@theedit: T shirtတွေဟာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ မရှိမဖြစ် လိုအပ်ပြီး လူတိုင်းမှာလည်းရှိကြမယ့် piece တစ်ခုလည်းဖြစ်ပါတယ်။ T shirtတွေဟာ ကျွန်တော်တို့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို့ကိုပြောလို့ရလောက်တဲ့အထိကို ဟိုးကလေးငယ်ငယ်လေးကနေ အသက် 50,60,70 ဝန်းကျင် လူကြီးများအထိ ကျား၊မ မရွေးဝတ်ဆင်ကြတဲ့ garment တစ်ထည်ပဲဖြစ်ပါတယ်။ဒီလို မရှိမဖြစ် အရေးပါနေရတာကလည်း သူရဲ့ သက်တောင့်သက်သာရှိမှု၊ပေါ့ပါးမှုတွေကြောင့်ဖြစ်ပြီး အမျိုးအစားကိုလိုက်ပြီး အိမ်နေရင်းဝတ်ကနေ ပွဲတက်အနေအထားအထိဝတ်ဆင်နိုင်တာကြောင့်ပါပဲ။ သူတို့ရဲ့မူလဘူတဇစ်မြစ်ကိုကြည့်ရမယ်ဆိုရင် 20th century အစောပိုင်းလောက်က US Navy ရဲ့ တပ်သားတွေအတွက် functional ဖြစ်စေမယ့် အဝတ်အစားတစ်မျိုးအနေနဲ့စတင်အသုံးပြုရာကနေ ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။မူလရည်ရွယ်ချက်ကတော့ under shirt (အောက်ခံ) အနေနဲ့ ဝတ်ဆင်ဖို့ပါ။ ဒီလိုနဲ့အချိန်တွေကြာလာပြီးနောက် ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာတော့ စစ်သားတွေက T shirtတွေကိုနေ့စဉ်ဘဝကို သယ်ဆောင်လာခဲ့ပါတော့တယ်။ ပိုပြီးတော့ လူတွေအသိများ၊ဝတ်ဆင်လာစေဖို့ဖြစ်လာတဲ့အလှည့်အပြောင်းတစ််ခုကတော့ movie star တွေဖြစ်တဲ့ Marlon Brando , James Dean တို့လိုလူတွေက သူတို့ရဲ့ ရုပ်ရှင်တွေ၊နေ့စဉ်outfitတွေမှာ ဝတ်ဆင်ပြလာခဲ့တာကြောင့်ပါပဲ။တစ်ချိန်ကအောက်ခံအနေနဲ့ ဝတ်ဆင်ဖို့အတွက်သာ ဖန်တီးခဲ့ကြတဲံ garment တွေက လူငယ်တွေရဲ့ ငယ်သွေးငယ်ရှိန် နဲ့ effortless masculinity ကိုဖော်ကြူးတဲ့ symbol တစ်ခုလိုဖြစ်လာပါတော့တယ်။ 1960 နှင့် 1970 ကာလတွေမှာဆိုရင်တော့ T shirt တွေအပေါ်မှာ စာသားတွေ ရုပ်ပုံ graphic တွေကိုရိုက်နှိပ်ပြီး ကိုယ်ယုံကြည်ရာ၊ကိုယ်နှစ်သက်ရာတွေကိုဖော်ပြဝတ်ဆင်နိုင်တဲ့အနေအထား အထိဖြစ်လာပါတယ်။ ပါးစပ်ကနေထုတ်ဖော်ပြောစရာမလိုတဲ့ ယုံကြည်ရာ visualတွေ symbolတွေ အနေနဲ့ T shirt တွေကိုဝတ်ဆင်လာကြပါတယ်။အမျိုးမျိုးသောအရေးအခင်းနဲ့ ဆန္ဒပြမှုတွေမှာလည်း လူငယ်တွေက စာသားတွေ၊ဆောင်ပုဒ်တွေကို ရိုက်နှိပ်ကာ ဝတ်ဆင်ခဲ့ကြပါသေးတယ်။ ဒီယဉ်ကျေးမှုဟာ ယနေ့ခေတ်ထိတိုင်အောင်တည်ရှိနေတဲ့ လူငယ်တွေရဲ့ ဖန်တီးမှု၊ယုံကြည်မှုတစ်ခုပဲဖြစ်ပါတယ်။ 1980,1990 ကာလတွေမှာတော့ ရင်တွင်းအသံ၊ယုံကြည်မှုတွေကိုဖော်ပြရုံသပ်သပ်တင် မဟုတ်တော့ဘဲ brand အမျိုးမျိုးက လူငယ်တွေကို target ထား လူငယ်တွေအတွက် trend အလိုက်ထုတ်လုပ်ခဲ့တာကြောင့်ပဲ street culture တင်မကဘဲ နယ်ပယ်အစုံထိ design အမျိုးမျိုးသော T shirtတွေပေါ်ပေါက်လာပြီး luxury fashion houseတွေကပါ T shirt collectionတွေကိုပါ ဖန်တီးလာကြပါတော့တယ်။တကယ်တမ်းတော့ T shirt တစ်ထည်ဟာ ဈေးကြီးစရာလည်းမလိုပါဘူး၊ ကိုယ့်ယုံကြည်မှု၊ကိုယ့်အကြိုက်၊ကိုယ်နဲ့ကိုက်ညီမယ့် T shirt ကိုသာ ခေတ်အဆက်ဆက် လူငယ်တွေ၊လူကြီးတွေ ဝတ်ဆင်ခဲ့ကြသလို ဝတ်ဆင်ကြမယ်ဆိုရင် T shirtတွေရဲ့ အနှစ်သာရတွေကို အပြည့်အဝ ခံစားနိုင်မှာဖြစ်ပါတယ်။Just enjoy the quality and taste the art on it ပါပဲ။အချုပ်အနေနဲ့ပြောရရင် အမျိုးမျိုးသော T shirt တွေမှာ အမျိုးမျိုးသော အနှစ်သာရ၊အနုပညာတွေပါဝင်နေတာမလို့ ဈေးများသည်ဖြစ်စေ နည်းသည်ဖြစ်စေ ကိုယ်နှစ်သက်ရင်တော့ အများကြီးစဉ်းစားမနေဘဲ ဝတ်ဆင်ဖို့အကြုံပြုလိုက်ပါရစေ။ #fashion #tshirts #vintage #fyp #foryou

theedit
theedit
Open In TikTok:
Region: MM
Wednesday 07 January 2026 16:02:53 GMT
768
42
1
15

Music

Download

Comments

leee19672
leee19672 :
First nw?
2026-01-07 16:36:19
1
To see more videos from user @theedit, please go to the Tikwm homepage.

Other Videos


About