@oyy_a7: #ترند #اكسبلور #fyp #اغاني #fypシ

7
7
Open In TikTok:
Region: SA
Wednesday 07 January 2026 13:38:57 GMT
17595
587
11
327

Music

Download

Comments

jwlr
KHALID| خالد :
2026-01-07 20:27:17
4
_9x.t_92
A :
اوللل
2026-01-07 17:03:19
1
s3451442
Theeb :
S😞
2026-02-23 18:05:25
0
ec.820
2026🎓 S a l e h3 1 1 :
الكلام لو سمحت
2026-01-09 10:00:26
1
dtsbktddo1
مافي اسم🙁 :
G😓
2026-03-15 11:00:15
0
.wsam20
W :
G💔
2026-03-09 21:36:03
0
hasnhasn9452
الريم.😌🥰 :
😂
2026-06-22 20:42:43
0
To see more videos from user @oyy_a7, please go to the Tikwm homepage.

Other Videos

ဝမ်းမှန်စေရန် အသီးအနှံများကို အဓိကထား စားသုံးပါ၊ အစာကြေရန် ခက်ခဲသော အစားအစာများကို ရှောင်ကြဉ်ပါ၊ ကြေလွယ်သည့် အာဟာရများကို ရွေးချယ်စားပါ၊ သွေးမတိုးလိုသူများအတွက် ဝမ်းမှန်စေမည့် အစားအသောက်များကို အာရုံစိုက် စားသုံးပါ၊ ဝမ်းပုံမှန်သွားပါစေ၊ မမှန်ပါက ဝမ်းချူပေးရန် လိုအပ်ပါသည်။ စားသုံးရန် သွေးမတိုးလိုသူများသည် ချဉ်ချိုအရသာကို ပိုမိုစားသုံးပေးရပါမည် (သင်္ဘောသီးမှည့်၊ ဘာလီသီး၊ သရက်သီးမှည့်၊ စပျစ်သီး၊ ပန်းသီး)။ ထမင်းဟင်းလျာများ စားသည့်အခါ ကြေလွယ်၊ ကျက်လွယ်သော အစာများကို စားပေးပါ။ အထူးသဖြင့် သွေးတိုးရှိသူများသည် ပဲကတ္တီပါ (ပဲနီပြား) ပြုတ်ကို ကြက်သွန်နီ၊ ဆီစိမ်းဆမ်း၍ စားပါ၊ သွေးတိုးရောဂါကို ကာကွယ်ရန် အလွန်အားကိုးရပါသည်။ အကျိုးကျေးဇူး ဤကဲ့သို့ နေထိုင်ပြုမူမည်ဆိုပါက အထက်သို့ဆန်သော လေများ အောက်သို့ ပြန်လည်စုန်ဆင်းလာပါမည်။ လေစုန်သွားပါက သွေးလှည့်ပတ်မှု အရှိန်အဟုန်မှာ ကမောက်ကမမဖြစ်တော့ဘဲ အချိုးအစား ညီညွတ်လာပြီး သွေးတိုးခြင်း သိသိသာသာ သက်သာလာမည် ဖြစ်ပါသည်။ ရှောင်ကြဉ်ရန် လေချုပ်စေမည့် အစားအစာများ၊ အဆီနှင့် အစေးများသော အစားအစာများ၊ ပြုပြင်ဖန်တီးထားသော ယိုများ၊ စည်သွတ်ဘူး၊ ဆေးသကြား၊ ဓာတုဗေဒပစ္စည်းပါသော ဖျော်ရည်များ၊ ကြော်၊ လှော်၊ ကင်ထားသည့် အရာများ၊ အသားချည်း သီးသန့် စားသုံးခြင်းများကို ရှောင်ရပါမည်။ လေ့ကျင့်ခန်း လုပ်ဆောင်ပါ ချွေးထွက်မညီမျှပါက