@mgmk84: ❝ စိတ်ကို ကျွဲထိန်းသလို ထိန်းပါ ❞ 🌻🌻🌻🌻🌻🌻🌻🌻🌻🌻 တစ်ခါတော့ .. မြစ်၀ကျွန်းပေါ် ဒေသတစ်ခုသို့ ဆရာတော် တရားဟောကြွလေ၏ ။ ထိုဒေသတွင် မိုးများသည့်အတွက် တောင်ယာသမား အများစုသည် နွားအစား ကျွဲများဖြင့်သာ ထွန်ယက်စိုက်ပျိုးကြရလေ၏ ။ ကျွဲများသည် သန်မာထွားကျိုင်းပြီး ချိုကြီးများကားနေ၏ ။ ဆရာတော်သည် .. ကျွဲကြီးများကို မြင်သောအခါ ထိုဒေသမှ ဒကာကြီးများကို ယခုကဲ့သို့ မေးကြည့်လေ၏ ။ “ ဒကာကြီး .. ဒီလောက်သန်မာတဲ့ ကျွဲကြီးတွေက ဒကာကြီးတို့ကို ပြန်ပြီး ရန်မမူကြဘူးလား ” “ တစ်ခါတလေတော့ ရန်မူတယ်ဘုရား ၊ တလောက ဟိုဘက်ရွာက တောင်သူတစ်ယောက် ကျွဲခတ်လိုက်တာ ဗိုက်ပေါက်ပြီး နေရာမှာတင် ပွဲချင်းပြီး သေပါရောလားဘုရား ” “ အိုး... ကြောက်စရာ ကောင်းလိုက်တာ ၊ ကျွဲထိန်းရတာလည်း တော်တော် အန္တရာယ်များတာပဲ ” “ ဒါက ဖြစ်ခဲပါတယ်ဘုရား ၊ သူတို့ ကျွဲထိန်းတဲ့နေရာမှာ ညှာလိုက်လို့ပါ” “ ဒကာကြီးက ဘယ်လိုထိန်းလို့လဲ၊ ကြောက်အောင် ရိုက်နှက်ထားလို့လား ” “ တစ်ချက်မှ ရိုက်နှက်စရာမလိုဘဲ ထိန်းတဲ့နည်းရှိတယ်ဘုရား ” “ ဒကာကြီးတို့နည်းက ဘုန်းကြီးတို့လို မေတ္တာသမားနဲ့ ကိုက်တာပေါ့ ၊ ဘယ်လိုထိန်းတာလဲ” “ အလုပ်နဲ့ ထိန်းတာပါဘုရား လယ်ချိန် လယ်ထွန်တယ် ၊ ယာချိန် ယာထွန်တယ် ၊ လယ်တွေ၊ ယာတွေ မရှိရင် ရေခပ်ခိုင်းတယ်။ ရေစည်ကို လှည်းပေါ်တင်ပြီး မြစ်ရေကိုသယ်တယ်။ ရေသယ်စရာ မရှိရင် ထင်းလိုက်တယ်ဘုရား ..." “ အဲဒီလို မနားတမ်း ခိုင်းနေမယ်ဆိုရင် ဒီကျွဲဟာပင်ပန်းပြီး ညောင်းနေတဲ့အတွက် နားရတဲ့အချိန်လေးမှာ ငြိမ်နေတာပေါ့ဘုရား ... ။ ဒေါသဖြစ်ချိန်ကို မပေးတော့ဘူးဘုရား ” “ အို... ဒကာကြီးတို့ပြောတဲ့ ကျွဲထိန်းနည်းက .. ဘုန်းကြီးအတွက်တော့ တရားတစ်ပုဒ်ပါပဲ ၊ ကျွဲကြီးကို စိတ်နေရာမှာထားပြီး စိတ်ကိုအလွတ်မထားဘူး အမြဲခိုင်းနေမယ်ဆိုရင် လောဘ၊ ဒေါသ ၊ မောဟဆိုတဲ့ ကိလေသာတွေ မ၀င်နိုင်ဘူးပေါ့ " " ဒါကြောင့် .. ကိုယ်တော်တို့ တတွေလည်း စိတ်ကို အအားမပေးနဲ့ ။ စိတ်ဆိုတာ ... မကောင်းတဲ့ ဘက်မှာ ပျော်တာ ။ အားနေရင် စာဖတ်၊ စာရေး တရားနာ။ ဟော... အဲဒီလို မနားတမ်း လုပ်ကြပါလို့ တိုက်တွန်းပါတယ် ” #အိပ်ယာဝင်ပုံပြင်များ #fyppppppppppppppppppppppp #foryoupage❤️❤️ #tiktokindia #tiktokindia
အိပ်ယာဝင်ပုံပြင်များ
Region: TH
Monday 22 December 2025 04:50:02 GMT
Music
Download
Comments
^okuyasu^ :
မနားတမ်းလုပ်မှရမယ်
2026-03-11 15:11:39
0
To see more videos from user @mgmk84, please go to the Tikwm
homepage.