@souls_999: အသက်အရွယ်တစ်ခု ရောက်လာတော့" ကိုယ်ရှိနေကြောင်း ပြရတာမျိုးတွေကို သိပ် မလုပ်ချင်တော့ဘူး မေ့နေတဲ့ သူတွေကိုလည်း မေ့တဲ့အတိုင်းပဲ ထားလိုက်တယ်... ကိုယ်ကိုယ်တိုင်လည်း လူတစ်ချို့ကို မေ့နေခဲ့တာပဲ ကိုယ့်အလုပ်တွေ ကိုယ်လုပ်ပြီး ဇာ'တ်မြှု'ပ်နေရတာမျိုးကိုပဲ သဘောကျ မိတော့တယ် ကိုယ်ရှိနေကြောင်း ပြလိုက်မှ ရလာတဲ့ သတိရမှုမျိုး ကိုယ်အသံပြုလိုက်မှ ရောက်လာတဲ့ ဆက်ဆံရေးမျိုး တွေကိုလည်း မလိုချင်တော့ဘူး ဆယ်ကျော်သ'က်လည်း မဟုတ်တော့သလို ကလေးစိ'တ်တွေလည်း ကုန်ခဲ့ပြီပဲလေ ကိုယ်ရှင်သန်ရာ ရပ်ဝန်းမှာ အဆင်ပြေပြေ လျှောက်နိုင်ဖို့ကိုပဲ အာရုံစိုက်ရတော့တယ် မတွေ့တာကြာသွားတဲ့ အပေါင်းအသင်း သူငယ်ချင်းတွေကို ရုတ်တရက် ပြန်တွေ့ရင် ခဏတာ အံ့ဩပျော်ရွှင်သွားမယ် နောက်တော့လည်း နေသားကျသွားမယ် လူတစ်ချို့ကို ပြန်တွေ့ရင်တောင် မှတ်မိချင်မှ မှတ်မိလိမ့်မယ် အချိန်ရဲ့ တိုက်စာ:မှုတွေ၊ သက္ကရာဇ်ရဲ့ ဝါ:မျိုမှုတွေကြောင့် အတိ'တ်တစ်ချို့ကို မေ့ကောင်း မေ့သွားနိုင်တယ် လူတစ်ချို့ကို မသိတော့တာမျိုးတွေလည်း ရှိကောင်းရှိလာနိုင်တယ် ... အသ'က်တွေ ကြီးလာပြီပဲ ဦးနှော'က်နဲ့ နှလုံးသားမှာ ထည့်ရတာတွေဟာ များလာခဲ့ပြီလေ ဒါဟာ ကြီးရင့်လာတဲ့ ဘဝရဲ့ ချို့ယွင်:ချက် တွေလို့လည်း ဆိုကောင်းဆိုနိုင်လိမ့်မယ် အရင်လောက်လည်း စစ်စစ်မှန်မှန် မရယ်နိုင်တော့သလို၊ အရင်လောက်လည်း စိ'တ်တွေဟာ လ'တ်ဆ'တ်မနေတော့ဘူး သူငယ်ချင်းတစ်ချို့ကို ပြန်တွေ့ချင်တယ် ဒါပေမယ့် ပြန်တွေ့ရင်လည်း မှတ်မိချင်မှ မှတ်မိလိမ့်မယ်... ကိုယ့်လမ်းကိုယ်လျှောက်ရင်း ကိုယ့်ဘဝကိုယ် ကျောင်းနေရတဲ့အခါ မေ့တာတွေလည်း ရှိမယ် ပြောင်းလဲသွားတာတွေလည်း ရှိလိမ့်မယ် ရောက်ရှိရပ်ဝန်းမှာ ပျော်ရွှင်အောင် နေနေရတာကိုက ဘဝမဟုတ်လား #crd #fyp #စာတို

Mini
Mini
Open In TikTok:
Region: MM
Wednesday 03 December 2025 12:52:09 GMT
1814363
98671
580
7001

