@minthawzin44: "ဖြည့်စွက်စာကျွေးချိန်“☀️ ဆောင်ရန်✅ရှောင်ရန်❌အချက်လေးတွေ" ——————————————————————— ✅ကလေးငယ်တစ်ယောက်ကို အသက်ခြောက်လအထိ မိခင်နို့ရည်တစ်မျိုးတည်းကိုသာတိုက်ကျွေးရမယ်ဆိုတာကိုတော့ သိပြီးသားဖြစ်ကြမယ်ထင်ပါတယ်။ အသက်ခြောက်လ6️⃣ပြည့်တဲ့အချိန်မှာတော့ ဖြည့်စွက်စာကို စတင်ကျွေးနိုင်ပါပြီ။ ဒီလိုဖြည့်စွက်စာစတင်ကျွေးချိန်မှာ မှားတတ်တဲ့အမှားလေးတွေအကြောင်းကို တင်ပြချင်ပါတယ်။ - ဖြည့်စွက်စာစတင်ပြီဆိုရင် စစချင်းရက်မှာ အဖတ်အမာကျွေးလို့မသင့်တော်ပါဘူး။ -ဆန်မှုန့်၊ နို့မှုန့်ကနေစတင်ကျွေးရမှာပဲဖြစ်ပါတယ်။ ဆန်မှုန့်ကို တစ်နေ့နှစ်ကြိမ်ကျွေးရင်း မိခင်နို့ကိုလည်း ကလေးငယ်လိုအပ်သလို ဆက်တိုက်ပေးဖို့လိုအပ်ပါတယ်။ -ဒီလိုနဲ့ ဖြည့်စွက်စာကျွေးပြီး လေးရက်နောက်ပိုင်းမှာတော့ ဆန်ပြုတ်အရည်ကျဲကို ကလေးငယ်ဆီသို့စတက်မိတ်ဆက်ပေးနိုင်ပါပြီ။ -နောက်ပိုင်းမှာတော့ အသက်၇လ7️⃣အထိဆန်ပြုတ်ကိုအကြိမ်ရေတိုးသွားရမှာပဲဖြစ်ပါတယ်။ အဓိက သတိထားရမယ့်အချက်ကတော့ ကလေးကိုကျွေးချင်ဇောနဲ့ အချိုလွန်တဲ့အစားအစာတွေ၊ သကြား၊ သကြားများသောအချိုရည်တွေမတိုက်ဖို့ပါပဲ။❌ -အဓိက ကျတဲ့နောက်တစ်ချက်ကတော့ မိဘတွေဆန္ဒမစောဖို့ မလောဖို့ပါဘဲ✅ -ကလေးငယ်အချို့ဟာ ထမင်းဟင်းစားချိန်မတန်သေးဘဲ မိဘတွေရဲ့မအားလပ်မှုကြောင့် ကလေးကိုဆန်ပြုတ်၊ထမင်းပြဲပြဲမကျွေးဘဲ မိဘတွေရဲ့ထမင်းဝိုင်းမှာတူတူထိုင်စားရပြီး အစာမကျေခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်ရတတ်ပါတယ်။ -ဒါကြောင့် ကလေးအသက်တစ်နှစ်မတိုင်မီမှာ မိသားစုစားသလို မကျွေးသေးဘဲ ဆန်မှုန့် မှ ဆန်ပြုတ်ရေကျဲ၊ ထို့နောက် ဆန်ပြုတ်ပျော့ပျော့၊ ထို့နောက်ထမင်းပျော့ပြဲစသည်ဖြင့် တစ်ဆင့်ချင်းစီ ကျွေးသွားဖို့လိုအပ်ပါတယ်။ ——————————————————————————————————- ✅ဖြည့်စွက်စာကျွေးစဉ်နဲ့ တစ်နှစ်အောက်အရွယ်မှာ လုံးဝရှောင်စေချင်တဲ့အစားအစာတွေကတော့ - သွားရည်စာ၊ အိတ်ပိတ်မုန့်များ၊ ဘီစကစ်အချို၊ အာလူးကြော်၊ စသော အာဟာရမဖြစ်စေသောအစာများ နှင့် အချိုအဆီများလွန်းသောအစာများ - အချိုရည်ဗူးမျိုးစုံ၊ ဂက်စ်ပါသောအချိုရည်ပုလင်းများ၊ လက်ဖက်ရည်၊ကော်ဖီ စသော ကဖင်းဓာတ်ပါသောအစားအစာများ - ချောကလက်၊ နို့ခဲ၊ သကြားလုံး၊ အားဖြည့်အချိုရည် စသော အစားအစာများဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ကိုယ်ရောစိတ်ပါဖွံ့ဖြိုးတိုးတက်မှုအတွက် မိခင်နို့ရည်နဲ့ သဘာဝကျသောအစားအစာများသာ အဓိကကျတာမို့ ရွေးချယ်စားသုံးနိုင်ရန်တင်ပြလိုက်ပါတယ်။ ကလေးငယ်ရဲ့ လ အလိုက် ကျွေးသင့်တဲ့ အစားအစာတွေကိုလည်းတင်ပေးထားပါတယ်ရှင်🥰။ မေမေတို့ အသုံးဝင်ကြပါစေရှင်🤗 credit_Dr. စိုင်းမြတ်သူ #crd #မေမေတို့အတွက် #ဘေဘီလေးတို့အတွက် #fyp #foryou
Julian👑(Mommy&Son)
Region: MM
Thursday 08 January 2026 16:57:52 GMT
Music
Download
Comments
👑Regina👑 :
😂
2026-04-28 02:15:49
0
Thidar :
❤❤❤❤❤❤❤❤❤
2026-01-09 04:07:34
1
AYE THU ZAR :
မဂ်လာပါ
2026-01-20 02:28:09
1
Htate Htate Handmade 🎀💼👜👝 :
🥰
2026-01-18 16:35:49
0
A Mi :
😍
2026-02-28 17:13:52
0
To see more videos from user @minthawzin44, please go to the Tikwm
homepage.