@nvp991: ကောသလမင်းအိပ်မက်(၁၆)ချက် ================== ကောသလမင်း၊ အိပ်မက်ခင်း၊ ညဉ့်တွင်း(၁၆)ဖြာ။ လောကသနင်း၊ တရားမင်း၊ ရှင်းလင်းဟောပြရှာ။ သာသနာတော်၊ နှစ်ထောင်ကျော်၊ နောင်သော်ရောက်သောခါ။ တရားကင်းကြ၊ မင်းပါပ၊ မုချအုပ်စိုးမှာ။ ထိုမင်းလက်ထက်၊ သင့်အိပ်မက်၊ မပျက်ပေါ်ထွက်မှာ။ ။ (၁) နွားနက်လေးကောင်၊ ဝှေ့မည်ယောင်၊ တိမ်းရှောင်ထွက်ပြေးသည်။ လေးဘက်ညိုရောင်၊ မိုးတိမ်တောင်၊ ရွာယောင်ကွင်းလိမ့်မည်။ (၂) တထွာ,တတောင်မျှ၊ သစ်ချုံက၊ ပွင့်ကြသီးကြသည်။ ကညာပျိုမ၊ ဣတ္ထိယ၊ ငယ်ကအိမ်ထောင်မည်။ (၃) နွားငယ်မနို့၊ နွားကြီးတို့၊ စို့လို့မြင်မက်သည်။ ကျေးဇူးကြီးလှ၊ မိနှင့်ဖ၊ သားကဝေကျွေးမည်။ (၄) နွားကြီးကိုပယ်၊ က,နွားငယ်၊ ၀န်မယ်မရုန်းသည်။ လူကြီးကိုပယ်ရှား၊ လူငယ်များ၊ မြှောက်စားနိုင်ငံပြည်။ (၅) ခံတွင်းနှစ်ပေါက်၊ မြင်းစားသောက်၊ မလောက်မြင်မက်သည်။ လာဘ်နှစ်ဘက်စား၊ မှူးမတ်များ၊ တရားစီရင်မည်။ (၆) မြေခွေးအိုထံ၊ ရွှေခွက်နှံ၊ စွန့်ပြန်ကျင်ငယ်ရည်။ မိန်းမမြတ်မှာ၊ လူမိစ္ဆာ၊ အိမ်ရာထောင်လိမ့်မည်။ (၇) သားရေလွန်းကား၊ ခြေရင်းထား၊ ပုံစားခွေးငတ်မှီ။ လင်မသိအောင်၊ ပစ္စည်းဆောင်၊ လင်မြှောင်ကျွေးလိမ့်မည်။ (၈) ရေပြည့်အိုးကြီး၊ ထပ်လောင်းမှီး၊ ချည်းနှီးအိုးငယ်တည်။ မင်းဘဏ္ဍာသာ၊ တိုးအောင်ရှာ၊ မြို့ရွာနာလိမ့်မည်။ (၉) ရေကန်ကြီးငယ်၊ နောက်အလယ်၊ နား၀ယ်ကြည်လှသည်။ မြို့အလယ်တွင်၊ ပွေရှုပ်အင်၊ မြို့ပြင်စည်ကားမည်။ (၁၀) ထမင်းအိုးနှပ်၊ ပျော့မာဆတ်၊ ကျက်လတ်သုံးမျိုးတည်။ မင်းနှင့်လူများ၊ မတရား၊ ကွက်ကျားမိုးရွာမည်။ (၁၁) စန္ဒကူးကြုတ်၊ ရက်တက်ပုပ်၊ ရောင်းထုတ်၀ယ်ကြသည်။ တရားဟောခါ၊ ပစ္စည်းရှာ၊ မြို့ရွာလယ်လိမ့်မည်။ (၁၂) ချည်းနှီးဗူးတောင်း၊ ရေနစ်အောင်း၊ ပေါ်ကြောင်းမြင်မက်သည်။ ပညာရှိများ၊ မကျော်ကြား၊ ရှောင်ရှားမြုပ်ကွယ်မည်။ (၁၃) ကျောက်ခဲကြီးများ၊ ရေပေါ်သွား၊ ထင်ရှားမြင်မက်သည်။ မိုက်သူပြောမှ၊ သဘောကျ၊ လောကဖြစ်လိမ့်မည်။ (၁၄) ဖားငယ်မ,က၊ မြွေဟောက်ထ၊ လိုက်ကြကိုက်စားသည်။ ကညာပျိုမော်၊ လင်အိုပေါ်၊ ငေါက်အော်နိုင်လိမ့်မည်။ (၁၅) ကျီးကိုဟင်္သာ၊ ခြံရံကာ၊ နေတာမြင်မက်သည်။ ပညာရှိများ၊ လူမိုက်အား၊ ၀ပ်တွားရလိမ့်မည်။ (၁၆) ဆိတ်က သစ်,ကျား၊ ကျွတ်ကျွတ်ဝါး၊ ကိုက်စားတတ်ကြသည်။ သူယုတ်မြင့်မြတ်၊ ပညာတတ်၊ တောရပ်ပြေးရမည်။ "သမ္မတဆယ်စောင်တွဲ" စာအုပ်မှ foto #crd #ကောသလမင်းအိပ်မက်(၁၆)ချက် စာလေးတွေဖတ်ပြီး စိတ်အကြည်ဓာတ်လေး လက်ခံရရှိပါစေ...♡︎🌾🌻 #𝐂𝐫𝐞𝐝𝐢𝐭_𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥_𝐔𝐩𝐥𝐨𝐚𝐝𝐞r♡︎🌾🌻 #မေတ္တာဖြင့် #စာပေ #ဗဟုသုတ
