@emily.thu: Christmas တို့ New Year တို့မှာ ဘာလေးလုပ်စားရင်ကောင်းမလဲစဥ်းစားနေတယ်ဆို ထုံထုံစပ်စပ်မွှေးမွှေးနဲ့အရမ်းစားလို့ကောင်းတဲ့ မာလာအကင်လေးတွေကို လုပ်စားကြည့်နော် အသား၊ ပင်လယ်စာ၊ အသားလုံး၊ sausages၊ အသီးအရွက်တွေ အကုန်လုံးနဲ့ကိုလိုက်တဲ့ မာလာအကင်အနှစ်လေးရယ် မာလာအကင်အမှုန့်လေးရယ်နဲ့ ကင်ထားတော့လေ မွှေးကြိုင်ပြီး အရမ်းစားလို့ကောင်းတာပါရှင် Em က အချောင်း ၄၀ လောက်လုပ်တာပါ ၃ - ၄ ယောက်စာလောက်ပါရှင် လူများတယ်ဆို ဒီအချိုးအစားကိုပဲ ၂ ဆ ၃ ဆ အဆင်ပြေသလိုတိုးပြီးလုပ်ပါနော် နှစ်သက်ရာအသား၊ငါး၊ပင်လယ်စာနဲ့အသီးအရွက်တွေကို လုပ်လို့ရပါတယ်ရှင် Em ကတော့ လူအရမ်းမများတာမို့လို့ ကြိုက်တာလေးတွေကိုပဲရွေးပြီး လုပ်ထားပါတယ် အသီးအရွက်ဆိုလဲ ငရုတ်ပွတို့ broccoli တို့ ပြောင်းဖူးတို့အစုံလုပ်လို့ရတယ်ပေ့ါနော် အသားဆိုလဲ ဝက်သုံးထပ်သားတို့ ကြက်တောင်ပံတို့ ဝက်အူချိုတို့ဆိုလဲစားလို့ကောင်းပါတယ်ရှင် မိသားစုတွေ သူငယ်ချင်းတွေနဲ့ တူတူပျော်ကြရင်း အစားစားတာများသွားတာတို့ အစပ်စားတာများသွားတာတို့ကြောင့် လေထိုးလေအောင့် ဗိုက်အောင့်တာတွေဖြစ်ရင် တိုက်လို့ရအောင် Kremil – S အဖြူလေးကိုလဲ ဆောင်ထားဖို့ မမေ့နဲ့နော် တစ်ခုခုဆို တိုက်လို့ရတာပေါ့နော် Em ကတော့ အိမ်မှာ အမြဲဆောင်ထားဖြစ်ပါတယ်ရှင် ပါဝင်ပစ္စည်းများ - အမဲသား - ၂၆၄ ဂရမ်တစ်ပြား (Steak လုပ်တဲ့အသားကိုသုံးပါတယ် အသားနုတာလေးသုံးပေးပါနော်, အကင် ၆ ချောင်းခန့်ရပါတယ်) ပုစွန် - ၃ ကောင် ကြက်အမြစ် - ၂၀၀ ဂရမ်ခန့် ဝက်အူပိတ် - ၅၀၀ ဂရမ် ရေဘဝဲ - ၂၈၄ ဂရမ် (ရေနွေးဆူဆူထဲခဏထည့်ဖျောပြီးမှ ကင်ပါနော် ရေအရမ်းထွက်လို့ပါ ပြည်ကြီးငါးလဲတူတူပါပဲရှင် အကြာကြီးမပြုတ်ပါနဲ့နော် မာသွားတတ်ပါတယ်) Sausage - ၄ ခု ဝက်မှိုလုံး - ၆ လုံး ငါးတိုဖူး - ၆ ခု ငုံးဥ - ၆ ခု King Oyster Mushroom – ၂ ခု အပ်မှို - အနည်းငယ် ဘေကွန် - ၃ ပြား အာလူး - တစ်လုံး ရုံပတီသီး - ၄ - ၅ ခု အသားနယ်နည်း - အမဲသား - ကြက်သွန်နီ၊ ကြက်သွန်မိတ်၊ ကော်မှုန့်၊ ကြက်ဥအကာ၊ ဆား၊ ခရုဆီ ဆိတ်သား - ကြက်သွန်နီ၊ ကြက်သွန်မိတ်၊ ကြက်သွန်ဖြူ၊ ဇီယာအမှုန့်၊ ဆား၊ ခရုဆီ ကြက်သား၊ ကြက်အသဲအမြစ်၊ ကြက်တောင်ပံ၊ ဝက်သား (ဝက်သုံးထပ်သားကပိုကောင်းပါတယ်) - ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်မိတ်၊ ဆား၊ ခရုဆီ မာလာအကင်အနှစ် (အချောင်း ၄၀ စာလောက်ရှိပါတယ်) - ဆီပူ - ၁၈၀ မီလီခန့် (1/2 Cup ရယ် ¼ Cup ရယ်ထည့်တာပါ ပိုထည့်လဲရပါတယ်) ကြက်သွန်ဖြူ - ၁ ဥ (နှုတ်နှုတ်စင်း (သို့) ထောင်းထားပါ) ငရုတ်သီးခွဲခြမ်း/ငရုတ်သီးအကျက်မှုန့်/ တရုတ်ငရုတ်သီးအမှုန့် - ထမင်းစားဇွန်း ၂ ဇွန်း မာလာအကင်မှုန့် - ထမင်းစားဇွန်း ၃ ဇွန်း (အထုပ်သေး ၂ ထုပ်) ပဲငံပြည်ရည်အကြည် - ထမင်းစားဇွန်း ၂ ဇွန်း ခရုဆီ - ထမင်းစားဇွန်း ၂ ဇွန်း ကြက်သားမှုန့် - လက်ဖက်စားဇွန်း ၁ ဇွန်း သကြား - လက်ဖက်စားဇွန်းဝက် ငရုတ်ကောင်း - လက်ဖက်စားဇွန်းဝက် နှမ်းစေ့ - လက်ဖက်စားဇွန်း ၁ ဇွန်းခွဲ ရေသန့် - လက်ဖက်စားဇွန်း ၃ ဇွန်း မာလာအကင်အမှုန့် (ဒါလေးက ပိုလုပ်ထားတာပါ တစ်ဝက်လောက်လျှော့လုပ်လဲရပါတယ်) - ငရုတ်သီးခွဲခြမ်း/ငရုတ်သီးအကျက်မှုန့်/ တရုတ်ငရုတ်သီးအမှုန့် - ထမင်းစားဇွန်း ၂ ဇွန်း မာလာအကင်မှုန့် - ထမင်းစားဇွန်း ၁ ဇွန်းခွဲ (အထုပ်သေးတစ်ထုပ်) ဇီယာအမှုန့် (Cumin Powder) - ထမင်းစားဇွန်း ၁ ဇွန်း ဇီယာစေ့ (Cumin Seed) - ထမင်းစားဇွန်း ၁ ဇွန်း ဟွားကျောင်းအမှုန့် (Sichuan Peppercorn Powder) - လက်ဖက်စားဇွန်း ၁ ဇွန်း (ဒီလောက်ဆိုအရမ်းမထုံပါဘူးရှင်) မြေပဲလှော်ထောင်း - ထမင်းစားဇွန်း ၂ ဇွန်း နှမ်းစေ့ - လက်ဖက်စားဇွန်း ၁ ဇွန်း ဆား - လက်ဖက်စားဇွန်းဝက် သကြား - လက်ဖက်စားဇွန်းဝက် ကြက်သားမှုန့် - လက်ဖက်စားဇွန်း ၁ ဇွန်း အကင်ကင်မယ်ဆိုရင်လေ Oven, Electric Grill, Grill Pan, မီးသွေးမီးဖိုတို့နဲ့ကင်လို့ရပါတယ် မီးသွေးမီးဖိုပေါ်မှအကင်ဇကာနဲ့ ကင်ရင်ဖြစ်ဖြစ် Em’ လို အကင်ဇကာပါတဲ့ Electric Grill သုံးရင်ဖြစ်ဖြစ် မာလာအနှစ်ကို အောက်ကိုအရမ်းမကျအောင်ဂရုစိုက်ပါနော် မီးထတောက်တတ်လို့ပါရှင် စိတ်ချချင်ရင်တော့ အရင်ဆုံးတစ်ဝက်လောက်ကင်ပြီးမှ အကင်လေးတွေကို အောက်မှာသပ်သပ် မာလာအနှစ်သုပ်ပေးပြီး ခဏပြန်တင်ကင်တာဖြစ်ဖြစ် လုံးဝကျက်အောင်ကင်ပြီးမှ မာလာအနှစ်သုပ် မာလာအမှုန့်လေးဖြူးတာဖြစ်ဖြစ်လုပ်ပါနော် Em က အနံ့သက်သာအောင် Oven နဲ့လဲကင်ပါတယ် Oven သုံးမယ်ဆိုရင်တော့ မာလာအနှစ်ကိုတစ်ခါထဲသုပ်ထားပြီး Oven ထဲမှာ အပေါ်မီးအောက်မီး (သို့) အပေါ်မီးနဲ့ 200’C လောက်နဲ့ကင်ပါနော် ၁၀ မိနစ်လောက်တစ်ခါထုပ်ပြီး အပေါ်အောက်လှန်ပေးပါရှင် Love, Em #မာလာအကင် #homecooking #MALA #myanmartiktok #မာလာဒုတ်ထိုး

