@cnimyanmar: ကမ်းလွန်ရေနံတူး အလုပ်သမားတွေ လစာ ဘယ်လောက်ရလဲ CNI Knowledge ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ဒီနေ့ ဗွီဒီယိုထဲမှာတော့ ကမ်းလွန်ရေနံတူးစင်တွေပေါ်မှာ လုပ်ကြတဲ့ အလုပ်သမားတွေ လစာ ဘယ်လောက် ရကြလဲဆိုတဲ့အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ ကမ်းလွန်ရေနံတူးစင် လုပ်ငန်းခွင်မှာ လစာ နှုန်းထားတွေဟာ တာဝန်ယူရတဲ့ အခန်းကဏ္ဍနဲ့ လုပ်သက် အတွေ့ အကြုံ အပေါ် မူတည်ပြီး ကွာခြားမှုတွေ ရှိကြပါတယ်။ ပုံမှန်အားဖြင့် အခြေခံ အဆင့်တွေအတွက် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၄၀,၀၀၀ မှ ၆၀,၀၀၀ လောက် ရရှိလေ့ ရှိပြီး ကျွမ်းကျင်ပညာရှင်တွေဖြစ်တဲ့ ရေနံတူးစက် မောင်းနှင်သူတွေ၊ စူပါဗိုက်ဆာတွေနဲ့ အင်ဂျင်နီယာတွေကတော့ တစ်နှစ်ကို ဒေါ်လာ ၂၀၀,၀၀၀ မှ ၂၅၀,၀၀၀ ကျော်လောက်အထိ ရရှိကြပါတယ်။ ရာထူးအဆင့်၊ တာဝန်နဲ့ အတွေ့အကြုံတွေအရ အောက်ခြေအဆင့် အလုပ်ကြမ်းသမားတွေက တစ်နှစ်ကို ဒေါ်လာ ၄၀,၀၀၀ ကနေ ဒေါ်လာ ၆၀,၀၀၀ အထိရရှိပါတယ်။ အလယ်အလတ်အဆင့် ကျွမ်းကျင်လုပ်သားတွေက တစ်နှစ်ကို ဒေါ်လာ ၆၀,၀၀၀ ကနေ ၁၀၀,၀၀၀ ကြား ရရှိပြီး စီမံ ခန့်ခွဲမှုနဲ့ ပညာရှင်အဆင့်ဖြစ်တဲ့ မန်နေဂျာတွေ၊ အင်ဂျင်နီယာတွေကတော့ တစ်နှစ်ကို ဒေါ်လာ ၁၂၀,၀၀၀ ကနေ ၂ ၅၀,၀၀၀ အထိ ရရှိကြပါတယ်။ ဒါ့ပြင် လုပ်သက် ကြာရှည်လာတာနဲ့အမျှ လစာနှုန်းထားတွေကလည်း သိသိသာသာ မြင့်မားလာတတ်ပါတယ်။ ကမ်းမမြင် လမ်းမမြင်ရဘဲ အန္တရာယ်များတဲ့ ပင်လယ်ထဲမှာ လုပ်ရသူတွေဖြစ်ပြီး အချိန်ပိုဆင်းရတဲ့ အလုပ်ချိန်တွေ အတွက် အန္တရာယ်ကြေးနဲ့ အချိန်ပိုကြေးအဖြစ် ဘောနပ်စ်တွေ ရရှိကြပါတယ်။ လုပ်ငန်းခွင်မှာ အလုပ်လုပ်ချိန်ကို အလှည့်ကျစနစ်နဲ့ လုပ်ကိုင်ရပါတယ်။ ဥပမာ - ပင်လယ်ထဲမှာ ၁၄ ရက် ဆက်တိုက် အလုပ်လုပ်ပြီး ကုန်းပေါ်မှာ ၂၁ ရက် ပြန်အနားယူတာ ဒါမှမဟုတ် ၂ ပတ် လုပ်၊ ၂ ပတ် နားတာ အစရှိတဲ့ အလုပ်ချိန်တွေ ဖြစ်ပါတယ်။ ကမ်းလွန်ရေနံတူးစင်ပေါ်မှာ လုပ်ရတဲ့ အလုပ်တွေဟာ လုပ်ငန်းခွင် ကြမ်းတမ်းပြီး အန္တရာယ်များပေမယ့် အလုပ် လုပ်ရတဲ့ ရက်နည်းပါးပြီး ဝင်ငွေ အများအပြား ရရှိတာကြောင့် လူတွေ စိတ်ဝင်စားမှုများတဲ့ အလုပ်တွေထဲမှာ ပါဝင်နေပါတယ်။ Source: YouTube
CNI_TV_Channel✅
Region: SG
Wednesday 14 January 2026 14:05:00 GMT
Music
Download
Comments
မနန်း :
မိုက်တယ်နော်လစား🥰🥰🥰🥰🥰🥰🥰🥰🥰
2026-01-14 14:25:11
0
Alingar Myanmar :
လုပ်ချင်ပ့ါတယ်
2026-01-14 14:23:39
0
To see more videos from user @cnimyanmar, please go to the Tikwm
homepage.