@wai.moe5441: ငိုရုံပဲ ငိုတာပါ ... ကျွန်မ မပြိုလဲသေးပါဘူး ... ပြိုလဲလို့လည်း မရဘူးလေ နာကျင်နေလည်း ဆက်လျှောက်ရဦးမယ် လက်လျှော့ချင်လည်း အားတင်းထားရဦးမယ် ... အဆင်မပြေမှုတွေက ဒီတစ်ကြိမ်တည်းမှ မဟုတ်တာဆိုတဲ့ အတွေးတွေနဲ့ ဒီအဆင်မပြေမှုကလည်း အချိန်တန်တဲ့အခါ ပြီးသွားမှာပဲ မဟုတ်လား ... ဒါပေမယ့် နာကျင်လွန်းတဲ့အခါ ကျွန်မလည်း ငိုတတ်တာပေါ့ ... မခံမရပ်နိုင်လောက်အောင် မွန်းကျပ်လာတဲ့အခါ ပေါက်ကွဲတတ်ပါတယ် ... ပင်ပန်းလိုက်တာဆိုပြီး ရေရွှတ်လောက်တဲ့အထိ ကြမ်းတမ်းလာတဲ့အခါ ခဏလောက်ဖြစ်ဖြစ်တော့ လဲကျချင်မိပါတယ် ... ကျွန်မ ... ဒီနေ့ ဒီအချိန်ထိတော့ ငိုရုံပဲ ငိုတာပါ မပြိုလဲသေးပါဘူး ... #ကျေးကို
qu qu 🍄
Region: MM
Wednesday 21 January 2026 06:41:34 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @wai.moe5441, please go to the Tikwm
homepage.