သွေးတိုးတတ်သဖြင့် ချွေးထွက်မှန်ရန် လိုအပ်ပါသည်။ ချွေးထွက်စေမည့် လေ့ကျင့်ခန်းကို နေ့စဉ် ပုံမှန်လုပ်ဆောင်ပေးပါ။ ချွေးထွက်လာသည်အထိ လမ်းလျှောက်ပေးပါ။ အကြံပြု တိုက်တွန်းချက် လေများများ အောက်သို့ စုန်ဆင်းစေရန် ကြိုးစားပါ၊ ဝမ်းမှန်မှန် သွားစေရန် ပြုမူနေထိုင်ပါ၊ ဆီး မှန်မှန်သွားပါ၊ ချွေးများများထွက်ပြီး ညီမျှစေရန် ကြိုးစားပါ။ လေများ အောက်သို့စုန်ရန် မည်သို့လုပ်ဆောင်ရမည်နည်း မြန်မာ့တိုင်းရင်းဆေးပညာတွင် သွေးတိုးခြင်းမှာ လေပူတိုးခြင်းကြောင့် ဖြစ်ပါသည်။ လေ၏သဘောမှာ ပူပါက ပေါ့ပါးပြီး အထက်သို့ ဆန်တက်တတ်သဖြင့် ပူစပ်သော အစားအစာများကို ရှောင်ကြဉ်ရပါမည်။ အောက်သို့စုန်ရာတွင် လေတစ်ခုတည်း စုန်၍မရဘဲ ဆီး၊ ဝမ်း၊ သွေး၊ လေ အားလုံး မျှတစွာ စုန်ဆင်းရန် လိုအပ်ပါသည်။ ထို့ကြောင့် အချဉ်နှင့် အခါးကို မျှတစွာစားလျှင် လေကို အောက်သို့ လည်စေပါသည်။ လေမချုပ်စေရန် (လေသက်စေရန်) ပဲကတ္တီပါပြုတ်ကို စားသုံးပါ၊ ဆောင်းအကူးကာလတွင် သလဲသီး စားပေးပါ၊ အိမ်ရှင်မများအနေဖြင့် ပဲဟင်းနှင့်တွဲဖက်ကာ သရက်ချဉ်သုပ် (ကြက်သွန်နီစိမ်း၊ ဆီတို့ဖြင့်သုပ်) စားသုံးပါက လေမချုပ်ဘဲ အောက်သို့ စုန်ဆင်းပါလိမ့်မည်။ လေသက်စေရန် ဆေးလျက်စားများ မငန်သော၊ နွယ်ချိုများသော လျက်ဆားကို စားသုံးနိုင်ပါသည်။ ဝမ်းမှန်စေရန် ပြုမူနေထိုင်ပါ ဒိန်ချဉ် သောက်ပါ၊ ထမင်းစားသည့်အခါ မန်ကျည်းသီးမှည့်ပါသော ချဉ်ရေဟင်း၊ မန်ကျည်းဖျော်ရည် သောက်ပါ၊ ခရီးသွားစဉ် မန်ကျည်းတော်ဖီ စားပေးပါ၊ တစ်ပတ်လျှင် နှစ်ရက်ခန့် သင်္ဘောသီးမှည့် သို့မဟုတ် ဖီးကြမ်းငှက်ပျောသီး စားပေးပါ၊ လမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ပေးပါ၊ ရေကိုလည်း တစ်နေ့လျှင် ရေသန့်ဗူးကြီး ၃ ဗူးခန့် သောက်ပါ၊ ရေသောက်ပြီးတိုင်း ထန်းလျက် အနည်းငယ် စားပေးပါက အစာကြေညက်စေပါသည်။ (ကျန်းမာရေးအတွက် တိုင်းရင်းဆေးနည်းကောင်းများ ပြန်လည်မျှဝေပေးလိုက်ပါသည်။ Crd... တိုင်းရင်းဆေးဆရာကြီးဦးရန်အောင်) ဒီဆောင်းပါးလေးက သင့်အတွက် ဗဟုသုတရစေတယ်ဆိုရင် သူငယ်ချင်းတွေဆီ ပြန်လည်မျှဝေပေးဖို့ မမေ့နဲ့နော်။  #4uMedia #HealthTips #တိုင်းရင်းဆေး #သွေးတိုး #ကျန်းမာရေးဗဟုသုတ

About