@pinklove.store:

Pinklove store
Pinklove store
Open In TikTok:
Region: VN
Thursday 22 January 2026 01:26:05 GMT
23447
182
17
11

Music

Download

Comments

dyu2psp4zhzc
Phạm trinh :
đẹp quá
2026-01-22 14:21:53
0
lamy8386
Bảo Ngọc Nguyễn :
Xin giá
2026-01-22 18:42:45
0
dinhdinh9092
dinhdinh9092 :
bao tien
2026-01-23 12:22:44
0
nguyenkimdao11
Nguyễn Kim Đào :
đẹp qua
2026-01-24 09:29:57
0
tiet.ha5
Tiết Hà :
😁😁😁
2026-01-24 11:41:00
0
h0996667
Võ Hồng :
nhẩn Kim tiền hột màu trà giá bao nhiu ni 7
2026-01-24 12:58:22
0
tieutho325
tiểu thơ :
mua sao sop ơi
2026-01-25 12:11:36
0
userdg743eulif
Kiều Thúy 242 :
bao nhiêu 1 chiếc váy e
2026-01-26 06:50:55
0
diu.nguyn798
Diệu Nguyễn :
😁😁😁
2026-01-26 09:21:53
0
userzovmnjj75q
Hoà Nguyễn @41176 :
c một chiếc nha
2026-01-26 10:01:47
0
c.nguyt15
cô nguyệt :
nhan luc bao gia nhieu
2026-01-27 07:46:00
0
lngcp655
Ngọc Lệ :
đẹp bao nhiêu tiền vậy xốp
2026-01-27 07:57:47
0
uutduyen1987
Ngọc Hà :
mua ở đâu được
2026-01-27 12:28:36
0
To see more videos from user @pinklove.store, please go to the Tikwm homepage.

