@arkar2002: ထားခဲ့တော့မလို့လား ? နေခဲ့မယ်နော် ။ ဒါပေမယ့် တစ်ခုပဲ ဖြေခဲ့ပေးပါ ။ ခဏလေး မျက်လုံးမှိတ်ပြီး တွေးကြည့်ပေးပါ ကျွန်တော့်ကြောင့် မပျော်ခဲ့ရဖူးဘူးလား ။ ကျွန်တော်ရပ်နေသမျှ တစ်လျှောက်လုံး အတတ်နိုင်ဆုံးတော့ မင်းအတွက်တွေးပေးခဲ့ပါတယ် ။ အများကြီး မဖြည့်ဆည်းပေးနိုင်ခဲ့ဘူးဆိုရင်တောင် အတတ်နိုင်ဆုံးတော့ ကိုယ်ခက်ခဲနေလည်း မင်းအတွက်ဆိုပြီး ရှေ့တန်းတင်ခဲ့တာပါ ။ အဆင်ပြေပါတယ်ဆိုတဲ့ စကားတွေ တဖွဖွ ပြောခဲ့တဲ့ ကျွန်တော်ဟာ လက်တွေ့တွေမှာကျတော့ ဘာတစ်ခုမှ အဆင်ပြေနေတာတော့ မဟုတ်ဘူးပေါ့ ။ ဒါပေမယ့် နှစ်ယောက်အတူ စကားပြောနေခွင့်ရှိတဲ့အချိန်မှာ အနည်းဆုံးတော့ ပျော်စရာတွေချည်း ပေးချင်ခဲ့တာပါ ။ မင်းစာလေးပို့လာရင် ဘယ်လောက်မအားနေပါစေ အားပါတယ်ဆိုတဲ့ စကားလေးပဲ သုံးခဲ့တယ် ။ မင်းစိတ်လိုလက်ရပို့တဲ့တွေကို အလွတ်မပေးချင်ခဲ့တာလေ ။ ထမင်းစားနေရင် ထမင်းစားတာ ရပ်ထားတတ်တယ် ။ မီးအားသွင်းထားရင် အားသွင်းကြိုးတန်းလန်းနဲ့ စကားပြောနေတတ်တာ ပါ။ အများကြီးပေါ့ နေရာတကာမှာ မင်းပြီးမှပဲ ကိုယ့်ကိုယ်ကိုယ် အတွက်တွေးဖြစ်ခဲ့တာပါ ။ ဘယ်အရာမှာမဆို ဂရုတစိုက်ရှိပေးခဲ့သလို ဘယ်အရာကိုမဆို အလေးအနက်ထားခဲ့တာတော့ ယုံပါ ။ အများကြီး မဖြည့်ဆည်းပေးနိုင်ခဲ့ပေမယ့် ကိုယ်တတ်နိုင်တာထက် ပိုပြီးတော့ မင်းအတွက်ဆိုပြီး လုပ်ပေးခဲ့ဖူးတာကိုတော့ ယုံပါ ။ ထားပါတော့.... အတိတ်ကို ပြန်ပြောလို့လည်း မင်းရဲ့ဆုံးဖြတ်ချက်တွေကို ပြန်ပြင်တော့မှာမှ မဟုတ်ပဲလေ ။ ကိုယ်ဘယ်လောက်ပဲတားတား နောက်ဆုံး မင်း ကိုယ့်ကိုထားပြီး ထွက်သွားတော့မှာပဲ မဟုတ်လား ။ ကိုယ့်ကြောင့် မပျော်ခဲ့ရဖူးဘူးဆိုရင်တော့ ကိုယ်က မချစ်တတ်ခဲ့တာလို့ပဲထားပါ ။ တကယ်တမ်းကျတော့ သိပ်ချစ်ပါတယ် ။ ပျော်ခဲ့ဖူးတယ်ဆိုရင်တော့ ကိုယ် လုပ်ပေးခဲ့တာတွေ အလဟသမဖြစ်တော့ဘူးပေါ့ ။ ကိုယ်မျိုသိပ်ခဲ့ရတာတွေ ကိုယ်ထိန်းချုပ်ခဲ့ရတာတွေ နောက်ဆုံး ကိုယ် ငိုခဲ့ရတာတွေ အလကား မဖြစ်တော့ဘူးပေါ့ ။ ဟုတ်တယ်မလား ။ တကယ်ပဲ အနားမှာ တစ်သက်လုံး ပျော်အောင် ထားချင်ခဲ့တာပါ ။ ဒါပေမယ့် ချန်ခဲ့လဲ ရပါတယ်။ #ကျေးကျွန် #fpy #trend #tiktokindia
洋子
Region: MM
Saturday 10 January 2026 21:21:10 GMT
Music
Download
Comments
Accound not found :
စာသားပေးပါလာ
2026-02-04 03:11:18
2
Bo 💗🍀 :
နေခဲ့ပေးရတာနဲ့တန်အောင် အဲ့မိန်းကလေးကိုပိုချစ်ပေးပါနော်🥺
2026-06-05 16:11:15
1
Z🦑 :
story တင်ပါရစေနော်
2026-04-26 14:34:06
1
Khoon lay🤪🤍 :
@M
2026-07-09 13:31:05
0
🇱🇹ต้าบูอู (ไอ้อู๊ด)🇹🇭 :
@ʕ˖͜͡˖ʔ𝒲𝓊𝓉𝓉𝓎𝓁ʕ˖͜͡˖ʔ @ʕ˖͜͡˖ʔ𝒲𝓊𝓉𝓉𝓎𝓁ʕ˖͜͡˖ʔ @ʕ˖͜͡˖ʔ𝒲𝓊𝓉𝓉𝓎𝓁ʕ˖͜͡˖ʔ တကယ်ထားခဲ့တောမလို့လာဘေဘီ🥺🥺🥺
2026-06-09 19:14:08
2
🦅"𝐌𝐠 ; ဘိုးထင်"👐!(𝟏𝐌)! :
😁
2026-07-12 15:53:01
0
*ŦĤÛ* :
😁
2026-07-01 17:03:03
0
Moe Yan :
@SuZi
2026-05-21 06:14:14
0
*ŦĤÛ* :
😁
2026-07-01 17:02:48
0
Daxxx :
@Ÿãŧĩ🤪 မင်းမရှိလို့မရဝူးအချစ်ရဲ့
2026-06-18 07:13:08
0
SaKu✓ :
@✨ 🎀🐼𝓜𝔂𝓪 🐼🎀✨
2026-06-22 15:02:09
0
🌪💨 :
@စောင့်နေဆဲ.....
2026-06-04 15:10:03
0
𝑺𝑼𝑰 :
@Senju Tobirama 🥹
2026-05-25 05:25:30
0
? :
@.
2026-05-31 09:12:33
1
*ŦĤÛ* :
🥰
2026-07-01 17:03:01
0
သေလူ :
@"ကောက်စိန်"😋 😭
2026-04-15 08:02:33
0
To see more videos from user @arkar2002, please go to the Tikwm
homepage.