@simple.life2922: တစ်နေ့မှာ ရုတ်တရက်ကြီး ငါသူ့ကို မလိုချင်တော့ဘူး ဆိုတဲ့ ခံစားချက် ဖြစ်လာတယ်။ ထူးတော့ထူးဆန်းတာပေါ့ … အချိန်တွေ တော်တော်ကြာသည်အထိ သူက ငါ့ဘဝအတွက် အရာရာပဲလို့ ထင်မှတ်နေခဲ့တာလေ။ သူ့ ရင်ခွင်ထဲမှာ ဘယ်လောက်တောင် လုံခြုံနွေးထွေးမှုကို ခံစားရစေခဲ့လဲဆိုတာတွေ၊ အတူသွားခဲ့တဲ့ နေရာတွေ၊ အသက်ဝင်နေသလား ထင်ရတဲ့ ဓာတ်ပုံအဟောင်းတွေ … ပြီးတော့ သူ့ကြောင့် ကျခဲ့ရတဲ့ မျက်ရည်တွေ …အားလုံး ကို သတိရမိတယ်။ သန်းခေါင်ယံကျော်သည်အထိ အိပ်မပျော်ခဲ့ရတဲ့ညတွေမှာ နှလုံးသားဟာ ခန္ဓာကိုယ်ရဲ့ အလေးလံဆုံး သော အစိတ်အပိုင်းပဲ။ အချစ်ဆိုတာ ဒီလိုခံစားငိုကြွေးနေရတဲ့ အိပ်ပျက်ညတွေ မဟုတ်ကြောင်း ထပ်ဖန်တလဲလဲ ရေရွတ်ရင်း … လူတစ်ယောက်အပေါ် ချစ်ခဲ့မိတဲ့ အချစ်တွေကို နေ့ချင်းညချင်း ရပ်တန့်ပစ်နိုင်သွားတာမျိုး မဟုတ်ပေမယ့် မှန်ထဲက မျက်ရည်စက်တွေကို နှစ်သိမ့်ပေးနိုင်ဖို့ ကိုယ့်ကိုယ်ကို ပို ချစ်ပေးရမှာပါလား လို့ ပြန်တွေးမိတယ်။ ဆရာမင်းခိုက်စိုးစန်က ပြောတယ် … အချစ်ဆိုတာ မင်းကို သ(တ်) ဖို့လုံလောက်တဲ့ စွမ်းအင်ကို လူတစ်ယောက်ရဲ့ လက်ထဲထည့်ပေးပြီး သူမင်းကို မသ(တ်) ပစ်ပါဘူးလို့ ယုံကြည်နေရခြင်းပါပဲတဲ့။ အခုတော့ မင်းကို ချစ်တတ်အောင် သင်ပေးရမယ့်အစား ကိုယ့်ကိုယ်ကိုပဲ မချစ်သင့်တာကို မချစ်မိအောင် ဆုံးမပေးရတော့မယ်။ ချစ်နေရခြင်းကို ဖယ်ကြည့်လိုက်ရင် အရာအားလုံးက ဒဏ်ရာတွေ ဆိုတာကိုတော့ ဆရာ အောင်ချိမ့်နဲ့အတူ အပြည့်အဝ လက်ခံလိုက်ပြီ။ ဒါပေမယ့် … ကိုယ်ကတော့ အကြိမ်ပေါင်းများစွာ ရှိုက်ကြီးတငင် ငိုခဲ့ပါတယ်။ နာလွန်းတဲ့အခါ ကလေးတစ်ယောက်လို ငိုခဲ့ပြီး အရေထူသွားတဲ့ပုံစံတူ အမှားတွေကိုတော့ အကယ်ဒမီရလောက်တဲ့ မျက်ရည် ပမာဏနဲ့ တုံ့ပြန်ခဲ့တယ်။ အဲ့ဒီအချိန်တွေမှာသာ တစ်ယောက်ယောက်က ဘဝမှာဘယ်အရာကို မလိုချင်ဆုံးလဲ လို့ မေးခဲ့ရင် မျက်လုံးတွေ ဖူးယောင်နေသလားဆိုတာ သိရဖို့ မနည်းဖွင့်ကြည့်ခဲ့ ရတဲ့ မနက်ခင်းတွေပဲ လို့ ဝန်ခံမိမှာပါ။ I want to sleep without any fight and argument #searchinsightcreators #crd
MJ
Region: MM
Sunday 21 December 2025 12:08:59 GMT
Music
Download
Comments
Nang Eaindrayaye :
Fighting ငါလွတ်မြောက်သွားပြီ အဲဒီအဖြစ်ကနေ😁😁🥰🥰🥰
2025-12-21 21:16:35
5
May Thu :
ဟုတ်တယ်ညီမလေးရေခုခံစားရတာနဲ့တထပ်ထဲ
2026-01-13 14:24:05
1
Jade Green :
သင်ခန်းစာတွေအများကြီးပေးခဲ့လို့ကျေးဇူးတင်စွာလမ်းခွဲခဲ့ပီ
2026-02-04 06:41:59
2
Top one Nail & Body Spa :
အမှနိဘဲ ကိုယ်လဲလွှတ် မြောက်ပြီ
2026-02-06 06:25:30
2
Ah Thet❤❤ :
အဲ့နေရာလေး အဲ့postလေးလှနေရော😍
2026-02-16 18:13:14
2
♡ Miss.Ÿ ♡ :
ကိုယ့်ကိုကိုယ်အမြန်ဆုံးပြန်ရှာတွေ့ချင်ပီ လမ်းပျောက်နေဆဲ😢😢
2025-12-22 01:10:51
4
လေဘာတီစု :
လွှတ်ချလိုက်တဲ့အချိန်မှာပဲ ဘယ်သူ့ကိုမှထပ်မလိုချင်တော့တာ
2026-01-24 23:54:05
1
JusTi :
အဲ့တာဘယ်နားလဲရှင့်
2026-02-04 05:52:51
1
Khaing :
စာလေး Copy ချင်လို့ အမရယ်
2025-12-22 06:32:14
2
Y🌸 :
စာသားလေးcopyပြန်တင်ချင်လို့ပါရှင့်
2026-02-14 04:53:52
1
Zarni Mohmoh164 :
ထိမိနေတယ် အဲလိုပုံဘဲ
2025-12-22 09:00:28
1
nwaychit :
အာ့လိုဖြစ်ဖို့ ကြိုးစားရအုံးမယ်🥺🥺🥺
2026-01-13 15:07:38
1
pmyat🤏🏼 :
စာသားလေးcopyပြန်တင်ပါရစေ🥰
2025-12-23 00:28:11
1
Kay Thi Aung :
တိုက်ဆိုင်လိုက်တာဘာဖြစ်လို့လွှတ်ခိလိုက်ရတာလဲးကိုကိုယ်ပြန်မေးရတဲ့ထိပဲး
2026-03-10 13:32:48
2
🐬3i🐬 :
🩵
2026-02-04 10:38:58
1
A Khun Maw :
❤️🩹❤️
2025-12-22 01:35:31
1
Anna 👩🍳♒️ :
Me too
2025-12-22 01:14:04
1
⛓♡ MAY ♡⛓ :
💙💙💙
2025-12-21 14:50:24
1
To see more videos from user @simple.life2922, please go to the Tikwm
homepage.