@agganyarna30: @user4728358432600 ကို အကြောင်းပြန်နေသည် တရားဟောနေတာ ငွေရဘို့မဟုတ်။ တရားသည်ရောင်းကုန်မဟုတ် အားလုံးသော ဒကာ,ဒကာမတို့အား မေတ္တာရပ်ခံခြင်း ဥုးဇင်းက ဓမ္မ,ဝိနယ တရားတော်များ နှင့် မှတ်သားဖွယ် ဗဟုသုတများ ကို ဒကာ,ဒကာမတို့အား သိစေခြင်သော စေတနာအရင်းခံဖြင့် မျှဝေခြင်းသာ ဖြစ်သည်။ ဥုးဇင်းအနေနဲ့ နာမည်ကြီးလို လာဘ်ရလို(ဘုန်းကြီးလို)၍ မဟုတ် ဘာမှလည်းလှူရန်မလို ဥုးဇင်းဆီကိုလည်း မည်သူမှလာဖို့မလိုပါ။ 😪😪😪နေရပ်လိပ်စာစုံစမ်းခြင်းမှသည်းခံကြပါရန် အထူးမေတ္တာရပ်ခံပါသည်။😪😪😪 မာနကြီးတယ်လို့လည်း အထင်မလွဲစေလိုပါ မာနကြီးစရာ သူများလိုကျောင်းတွေ,ကား တွေမပြောနဲ့ ဆိုင်ကယ်အစုတ်တောင်မရှိ ကုန်ကုန်ပြောရရင် ကား,ဆိုင်ကယ်နဲ့တူတာဆိုလို့ တာယာဖိနပ် အစုတ်တောင်မရှိ ဘာပိုင်ဆိုင်မှုမှလည်းမရှိ, ဘာဘွဲ့ထူး ဂုဏ်ထူး, အခြံအရံအသိုင်းအဝိုင်း ဘာဆို ဘာမှမရှိ တစ်ကောင်ကြွက်မျှသာဖြစ်တဲ့ ဥုးဇင်းအနေနဲ့ ဘာမှမာနကြီးစရာလည်းမရှိပါ။😪 ဥုးဇင်းလို မထင်မရှား, သာမန် ရဟန်းငယ်တစ်ပါးအနေနဲ့ ဧည့်သည် လာလို့ ဘာမှဧည့်ခံစရာလည်းမရှိသလို ကျောတစ်ချပ်စာအိပ်ဖို့နေရာတောင် ပေးစရာမရှိ၍ မည်သူမျှမလာစေလိုပါ။😪😪 ဥုးဇင်းဆီလာတာနဲ့စာရင် ဥုးဇင်းတင်ထားတဲ့ ဘုရားရှင်၏တရားတော်များ, မှတ်သားဖွယ်ရာ ဗဟုသုတများကို မှတ်မိအောင်နာယူခြင်း လက်တွေ့လိုက်နာကျင့်သုံးခြင်းဖြင့် သာ ပူဇော်စေလိုပါသည်။🙏 ဤကဲ့သို့သော ဓမ္မပူဇာမျိုးကိုသာ သဘောအကြဆုံး, အနှစ်သက်ဆုံးဖြစ်သည်။🪷 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 အကယ်၍ အာမိသပူဇာနည်း(ပစ္စည်းလေးပါးဖြင့်)ပူဇော်လိုလျှင်တော့ 🌼🌼🌼🌼🌼🌼🌼🌼🌼🌼 သပိတ် နှင့် ခြေထောက်ကို အားကိုးကာ ဆွမ်းခံကြွနိုင်နေသ၍ ဥုးဇင်းအနေနဲ့ဆွမ်းကိစ္စ ပြည့်စုံပြီးဖြစ်၍ တက်နိုင်တယ် ဆန္ဒရှိကြတယ်ဆိုရင် အခြား ဥုးဇင်းထက်ပို၍ စားဖို့တောင်ခတ်ခဲနေကြတဲသူတွေကို လှူပေးစေလိုပါသည်။ 🪷 ဥပမာ = အမှန်အကန် နေဖို့ စားဖို့ ခတ်ခဲနေသော စစ်ဘေး သဘာဝဘေး ဒုက္ခသည်များ, မရှိနွမ်းပါးသော မိဘမဲဂေဟာများ, စွန့်ပြစ်ခံရ၍ စားဖို့တောင် ခတ်ခဲနေရှာသော သက်ကြီးဘိုးဘွားများ, မရှိနွမ်းပါးသော ဘိုးဘွားရိပ်သာများ ကိုလှူပေးစေလိုပါသည်။😪 ကိုယ်၏ကျမ်းမာခြင်း စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ 🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷🪷 (ဥုးအဂ္ဂဉာဏ, မင်္ဂလာရေစဉ်)
ဥုးအဂ္ဂဉာဏ မင်္ဂလာရေစဉ်
Region: MM
Wednesday 14 January 2026 05:25:32 GMT
Music
Download
Comments
May May :
သူ့ကံနဲ့သူသွားပါလိမ့်မယ်
2026-01-14 05:45:23
2
🥰သတ္တသစ္စာ🥰 :
ဦးဇင်းအပေါ်ကိုပါရမီဖြည်တယ်လိုဘဲမှတ်ယူပါဦးဇင်းဒီရဲအပေါ်ကိုခံစားမနေပါနဲအရှင်ဘုရား🥰🥰🥰
2026-01-14 05:59:52
1
Moe Zat :
2026-07-27 11:35:01
1
ထွေး :
ဉီးဇင်းလေးသက်တော်ရာကျော်ရှည်ပါစေဘုရား🙏🙏🙏🙏🙏🙏🙏🙏🙏မယ်တော်ကြီးဉီးချကန်တော့လိုက်ပါတယ်ဘုရားသူ့သဘောနဲ့သူမှို့စိတ်ဆင်းရဲမခံပါနဲ့ဘုရား
2026-08-14 23:11:06
0
Ko Naing Gyi :
🙏🙏🙏
သူ့ အ,ကုသိုလ်နဲ့သူ သွားပါလိမ့်မယ် ဘုရား..
2026-07-28 10:51:54
0
လာဘ်ကောင်လေးရဲ့ကြီးကြီး🥰🥰🥰 :
🙏🙏🙏
2026-01-14 06:57:00
1
ပန်းအိမ်မက် :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-07-01 11:20:06
1
🌹Toungoo Thu Lay 🌹Myo Nwe🌹 :
အာကုသိုလ်တွေတော်တော်ပေးကြတဲ့ လူသားတွေပါလား သာသနာတော်မှာ တအောင့်လေးဖြစ်ဖြစ် ဝတ်ကြည်စေချင်ပါတယ် မကြည်ညိုရင် နေကြပါ သာသနာတော်အရှင်မြတ်အားလုံးကိုမစော်ကား မဝေဖန်ကြပါနဲ့ ဝောာင်းပန်စာလေးရေးခဲ့ပါရစေ🙏🙏🙏🙏🙏🙏🙏🙏
2026-01-14 05:31:06
2
dawown290320003 :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-01-14 05:28:06
1
我爱你😘我爱你 :
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-01-14 05:28:36
1
Ma Ma :
🙏🙏🙏🙏🙏
2026-01-14 14:08:46
1
Thi Dar Win :
🙏🙏🙏🌺🌺🌺🌺
2026-02-01 13:43:30
0
To see more videos from user @agganyarna30, please go to the Tikwm
homepage.