Music

Download

Comments

paing_137
Celios :
အသက် ၁၉ ပဲရှိသေးတယ် အ့စာသားထဲကအတိုင်းတထပ်တည်းခံစားနေရတာ ၈နာရီကနေ ၄ခွဲထိအလုပ်သွားတယ် ပြန်ရောက်ရင် social media သုံးတယ် ၁၀ဆိုအိပ် အ့လိုနဲ့သံသရာလည် အေးချမ်းတယ် လုပ်ချင်တာလုပ်လို့ရတာ်
2025-12-06 11:56:45
464
eijiiiiiiiiii2
Hein🐳 :
စာသားလေးbro
2025-12-06 13:10:41
5
lallians
Manaseeh ( Tapong ) :
စာသားပို့ပေးပါလာ
2025-12-06 08:53:35
2
ayeayenyein5268
ayeayenyein5268 :
စာသား လေးကို ယူသုံးပါရ စေရှင်
2025-12-06 13:15:51
2
ukolin30
KO Lin :
စားသားလေးပေးပါလားဗျ ပြန်တင်ချင်လို့😊
2025-12-06 14:04:55
4
maylay13323
𝐌𝐀𝐘𝖿𝖺𝗌𝗁𝗂𝗈𝗇𝖲𝗍𝗈𝗋𝖾 :
စာလေး copy ချပေးပါလားရှင့်🥺
2025-12-06 15:13:03
3
totelay000222
🖤🖤🖤 :
ကိုယ့်အတွေးနဲ့ ထပ်တူဖြစ်နေလို့ 🥺 copy ယူပီး ပြန်တင်မယ်နော်😊
2025-12-06 11:37:31
6
zkks62
Ko Ko :
ဟုက်တယ် အဲ့ feeling တအားမိုက်တယ် ပီးရင် ကိုယ့်ကိုကိုယ် ဂရုစိုတ်ပီး ချစ်မယ် တန်ဖိုးထားမယ် ဆုတွေပြန်ချမယ် စိတ်ချမ်းသာအောင် ထားမယ် ပျော်ပျော်လေးပဲ နေတော့မယ်
2025-12-06 11:43:31
9
yuyukhine61
♡ 𝑦𝑢 𝑦𝑢 ♡ :
စာထဲကအတိုင်းဘဲမနက်အလုပ်သွားညနေအလုပ်ပြန်အခန်းထဲတစ်ယောက်ထဲ🥺ဖုန်းသုံးအဲလို့နဲ့ဘဲအချိန်ကုန်သွားတရ်🥺တစ်ခါတလေတော့လဲအထီးကျန်မိတရ်🥺🥺
2025-12-06 13:16:31
5
la.pon
La Pon :
ကျနော်ဆို 32 သူငယ်ချင်းတစ်ယောက်မှမထားဘူး ဘဝကို ကိုယ်ပိုင်အရည်အချင်းနဲ့ဖြတ်သန်းတယ် အခက်ခဲတွေအားလုံးကိုယ်ပိုင်အရည်အချင်းနဲ့ဖြတ်သန်းတယ် လူတွေနဲ့မပတ်သက်တာစိတ်အချမ်းသာရဆုံးပဲ ကိုယ့်မိသားစုနဲ့ကိုယ်ကိုယ်တိုင်စိတ်ချမ်းသာဖို့အဓိကပဲ လူတွေနဲ့အတူနေရင် (၁)စကားရှုပ်မယ် (၂)ငွေရေးကြေးရေးရှုပ်မယ် (၃)လူမှုရေးရှုပ်မယ် ဘဝကိုတစ်ယောက်တည်းအသားကြလာတဲ့အခါအပေါင်းအသင်းထက် အေးချမ်းမှုနဲ့လွတ်လပ်မှုကိုပိုပြီးမက်မောလာပြီး ဘဝကတကယ်အေးချမ်းရပါတယ် Fighting bro
2025-12-06 16:16:45
15
kaung.myat.monn
Moñ🎀 :
တိတ်ဆိတ်ခြင်းမှအေးချမ်းခြင်းဆီသို့"☘️🤍
2025-12-06 12:28:57
5
mikeliam66
Mike♨ :
