
2025-12-01 11:13:12
10
To see more videos from user @yarsuthit1988, please go to the Tikwm homepage.

Other Videos


About