@naythazin3: “It was the last straw that broke the camel’s back”.ကုလားအုတ်ခါးကျိုးသွားတာနောက်ဆုံးတင်လိုက်တဲ့ကောက်ရိုးတမျှင်ကြောင့်တဲ့ ဒီစကားလေးကို သေချာဆင့်ပွါးတွေးလေ အတွေးများ ရလေပါပဲ။ နောက်ဆုံးကောက်ရိုးတမျှင်သာထပ်မတင်ခဲ့ရင် ကုလားအုတ် ခါးကျိုးခဲ့မှာမဟုတ်ဘူး ။ ဘာမဟုတ်တဲ့သေးသေးမွှားမွှားလေးလို့ထင်ရပေမယ့် အရှေ့မှာ အဲ့လိုအလားတူသေး၂ မွှား၂ (ကောက်ရိုးမျှင်)တွေအများကြီးရှိထားနှင့်ပြီးသားဆိုတာ လူတွေမသိကြ သတိမထားမိကြဘူး ။ ဘဝမှာလည်းအဲ့လိုအလားသဏ္ဍာန်တူတွေရှိတယ်။လူတစ်ယောက်ကို ကိုယ့်ဘက်ကတစ်လျှောက်လုံးသည်းခံနေခဲ့တာတွေ ၊ ရင်ထဲဖုနေခဲ့တာတွေကိုဘယ်သူမှမသိဘူး။ နောက်ဆုံးကိုယ့်ရဲ့ခံနိုင်အားမရှိတော့တဲ့အချိန် သူ့ရဲ့ဘာမဟုတ်တဲ့ အပြုအမူသေးသေးလေးတစ်ခု၊ စကားလေးတစ်ခွန်းကြောင့် မီးစကိုမီးညှိလိုက်သလို “ဟုန်း” ဆိုမီးထတောက်မှ “ ဒါလေးပြောတာကို “ “ ဒါလေးကိုများ အဖြစ်သည်းနေတာ” ဆိုပြီး ကောက်ချက်ကျကြတာပေါ့ ။ အမှန်က မီးလောင်ဖို့ မီးစာအပြည့်ရှိနေနှင့်ခဲ့ပြီးသား ရင်ထဲမှာအစိုင်အခဲထုကြီးက ခိုင်မာနေနှင့်ပြီးသားလေ။ “ဒီလောက်လေးကိုများဘာဖြစ်သွားမှာမို့လဲ” ဒါလေးကိုများ”ဆိုပြီး အဲဒီ့ နားလေးပဲ ကွက်ပြီး pinpoint လုပ် ၊ ကိုယ့်အလွန် ကိုယ်သဘောထားမကြီးသယောင် အထိမခံသယောင် label တပ်ခံရတာပေါ့။ သူတို့မြင်တာ အဲ့ဒီ့ incident တစ်ခု( နောက်ဆုံးကောက်ရိုးတစ်မျှင်) ကိုပဲမြင်ပြီး အရှေ့မှာ ကိုယ်ခံခဲ့ရတာတွေကို မမြင်မှမမြင်ခဲ့ပဲကိုး။ ကိုယ်က ဒီသဘောတရားကို နားလည်လာတဲ့အခါ ဘယ်သူ့ ဘယ်သူ့ကိုမှ “ အဖြစ်သည်းလိုက်တာ” “ ဆတ်ဆတ်ထိမခံဖြစ်နေလိုက်တာ” လို့ judge မလုပ်မိအောင်နေဖြစ်တော့တယ်။ ကြုံဖူးကြမှာပေါ့ ကိုယ်ကပြောလိုက်တာ ဘာရယ်မဟုတ် တဘက်က ရှိုက်ကြီးတငင်ငိုသွားတဲ့အခြေအနေတွေ၊ ရှူး၂ရှား၂ ဒေါသအိုးပေါက်ကွဲသွားတာမျိုးတွေ။ “ငိုချင်လျှက် လက်တို့” အခြေအနေမျိုး၊ ကိုယ်က ကုလားအုတ်ရဲ့ ကျောပေါ်နောက်ဆုံးတင်လိုက်တဲ့ ကောက်ရိုးမျှင်လေးဖြစ်သွားရတာပေါ့။ သူဘာတွေရင်ဆိုင်တွေ့ကြုံခံစားနေရသလဲ ဆိုတာ ကိုယ်က မသိဘဲ လုပ်လိုက်မိ ပြောလိုက်မိတဲ့အပြုအမူအပြောအဆိုသေးသေးလေးတွေက သူ့ခံနိုင်ဝန်အားကိုကျော်သွားခဲ့တဲ့အချိန်မျိုးပေါ့။
Nay Tha Zin🤎🌻🤎
Region: MM
Tuesday 20 January 2026 08:56:19 GMT
Music
Download
Comments
Zaw Min Soe :
🥰🥰🥰
2026-01-20 10:25:32
0
サイカムルー :
🥰🥰🥰🥰🥰🥰
2026-01-21 13:13:43
0
To see more videos from user @naythazin3, please go to the Tikwm
homepage.