Emily Thu
Emily Thu
Open In TikTok:
Region: GB
Saturday 20 December 2025 10:51:59 GMT
172275
4881
72
1158

Music

Download

Comments

kiwe932
kiwe🥝 :
မမဘလက်ဘက်ပါဆိုတာဘာလဲမမ မဆလာကိုပြောတာလားမမ
2026-04-10 03:50:06
1
hkawn.mai69
Hkawn Mai :
2026-06-24 11:39:09
0
thisists28
ts_🍃 :
2025-12-20 14:14:51
1
asmasiddique19
اسما صدیق :
စားချင်စရာကြီးး🤤🤤
2026-02-13 16:06:55
0
nangmoonag
Nang Moon Ag :
save ဖွင့်ပေးပါ🙁
2025-12-26 11:18:19
0
dsmdy
🅐︎&🅔︎Dɪᴀʀɪᴇs(MDY)💟☮️ :
အသီးအနှံတေကိုအရင် ပြုတ်ရမာလားဗျ🔥🔥🔥🔥
2026-06-08 18:41:20
0
julymoe0095
julymoe0095 :
😁
2025-12-29 01:50:15
1
zin.lay708
Zinmar Wai :
🥰
2025-12-27 07:46:26
1
susandysoemg
Zue Zue Mg :
🥰
2025-12-30 00:55:48
1
zinmarwim687
zin Mar myint 6872 :
👍👍👍
2025-12-29 02:48:21
1
san.min.thu.thu
sm :
🥰
2025-12-29 14:18:15
1
moemyintthu2739
moemyintthu :
😏
2025-12-30 05:46:02
1
crystal34374
Crystal :
🥰🥰🥰
2025-12-30 08:18:11
1
hninyu7329
💜H💜(Pisces♓) :
😂
2025-12-29 06:14:49
1
2176052026
Ah Win 🍂🍁 :
🥰
2025-12-30 13:16:59
1
myakanthar57
MKT :
🥰
2025-12-30 13:49:47
1
hnaing.zin.htay
Hlaing zin :
😁
2025-12-31 04:26:33
1
phoo.thin.zar.htu
Phoo Thin Zar Htun :
😁
2025-12-31 12:23:14
1
aye.hsu.aung2
Aye Hsu Aung 🌻 :
🥰
2025-12-30 15:49:21
1
am.mobile9619
🥰ခလေးနှစ်ယောက်မေမေပါ🥰 :
🥰
2025-12-31 07:00:08
1
thantar782
🎀𝓣𝓱𝓪𝓷𝓭𝓪𝓻🎀 :
😘
2025-12-31 12:18:46
1
thetoonaing6
Thet Oo Naing :
👍
2025-12-30 15:27:50
2
phoo.thin.zar.htu
Phoo Thin Zar Htun :
🥰
2025-12-31 12:23:16
1
florencemay98
may🍒🫧 :
🥰🥰🥰
2025-12-20 11:07:00
1
pink_story1
pink story :
🥰🥰🥰
2025-12-20 11:20:58
1
To see more videos from user @emily.thu, please go to the Tikwm homepage.

Other Videos


About