@aziz_alkhier: #سودانيز_تيك_توك_مشاهير_السودان #الشعب_الصيني_ماله_حل😂😂 #عزيزالخير#الجوهرة الابداعية#سودانيز_تيك_توك

AZIZ Alkhier
AZIZ Alkhier
Open In TikTok:
Region: AE
Friday 19 December 2025 20:49:00 GMT
371
25
1
1

Music

Download

Comments

asfaal0
Aseel Faiz :
❤️❤️❤️
2025-12-20 03:26:29
0
To see more videos from user @aziz_alkhier, please go to the Tikwm homepage.

Other Videos

လူတိုင်းအပေါ် အမြဲကောင်းပေးနေရမယ်လို့  မတွေးတော့ဘူး။ ကိုယ်တတ်နိုင်သလောက် ကောင်းပေးမယ်။ ကိုယ့်ကိုယ်ကို ဆုံးရှုံးသွားတဲ့အထိတော့ ဘယ်သူ့အတွက်မှ ကောင်းပေးမနေတော့ဘူး။ ဘဝမှာ အနိုင်ရဖို့ထက် ကိုယ့်ကြောင့် တစ်ယောက်ယောက်  မျက်ရည်ကျရတာမျိုး မဖြစ်စေချင်ဘူး။ ကိုယ်ရလာတဲ့အရာတွေဟာ တခြားသူတစ်ယောက်ရဲ့ ဆုံးရှုံးမှုအပေါ်မှာ တည်ဆောက်ထားတာမျိုးလည်း မဖြစ်ချင်ဘူး။ ကိုယ်မပိုင်သင့် မရသင့်တဲ့အရာတွေကို  အတင်းမလုယူဘူး။ ကိုယ်မချစ်တဲ့သူကိုလည်း မျှော်လင့်ချက်မပေးဘူး။ ကိုယ်မနေချင်တဲ့နေရာမှာလည်း လူတွေဆီက အကောင်းမြင်ရဖို့အတွက်ဆိုပြီး ဟန်ဆောင်မနေချင်တော့ဘူး။ တစ်ချိန်က လူတွေကို နားလည်ပေးရင်း ကိုယ့်ခံစားချက်တွေကို မေ့လျော့နေခဲ့ဖူးတယ်။ သူတို့စိတ်မကောင်းဖြစ်မှာစိုးလို့ ကိုယ်မကြိုက်တာတွေကိုတောင် လက်ခံခဲ့ဖူးတယ်။ နောက်ဆုံးကျ လူတိုင်းအဆင်ပြေသွားပေမဲ့  ကိုယ်တစ်ယောက်တည်း အဆင်မပြေဖြစ်နေခဲ့တယ်။ တဖြည်းဖြည်း နားလည်လာတယ်။ လူတိုင်းကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်ဖို့ဆိုတာ ကိုယ့်ဘဝရဲ့ တာဝန်မဟုတ်ဘူးဆိုတာကို။ ကိုယ်သည်းခံပေးတာနဲ့ ဘာမဆိုလုပ်လို့ရတယ်လို့  နားလည်ထားကြတယ်။ ကိုယ်ခွင့်လွှတ်ပေးတာကို နောက်တစ်ခါ ထပ်နာကျင်စေလို့ရတယ်လို့  သတ်မှတ်ကြတယ်။ သည်းခံတတ်တာနဲ့ အမြဲသည်းခံနေရတာက မတူဘူး။ ခွင့်လွှတ်တတ်တာနဲ့ ကိုယ့်ကိုယ်ကို ထပ်ခါထပ်ခါ  နာကျင်ခွင့်ပေးနေတာလည်း မတူဘူး။ လူတစ်ယောက်ရဲ့ စကားထက် သူ့လုပ်ရပ်ကို ပိုကြည့်တတ်လာတယ်။ အနားမှာရှိနေတယ်ဆိုတာထက် ကိုယ့်အပေါ် ဘယ်လိုဆက်ဆံသလဲဆိုတာကို  ပိုအလေးထားတတ်လာတယ်။ ကိုယ့်ဘဝကိုယ် ရွေးချယ်တဲ့အခါ လူတိုင်းသဘောကျနေဖို့ မလိုဘူး။ ကိုယ်မှန်နေပေမဲ့ လူတချို့က မုန်းနေနိုင်တယ်။ နောက်ဆုံးမှာ  ကိုယ့်ဘဝကို ကိုယ်တိုင်ဖြတ်သန်းရမယ် ကိုယ့်ဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်ကိုလည်း ကိုယ်တိုင်ပဲ ခံယူရမှာပဲ။ အခုတော့ သူများကို မထိခိုက်စေဘဲ ကိုယ့်စိတ်ကိုယ်  လွတ်လပ်ခွင့်ပေးတယ်။ ကိုယ့်ကျင့်ဝတ်ကို မပျက်စေဘဲ  ကိုယ့်ဘဝကိုယ် ရွေးချယ်တယ်။ ဘယ်သူ့ကိုမှ အနိုင်မယူချင်ဘူး။ ကိုယ့်ကိုယ်ကိုလည်း အရှုံးမပေးချင်ဘူး။ လူကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ကိုယ့်ကိုယ်ကို အမြဲအနစ်နာခံနေဖို့ မလိုဘူး။ သူများအပေါ် စေတနာထားသလို ကိုယ့်အပေါ်မှာလည်း စေတနာရှိဖို့ လိုတယ်။

About