သစ္စာ☸️✅
Region: MM
Monday 15 December 2025 15:04:44 GMT
Music
Download
Comments
🍀Lynn🍀 :
အခုခေတ်နဲ့ 1ချက်မှမလွဲ ငယ်ငယ်ကဆိုကောသလအိပ်မက်16ချက်ခေတ်ကိုမမီလောက်ဘူးထင်နေတာ အခု16ချက်စလုံးကွက်တိဖြစ်နေပြီ
2026-03-30 14:41:01
12
💫T.H.A💫 :
တစ်ချက်မှမလွဲဘူး
2026-01-18 10:54:39
137
@ေကာင်ေရာ :
2026-08-28 03:58:42
1
愛|•Z𐙚 :
မှန်လိုက်တာဗျာ
2026-08-19 12:18:54
1
🖤♑ :
ကောသလမင်းကြီးက ဘုရားအလောင်းလေ🥰
2026-03-24 04:33:19
5
Ĥŝü.Țĥä..Žïñ🥰🥰🥰🥰🥰 :
အက်လိုဖြစ်နေပီးး..အမှန်
2026-04-20 07:06:43
2
arker zaw :
2026-07-20 11:48:56
0
✧༺ ✨ ဓမ္မအလင်း ✨ ༻✧ :
🙏🙏🙏
copy ခွင့်ပြုပါ
2026-07-19 06:36:38
0
AungGyi AungGyi :
ဒီအချက်တွေသာ အခုခေတ် တရားဟောဆရာတော်တွေကို ပုံနဲ့ တကွ ပြပီ commentထဲထည့်လိုက်ရင် အကောင့်တော့ပိတ်ဃံရတော့မ။် 😂😂😂😂😂
စတာနော် 😁😁
2026-08-31 12:02:23
0
Kazuki :
ကောသလမင်းအိပ်မက် 16 ချက်🥰🥰🥰
2025-12-16 01:15:20
11
moon Knight :
ေလာကကြီးကတကယ်ဖြစ်နေတာ
2026-07-13 05:32:41
1
H🐼한린🌌 :
ယူခွင့်ပြုပါ🙏🙏🙏
2026-03-31 09:39:03
1
@ေကာင်ေရာ :
2026-08-28 03:59:34
0
💫T.H.A💫 :
အခု လက်တွေ့ဖြစ်နေပြီ😅
2026-01-18 10:54:11
16
arker zaw :
zaw
2026-07-20 11:49:31
0
Min Min :
အခုခေတ်နဲအညီပဲ
2026-03-01 15:42:11
5
nankhinkhin598 :
အကုန်ပြည့်ပီ အခုခေတ်ဆို တချက်မှမကျန်ဘူး
2026-06-30 09:20:55
1
Power Ranger :
ကလေးဘဝတုန်းက ဒီအရာတွေဟာ တကယ်ကောဟုတ်ပ့မလားဆိုတာ တွေးခဲ့မိတယ် ခုတော့တကယ်ကြီး ဖြစ်ပျက်နေပါလား မှန်လိုက်တာ
2026-04-07 13:14:09
3
Thar Aung :
အလိုမျိုးခေတ်ကိုကိုယ်တိုင်ခံစားနေရတာဘဲ
2026-03-17 01:53:02
4
Zin Min Htike :
အသိနှင့်သတိလေယှဥ်မှနေလို့ရတော့မည်😢😢
2026-06-24 11:43:24
0
cozai :
🥰🥰🥰
2026-08-22 03:16:01
0
💐☘️𝑺𝒂𝒊𝒏 (စိမ်း)☘️💐 :
@
2026-08-20 20:42:19
0
bb :
😏😏😏
2025-12-16 05:23:49
0
To see more videos from user @nvp991, please go to the Tikwm
homepage.