Other Videos

ညောင်ပင်သည်ဟိန္ဒူဘာသာဧ။်အထွတ်အမြတ်ထားဆုံး အပင်ဖြစ်ပြီး
ညောင်ပင်သည်ဟိန္ဒူဘာသာဧ။်အထွတ်အမြတ်ထားဆုံး အပင်ဖြစ်ပြီး"Ashvattha"ဟုခေါ်ပြီးသာမန်အပင်မဟုတ်ဘဲဘုရားရှင်သုံးဆူ(တြိမူရ်သီး)Trimurtiကိန်းဝပ်ရာမြင့်မြတ်သောနေရာဖြစ်ပါတယ်။အမြစ်တွင်ကမ္ဘာ‌လောကနှင့်လူသားတို့၏ဖန်ဆင်းသူ(ဘုရားရှင်ဗြဟ္မာဂျီး)ကိန်းဝပ်ပါတယ်။ပင်စည်တွင်ကမ္ဘာလောကကို စောင့်ရှောက်သော (ဘုရားရှင်ဗစ်သျှနူး)ကိန်းဝပ်ပါတယ်။အရွက်များတွင် ဖျက်ဆီးခြင်းနှင့်အသစ်တစ်ဖန် ဖန်တီးခြင်းကိုပြုသော (ဘုရားရှင်သျှီဗား)ကိန်း၀ပ်တော်မူပါတယ်။ ပဒ်မာပူရာဏ်ကျမ်းအရညောင်ပင်သည်ဗစ်သျှနူးဘုရားရှင်၏အ၀တာရ(ရူပတော်)တစ်ပါးအဖြစ်သတ်မှတ်ထားပြီးညောင်ပင်ကိုရှိခိုးခြင်းသည်ဗစ်သျှနူးဘုရားရှင်ကိုရှိခိုးခြင်းနှင့်တူညီပါတယ်။ဘဂ၀ါဂ်ဂီသားကျမ်းအခန်း(၁၅) တွင်ဘုရားရှင်ကရိသျှဏက"သစ်ပင်တို့တွင်ငါသည် Ashvattha(ညောင်ပင်)ဖြစ်၏"ဟုမိန့်ကြားခဲ့ပါတယ်။ညောင်ပင်ဟာ(Urdhva-mula)ဖြစ်ပြီးအမြစ်ဟာအထက် (ကောင်းကင်/နာမ်ပိုင်းဆိုင်ရာ/လောကုတ္တရာ)ဖြစ်ပြီး အကိုင်းအခက်များကအောက်(လောကီ/ရုပ်ပိုင်းဆိုင်ရာ)သို့ဖြာဆင်းနေသောသံသရာစက်၀န်းသစ်ပင်ဖြစ်ပါတယ်။ ကျမ်းဂန်များအရ စနေဂြိုလ်မင်းသည် သူ၏ခွန်အား၊စွမ်းအားနှင့် ပတ်သက်၍ အလွန်မာန်မာနကြီးခဲ့ဖူးပါတယ်။တစ်ခါတွင် ဘုရားရှင်ဗစ်သျှနူး ကိုပင်သူ၏လွှမ်းမိုးမှုအောက်သို့ သွင်းရန်ကြိုးစားခဲ့ပါတယ်။ဘုရားရှင်သည် စနေဂြိုလ်မင်း၏ လွှမ်းမိုးမှု မှခေတ္တရှောင်တိမ်းရန်အတွက် ညောင်ပင်အတွင်းသို့ ဝင်ရောက်ကိန်းဝပ်ခဲ့ပါတယ်။ထိုအခါစ‌နေဂြိုလ်မင်း သည် ညောင်ပင်တွင်ဘုရားရှင်ဗစ်သျှနူး ကိန်း၀ပ်နေသည်ကို သိရှိသွားသောအခါအတ္တ၊မာနစိတ်များလျော့ကျပြီး အပင်ကိုအလွန်ရိုသေစွာရှိခိုးခဲ့ပါတယ်။ထိုအချိန်မှစပြီးဗစ်သျှနူးဘုရားရှင်မှ"မည်သူမဆို စနေနေ့တွင် ဤညောင်ပင်ကို ရှိခိုးပူဇော်လျှင်စနေဂြိုဟ်၏ဆိုးကျိုးဒဏ်ခတ်မှုများမှ လွတ်ကင်းစေရမည်" ဟုကောင်းချီးပေးခဲ့ပါတယ်။ နေမ၀င်မှီ ညနေစောင်းအချိန်တွင် နှမ်းဆီဖြင့် ထွန်းညှိထားသော ဆီမီးကို ညောင်ပင်အောက်တွင် ထားရှိပူဇော်ခြင်းဖြင့် စိတ်ဆင်းရဲမှုနှင့် အခက်အခဲများကို လောင်ကျွမ်းစေပပျောက်စေပါတယ်။ပင်စည်ကို အနီရောင် သို့မဟုတ် အဝါရောင် ချည်ကြိုးဖြင့် လက်ယာရစ် (၇) ပတ် ပတ်ချည်ခြင်းဖြင့် မိသားစုကိုအန္တရာယ်များမှကာကွယ်ပေးပြီးဆုတောင်းပြည့်စေနိုင်ပါတယ်။ညောင်ပင်ကို ပတ်နေစဉ်အတွင်း "Om Shanti Shanti Shanti" သို့မဟုတ် (Peepal Pradakshina Mantra) "Moolato Brahma Roopaya, Madhyato Vishnu Roopine, Agrato Shiva Roopaya, Vriksha Rajaya Te Namaha."ဟုရွတ်ဆိုနိုင်ပါတယ်။ အဓိပ္ပာယ် အမြစ်တွင် ဗြဟ္မာဂျီး၊ ပင်စည်တွင် ဘုရားရှင်ဗစ်သျှနူးနှင့် ထိပ်ဖျားတွင် သျှီဗားဘုရားရှင်တို့ ကိန်းဝပ်တော်မူသော သစ်ပင်တို့၏ ဘုရင် (ညောင်ပင်) ကို ကျွန်ုပ် ရှိခိုးပါ၏။ စနေဂြိုလ်အညံ့ရှိသူများ ညောင်ပင်အောက်တွင် ဆီမီးထွန်းရင်း (၁၀၈) ကြိမ် "Om Praam Preem Proum Sah Shanaye Namaha" (သို့)"Om Sham Shanischaraya Namaha" ကို ရွတ်ဆိုနိုင်ပါတယ်။ ညောင်ပင်ကိုရှိခိုးပူဇော်ခြင်းအကျိုးကျေးဇူး စနေနေ့တွင်ညောင်ပင်ကို ပူဇော်ခြင်းသည် လက္ချမီးမယ်တော်၏ ၏ ကောင်းချီးကို ရစေနိုင်ပါတယ်။"Pitru Dosha" ခေါ်ဘိုးဘွားများကြောင့်ဖြစ်သောကံဆိုးမှုများကို ပြေပျောက်စေပါတယ်။သားသမီးရတနာလိုလားသူများသည်ညောင်ပင်ကိုဝတ်ပြုဆုတောင်းလျှင်ဘုရားရှင်ဗစ်သျှနူးမှ ကာယ၊ဉာဏနှင့်ပြည့်စုံသောသားသမီးရတနာဆုလာဘ်ကောင်းချီးပေးပါတယ်။ ညောင်ပင်ကိုရှိခိုးပူဇော်နည်း(ယတြာ) ဤနည်းကို စနေနေ့ တိုင်းတွင် ပြုလုပ်ခြင်းဖြင့် အကျိုးထူးကို ခံစားရနိုင်ပါတယ်။ရေစင်ထည့်ထားသော ကြေးဖလား (သို့)ခွက်တစ်ခုထဲသို့ နှမ်းနက် အနည်းငယ် ထည့်ပြီးညောင်ပင်ရင်း၌ "စနေနတ်မင်းကို ရည်စူး၍" လောင်းပါ။ညနေ နေဝင်ရီတရောအချိန်တွင် ညောင်ပင်အောက်၌ နှမ်းဆီထည့်ထားသော မြေမီးခွက်ကို ထွန်းညှိပါ။ မီးစာကို အနောက်ဘက်သို့ ဦးတည်ထားပါ။ ညောင်ပင်အမြစ်နားတွင် ရှိတတ်သော ပုရွက်ဆိတ်များကို သကြား သို့မဟုတ် ဂျုံမှုန့်နှင့် သကြားရောထားသည်များကို ကျွေးခြင်းဖြင့်အကုသိုလ်ကံများကို လျော့ပါးစေပြီး လာဘ်လာဘများပွင့်လန်းစေပါတယ်။ယတြာလုပ်သည့် စနေနေ့တွင် သတ်သတ်လွတ် စားခြင်းနှင့် အရက်သေစာ ရှောင်ကြဉ်ခြင်းက ယတြာကို ပိုမို အစွမ်းထက်စေပါတယ်။ညောင်ပင်ကို ရေလောင်းစဉ် မိမိပြုခဲ့မိသမျှ အမှားများကို စိတ်ထဲမှ တောင်းပန်ပြီး "ယနေ့မှစ၍ အခက်အခဲများ ပြေပျောက်ပါစေ" ဟု အဓိဋ္ဌာန်ပြုဆုတောင်းနိုင်ပါတယ်။ ရှောင်ရန်၊ ဆောင်ရန်များ ညောင်ပင်ကို ပူဇော်ရန် အကောင်းဆုံးအချိန်မှာ စနေနေ့ နံနက်စောစော ဖြစ်ပြီးနေဝင်ပြီးနောက် (ဆီမီးပူဇော်ခြင်းမှလွဲ၍) ညောင်ပင်ကို မထိတွေ့ရပါ။ ညဘက်တွင် အလက္ခ်ျမီး ကိန်း၀ပ်တတ်သောကြောင့်ဖြစ်ပါတယ်။ညောင်ပင်ကို ခုတ်လှဲခြင်းသည် ဟိန္ဒူဘာသာတွင် အလွန်ကြီးလေးသော အပြစ်(ပါဟ်)အကုသိုလ်ဖြစ်ပြီး အကယ်၍ မလွှဲမရှောင်သာ ခုတ်ရမည်ဆိုပါက သင့်တင့်သော ပူဇော်မှုများ ပြုလုပ်ရပါတယ်။တနင်္ဂနွေနေ့ တွင် ညောင်ပင်ကို လုံးဝ မထိတွေ့ပါရ၊ ရေမလောင်းရပါ။ #creatorsearchinsight #sanatanadharma #Hindu #OM #tree

About