တူတူပဲ..မနက်အလုပ်သွားတယ် ည ပြန်မယ် ဘော်ဒါတေနဲ့ အပြင်ခနသွား ရင်သွားမယ် မေ့သင့်တဲ့သူကိုမေ့ဖို့ကြိုးစားနေသလို ကိုယ်ဘက်ကနွေးထွေးမှ ခေါ်မှရမဲ့ဆက်ဆံရေးတေကနေဝေးအောင်နေမယ် ကိုယ့်အပေါ်ချစ်တဲ့ ဂရုစိုက်တဲ့သူတေကိုပဲ အနားထားမယ် ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ရမယ် ပြောင်းလဲရမယ် ဒါပါပဲ 🥰
2025-12-06 14:15:22
5
monlay123123
❤️MonLay❤️ :
အဲလိုလေး နေထိုင်နေတာပါ social media တွေလဲမသုံးဘဲ ညဆို10အိပ် လွပ်လပ်ခြင်းတွေ အပြည့်အဝခံစားနေတာ☺️☺️☺️☺️☺️
2025-12-06 12:29:02
7
aungmyintmyat030303
Myat🌷 :
ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်များလဲပျောက်ဆုံးနေသလို မနက်ဖြန်ဆိုတာဘာအတွက်နိုးထနေရလဲဆိုတာကိုသေချာမသိတော့တဲ့အခြေအနေမျိုးမှာဘယ်သူ့ကိုမှလဲတောင်းတမျှော် လင့်မနေချင်တော့တာမျိုးပါ😌
2026-02-05 17:14:17
1
may.thiri69
May Thiri :
မှန်ပါတယ်သူငယ်ချင်းနောက်တွေ့ရင်ခေါ်နော်
2025-12-09 09:05:34
2
uj97p
Aung Paing Zaw ♈ :
crd ပေးမယ်နော့် Bro
2026-02-24 15:05:34
1
zuzulay11
Ket :
အမှန်ဘဲ😊😊
2025-12-06 15:46:28
3
ma.aye.thaung4
.. :
စာလေးcopyလေးပေးပါလား
2025-12-06 09:02:17
3
userwaiyanphyo29
Wai Yan Phyo :
စာသားcopyလေးပေးပါလားဗျာ🥰
2025-12-06 10:41:13
2
new.tiktok955
New Tiktok :
ဒီအတိုင်းလေးနေခဲ့ဖူးတယ် တယောက်ထဲလွတ်လပ်စွာ... ဒါပေမဲ့...ကိုယ်ချစ်တဲ့လူတွေ သံယောဇဥ်ရှိတဲ့လူတွေက မထင်မှတ်ပဲ လောကကြီးထဲကထွက်ခွာသွားတဲ့အချိန်မှာ ကိုယ်ရဲ့ဖြစ်တည်မှု့က မှားနေတာလားဆိုပြီး နောင်တတွေရခဲ့ဖူးတယ်...🥺🥺🥺
2025-12-09 02:31:42
2
nyo.nyo.lwin739
Nnl :
အမှန်ပဲ
2025-12-07 10:54:17
2
heinhtetkyaw1494
heinhtetkyaw :
ဘဝဟာတစ်နေ့တာလုပ်ငန်းလေးလုပ်လိုက်ကိုယ့်ကိုယ်ကိုပျော်ရွှင်စရာလေးဖန်တီးလိုက်နဲ့တစ်ယောက်တည်းနေရတာမျိုးသဘောကျလာတတ်ပီ🥰
2025-12-06 14:36:04
4
aung.paing.phyo585
Aung paing phyo :
လူတွေက အဆင်မပြေဘူးဗျ ကျနော်လည်ပါတယ်😳
2025-12-06 16:00:55
3
To see more videos from user @souls_999, please go to the Tikwm homepage.

Other Videos


About