@zx.cv396: #فلام_سينمانا🎬 #الايك #والشتراك #افلام عربيه

¶مودي§
¶مودي§
Open In TikTok:
Region: IQ
Tuesday 09 December 2025 15:32:34 GMT
210
136
4
0

Music

Download

Comments

l2_0_6_0
😔Eternally lonely 💔 :
👑👑👑
2026-03-27 19:32:43
1
as_____838
,ًالحجي ,ًعلاوي :
🥰🥰
2026-03-28 11:23:06
1
1lty7
صالح :
🥰🥰🥰
2026-03-28 21:11:50
1
To see more videos from user @zx.cv396, please go to the Tikwm homepage.

Other Videos

[လူညံ့ တစ်ယောက် မဖြစ်ဖို့အတွက် စာဖတ်ပါ] =========================== 📗အလိမ္မာ စာမှာရှိ
[လူညံ့ တစ်ယောက် မဖြစ်ဖို့အတွက် စာဖတ်ပါ] =========================== 📗အလိမ္မာ စာမှာရှိ " စာအုပ်စာပေ လူ့မိတ်ဆွေ "ဆိုတဲ့အတိုင်း စာဖတ်တဲ့သူဟာ လိမ္မာရေးခြားရှိလာနိုင်သလို စာအုပ်ဆိုတာလည်း အကောင်းဆုံးမိတ်ဆွေပါ။ 📕စာပေမြင့်မှ လူမျိုးတင့်မှာ ဖြစ်လို့ စာပေအသိုင်းအဝိုင် မြင့်မားနေမှသာလျှင် နိုင်ငံ လူမျိုး အဖွဲ့အစည်းအသီးသီးဟာလည်း တဖြည်းဖြည်းနဲ့ အရည်အသွေးမြင့်မား~~~ တိုးတက်လာပြီး စိတ်နေသဘောထားတွေလည်း လှပ တင့်တယ်လာနိုင်မှာ ဖြစ်ပါတယ်။ 📔မရေမရ မဖတ်မရတွေ ရှာကြည့်နေမယ့်အစား အကျိုးမရှိတာတွေ ထိုင်ပြောနေကြမယ့်အစား ပျင်းရိ ငေးမှိုင် ထိုင်ဆွေးနေကြမယ့်အစား~~ အပျော်အပါးတွေနဲ့ အမြဲအချိန်ကုန်နေမယ့်အစား စာဖတ်နေခြင်းဟာ အကောင်းဆုံးပါပဲ~~~~~။ 📗သုတ စာပေတွေက ဦးနှောက်အရည်အသွေး မြင့်မားတိုးတက်ဖို့ ထက်မြတ်ပြီး အချက်ကျကျ စဉ်းစားတွေးခေါ်တက်ဖို့ အထောက်အကူပေးပါလိမ့်မယ်။ 📔ရသ စာပေတွေက စိတ်နှလုံးစွမ်းရည် ပြည့်ဝပြီး စိတ်ဓာက်တွေ ခိုင်မာစေဖို့ စိတ်သဘောထားတွေနူးညံ့သိမ်မွေ့ဖို့ အထောက်အကူပေးပါလိမ့်မယ်။ 📕အတ္တုပ္ပတ္တိစာအုပ်တွေက ဘဝမှာ အတုယူစရာတွေနဲ့ ရှောင်စရာ ဆောင်စရာတွေကို စိတ်ဝင်စာဖွယ် လမ်းညွှန်ပြပေးပါလိမ့်မယ်။ 📗ရာဇဝင်နဲ့ သမိုင်းစာပေတွေက မတုံးေစဖို့ အလိမ္ညာမခံရေစဖို့ အမှားအမှန်ခွဲခြားသိစေဖို့အတွက်~ အံသြဖွယ်ရာ စိတ်ဝင်စားစရာတွေနဲ့ ဖျော်ဖြေ တင်ဆက်ပေးပါလိမ့်မယ်။ 📔ဝတ္ထု / ကဗျာ / အက်ဆေး ပုံပြင်/ ဟာသ / အချစ် အလွမ်း~စာပေတွေက စိတ်ကူးစိတ်သန်းတွေ ကောင်းမွန်းစေဖို့ အထီးကျန်မှုက လွတ်မြောက်စေနိုင်ဖို့ အမုန်း အာဃာတတွေ လျော့နည်းစေဖို့ ယုတ်မာ ရိုင်းစိုင်းတဲ့သူ မဖြစ်စေဖို့အတွက်နဲ့ သာယာ ပျော်ရွှင်တဲ့ လူတစ်ယောက်ဖြစ်လာ စေနိုင်ဖို့အတွက် အထောက်အကူပြုပါလိမ့်မယ်။ 📕စာ ဖတ် ပါ အတ္တစိတ်တွေ လျော့ချဖို့အတွက် အတွေးအခေါ်တွေ ထက်မြတ်ဖို့အတွက် အခက်အခဲကို ရင်ဆိုင်နိုင်ဖို့အတွက် ပြဿနာကို နည်းမှန်လမ်းမှန် ဖြေရှင်းနိုင်ဖို့တွက် တစ်ကိုယ်ကောင်းဆန်တဲ့သူ မဖြစ်စေဖို့အတွက် တည်ငြိမ် ရင့်ကျက်သူ ဖြစ်လာစေဖို့အတွက် တစ်ယောက်ထဲ ဖြတ်သန့်းနိုင်ဖို့အတွက် မိသားစုကြားမှာ နာလည်းမှုတွေရှိဖို့အတွက် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားနိုင်ဖို့အတွက် အကောင်းဆုံးဘဝကို တည်ဆောက်နိုင်စေ ဖို့အတွက် စာဖတ်ပါ / မဖြစ်မနေ ဖတ်ပါ~။ 📗စာဖတ်တဲ့သူဟာ ကန်ရေပြင်လို တည်ငြိမ်လာနိုင်တယ်။ 📚စာဖတ်တဲ့သူဟာ လဖ္ဘက်ရည်လေးတစ်ခွက်လို မွှေးရနံ့သင်လာနိုင်တယ်~~။ 📔စာဖတ်တဲ့သူဟာ မိုးသားတိမ်လေးတွေလို ဖြူစင်လာနိုင်တယ်။ 📕စာဖတ်တဲ့သူဟာ နေဝင်ဆည်းဆာလေးလို လှပလာနိုင်တယ်။ 📗စာဖတ်တဲ့သူဟာ ကြယ်စင်လေးတွေလို လင်းလက်လာနိုင်တယ်။ 📔စာဖတ်တဲ့သူဟာ နပိုလီယံလိုမျိုး ရဲရင့်လာနိုင်တယ်။ 📕စာဖတ်တဲ့သူဟာ ကိုလံဘတ်လိုမိ်ျုး စွန်းစာရှာဖွေလာနိုင်တယ်။ 📗စာဖတ်တဲ့သူဟာ မာလာလာလိုမျိုး သတ္တိရှိလာနိုင်တယ်။ 📔စာဖတ်တဲ့သူဟာ ဗိုလ်ချုပ်အောင်ဆန်လိုမျိုး နိုင်ငံနဲ့ လူမျိုးအပေါ် တာဝန်ကျေလာနိုင်တယ်။ 📕စာဖတ်တဲ့သူဟာ ဦးသန့်လိုမျိုး ကမ္ဘာကျော်လာနိုင်တယ်။ 📗စာဖတ်တဲ့သူရဲ့ အနာဂတ်ဘဝဟာ ဘာမဆို ဖြစ်လာနိုင်တယ်~~~~~~~ မျော်လင့်ချက်တွေနဲ့ ရှင်သန်နေနိုင်တယ်။ 📔လောကကြီးဆီက လူသားတွေနဲ့ ပတ်ဝန်းကျင်ဆီက စာအုပ်စာပေတွေကနေ မသေမချင်း လေ့လာ သင်ယူနေရမယ်။ 📕ဒါ ကြောင့် အောင်မြင်သူတစ်ယောက်ဖြစ်ဖို့အတွက် စာဖတ်ပါ လူညံ့တစ်ယောက်မဖြစ်စေဖို့အတွက် စာဖတ်ပါ~။ #စာပေ #ဗဟုသုတ #မေတ္တာဖြင့် #သိသင့်တာလေးတွေမျှဝေပေးသည် #ZYP #crd_to_owner_with_respect

About