@asepsaepullah154:

Asa_js
Asa_js
Open In TikTok:
Region: ID
Monday 29 December 2025 15:02:03 GMT
132
5
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @asepsaepullah154, please go to the Tikwm homepage.

Other Videos

မန္တလေးမြို့မှာ Online ကနေ ကျောက်မျက်ရတနာတွေကို ကံစမ်းမဲပေါက်တဲ့ပုံစံမျိုးနဲ့ ရောင်းချပြီး ငွေလိမ်လည်တယ်ဆိုတဲ့ ပြည်ပနိုင်ငံသား ၁၁ ဦးနဲ့ မြန်မာနိုင်ငံသား ၁၇ ဦး၊ စုစုပေါင်း ၂၈ ဦးကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးထားတယ်လို့ Eleven Media က စက်တင်ဘာ ၁၆ ရက်မှာ ဖော်ပြထားပါတယ်။  ဖြစ်စဉ်ကတော့ စက်တင်ဘာ ၂ ရက် မနက်ပိုင်းမှာ မဟာအောင်မြေမြို့နယ်၊ လမ်း ၈၀၊ ၃၉ လမ်းနဲ့ ၄၀ လမ်းကြားက နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာကနေ စတင်တာပါ။ အဲဒီနေရာမှာ တရုတ်နိုင်ငံသား ၂ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၄ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦးနဲ့ မြန်မာနိုင်ငံသား ၁၃ ဦး၊ စုစုပေါင်း ၂၀ ဦးကို ဖမ်းဆီးရမိခဲ့ပြီး Desktop Computer ၂၈ လုံး၊ Laptop ၃ လုံး၊ System Box ၂ လုံး၊ ဖုန်း ၈၁ လုံး၊ Tablet ၃ လုံးနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။  နောက်တစ်နေ့ စက်တင်ဘာ ၃ ရက်မှာတော့ မဟာမြိုင် (၁) ရပ်ကွက်ဘက်က “Magdalenamoom” ကျောက်မျက်ရတနာရောင်းဝယ်ရေးနေအိမ်ကို ထပ်မံရှာဖွေရာ မြန်မာနိုင်ငံသား ၄ ဦးနဲ့ တရုတ်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၈ ဦးကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။ ဒီနေရာကနေ ဖုန်း ၄၉၈ လုံး၊ Tablet ၁ လုံး၊ Laptop ၁ လုံး၊ Computer System Board ၅ လုံး၊ Monitor ၁ လုံးနဲ့ ကျောက်စိမ်းလို့ ယူဆရတဲ့ လက်ကောက် ၁၅ ကွင်းတို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။  စစ်ဆေးချက်အရလို့ သတင်းမှာ ဖော်ပြထားတာကတော့ အဖွဲ့ဝင်တွေက အရောင်တူကျောက်တွေကို အိတ်တွေထဲထည့်ပြီး ကံစမ်းတဲ့ပုံစံနဲ့ သရုပ်ဆောင်ကာ Live လွှင့်ပြီး ရောင်းချခဲ့ကြတယ်လို့ ဆိုပါတယ်။ တချို့ဝယ်ယူသူတွေကိုလည်း ကံစမ်းမဲပေါက်ပြီး ကျောက်စိမ်းအကြမ်းထည်ရရှိတယ်ဆိုကာ ပစ္စည်းပို့ပေးဖို့ အခွန်အခပေးရမယ်လို့ ပြောပြီး ငွေလက်ခံကာ နောက်ပိုင်းမှာ ဆက်သွယ်လို့မရအောင် Block လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ လိမ်လည်ရရှိတဲ့ငွေတွေကို အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံရှိ ဘဏ်အကောင့်တွေထံ လွှဲပေးစေခဲ့တယ်လို့လည်း ဆိုပါတယ်။  လက်ရှိမှာတော့ တရုတ်နိုင်ငံသား ၆ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၄ ဦးနဲ့ မြန်မာနိုင်ငံသား ၁၇ ဦး၊ စုစုပေါင်း ၂၈ ဦးကို ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ Eleven Media က ဖော်ပြထားပါတယ်။  Source – Eleven Media Group  News Trends MM  #ကျောက်မျက်ရတနာလိမ်လည်ရောင်းချသူ  #မန္တလေး

About