@yanaing1678: ငရဲသက်တမ်းနဲ့ လူ့သက်တမ်း နှိုင်းယှဉ်ခြင်း မေး။ ။ လူ့ပြည်နဲ့ ငရဲပြည်ဆို အချိန်ဘယ်လို တွက်ရပါသလဲဘုရား။ ဥပမာ လူ့ပြည် နှစ် ၁၀၀ ဆို ငရဲပြည်မှာ ဘယ်လောက်လဲဆိုတာ ဖြေပေးပါဦးဘုရား။ ဖြေ။ ။ (၁)။ သိဉ္ဇိုဝ်ငရဲ- ငရဲခန္ဓာကိုယ်ကြီး ပျက်စီးသွားလိုက် အသစ်ပြန်ဖြစ်လိုက်နဲ့ အဖန်ဖန်အသက်ရှင်ခံရသော ငရဲ။ ငရဲသက် နှစ် ၅၀၀။ လူ့သက် အနှစ်ကိုးသန်း။ (၂)။ ကာဠသုတ်ငရဲ- ခန္ဓာကိုယ်ကို ပဲခွပ်ဓါးမတို့ဖြင့် အစိတ်စိတ်အမြှောင်မြှောင် ရွေဖြတ်ခံရသော ငရဲ။ ငရဲသက် ၁၀၀၀။ လူ့သက် သုံးကုဋေခြောက်သန်း။ (၃)။ သင်္ဃာတငရဲ- အရပ်ရှစ်မျက်နှာမှ လာကုန်သော တောင်ကြီးတို့သည် ကြိတ်ချေသတ်ခံရသော ငရဲ။ ငရဲသက် ၂၀၀၀။ လူ့သက် ဆယ်လေးကုဋေလေးသန်း။ (၄)။ ရောရုဝငရဲ- နာကျင်ဆင်းရဲသောအသံဖြင့် အလွန်အကဲအော်ဟစ်ငိုကြွေးခံရသောငရဲ။ ငရဲသက် ၄၀၀၀။လူ့သက် ငါးဆယ်ခုနစ်ကုဋေ ခြောက်သန်း။ (၅)။ မဟာရောရုဝငရဲ- ရောရုဝငရဲထက် လွန်ကဲကြီးမားစွာ ခံရသောငရဲ။ ငရဲသက် ၈၀၀၀။ လူ့သက် နှစ်ရာသုံးဆယ်ကုဋေ လေးသန်း။ (၆)။ တာပနငရဲ- အလွန်ပူပြင်းစွာ လောင်ခံရသောငရဲ။ ငရဲသက် ၁၆၀၀၀။ လူ့သက် ကိုးရာနှစ်ဆယ်တစ်ကုဋေ ခြောက်သန်း။ (၇)။ မဟာတာပနငရဲ- တာပနငရဲထကြ လွန်စွာပူလောင်ခြင်းခံရသောငရဲ။ ငရဲသက် အန္တရကပ်ထက်ဝက်။ လူ့သက်အားဖြင့် အသင်္ချေယျတန်းမှ ၁၀ နှစ်တန်းထိ။ (၈)။ အဝီစီငရဲ- ငရဲသားတို့ အကြား အလပ်မရှိ ပြည့်ကျပ်နေပြီး၊ ဆင်းရဲဒုက္ခ အမြဲမပြတ် တရစပ်ခံရသောငရဲ။ ငရဲသက် အန္တရကပ်တစ်ကပ်။ အန္တရကပ်တစ်ကပ်ဆိုတာ လူတို့သက်တမ်း ၁၀ နှစ်တမ်းမှ အသင်္ချေယျတန်းထိ။ အသင်္ချေယျတမ်းမှ ၁၀ နှစ်တန်းထိ တက်ကပ်ဆုတ်ကပ်တစ်စုံကို ခေါ်ဆိုခြင်း ဖြစ်သည်။ အဝီစိငရဲမီးကို လူတစ်ယောက်သည် မိုင် (၈၀၀) မှ ကြည့်ရှု့ပါက မျက်လုံးပေါက်ထွက်သွားနိုင်သည်။ (ကျမ်းညွှန်း။ သုတ္တ။ ဋ္ဌ။ ဒု။ ၂၀၀။ မဟာသုတဒီပနီကျမ်း။ ပ။ နှာ။ ၇၈။) ဤမျှလောက်ဆို ပြည့်စုံလုံလောက်ပြီမို့ စာဖတ်သူများအားလုံး ငရဲကျမည့် အလုပ်များမှ ရှောင်ကြဉ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်။ -အရှင်ကောမလ ဆန်နီနေမင်း Dhamma Dna Source www.facebook.com/youngbuddhistassociation.mm အမှောင်ပျောက်၍ အလင်းရောက်ပါစေ။
🇹🇭 YAN NAING 🇲🇲
Region: TH
Wednesday 14 January 2026 14:03:48 GMT
Music
Download
Comments
Ei Tar 09876 :
@ငရဲ
2026-06-05 14:44:33
0
moe yan :
🥰🥰🥰
2026-01-14 14:47:39
1
htinwinmaung :
😂😂😂
2026-07-04 07:27:09
0
To see more videos from user @yanaing1678, please go to the Tikwm
homepage.