@eaintphoochel4: Healing လုပ်နေတဲ့ Journey တစ်လျှောက်မှာ လွမ်းတာဟာ သာမန်ပဲ … လွမ်းလို့ရတယ် ။ ဒါဟာ အပြစ်မဟုတ်ဘူး ။ ဒါပေမဲ့ အမှတ်သည်းခြေနဲ့တော့ လွမ်းတတ်ဖို့ လိုအပ်တယ်။ ကိုယ့်အပေါ် မညာတာပဲ နာကျင်စေခဲ့သူဆိုရင်တောင် … အတူရှိစဉ်က ကြည်နူးခဲ့ဖူးတဲ့ အမှတ်တရတွေဟာ ပြန်သတိရဖို့ လုံလောက်စေမှာပါပဲ ။ အဲဒီအရာဟာ အမှတ်တရတွေကို လွမ်းတာဖြစ်ပြီး လူကို လွမ်းတာ မဟုတ်ဘူး ။ ဒါကို ခွဲခြားသိဖို့ လိုအပ်တယ် ။ အချိန်တစ်ခုထိ Daily routine မှာ ပါဝင်ခဲ့သူတစ်ဦးကို Comfort zone အဖြစ် မသိစိတ်က သတ်မှတ်ပြီး ပြန်သတိရတတ်တယ် ။ ရယ်မောဖူးတာ ၊ ပျော်ရွှင်ဖူးတာ ၊ စကားတွေ ဖောင်ဖွဲ့ဖူးတာ ၊ ခံစားချက်တွေ ဝေမျှခဲ့ဖူးတာ … စတဲ့ ကြည်နူးစရာဖြစ်ရပ်တွေကို စိတ်ရဲ့အတိအကျ လုံခြုံရာလို့စွဲမှတ်ပြီး ပြန်လိုချင်ကြတယ် ။ ဒါဟာ သာမန်ပဲ ဖြစ်တယ် ။ နောက်ပြီး အဲဒီလို ကြည်နူးပျော်ရွှင်ခဲ့ရခြင်းဟာလည်း အချစ်ခရီးအစတိုင်းရဲ့ သာမန်ဖြစ်စဉ်တွေပဲ ဖြစ်တယ်ဆိုတာကို သိနေဖို့ လိုအပ်တယ် ။ အဲဒီလူကြောင့်မို့ ထူးခြားတဲ့ အရာဖြစ်နေတာ မဟုတ်ဘူး ။ တချို့က အဲဒီလို ရင်ခုန်စိတ်လှုပ်ရှာစရာ အခိုက်တန့်တွေဟာ အဲဒီလူကသာပေးနိုင်မယ်လို့ ထင်ကြတယ် ။ ဒီလိုနဲ့ပဲ လုံလုံလောက်လောက် မကုစားနိုင်ခင်အချိန်မှာ မှားတဲ့သူဆီ ပြန်သွားလိုက်ကြတယ် ။ ကုစားခြင်း ခရီးစဉ်ဟာ လွယ်ကူတဲ့ အရာမှမဟုတ်ပဲလေ ။ ချက်ချင်းလက်ငင်း အရှင်းပျောက်တတ်တာမျိုးလည်း မဟုတ်ဘူး ။ Daily routine မှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့သူတစ်ဦးကို ဘဝထဲက ဖယ်ထုတ်ရတာဟာ လွယ်လွယ်တော့ ဘယ်ရပါ့မလဲ ။ တစ်ခါတလေ ပြန်သွားလိုက်ရမလားလို့ တွေးမိမယ် ။တချို့နေ့တွေကျ မခံချင်စိတ်နဲ့ ကိုယ့်ဘဝကိုသာ အာရုံစိုက်နေမိတယ် ။ အထီးကျန်စိတ်နဲ့ ဝမ်းနည်းချိန်တွေလည်း ရှိတယ် ၊၊ အခန်းထဲ ကိုယ့်ငိုသံသူများမကြားအောင် သီချင်းအကျယ်ကြီးဖွင့်ပြီး မျက်ရည်တွေ သွန်ထုတ်ရတာတွေလည်း ရှိမယ် … စသဖြင့်ပေါ့ အပြည့်ဝ မကုစားနိုင်သေးတဲ့ စိတ်ရဲ့ အနာတရတွေဟာ နေ့စဉ်တိုင်း မတူတဲ့ ပုံစံနဲ့ ရှိနေမှာပဲ ။ အဲဒီအခါ လက်လျော့ပြီး ဒဏ်ရာပေးတဲ့နေရာ ပြန်သွားချင်ကြတယ် ။ ဒါကြောင့် လွမ်းတဲ့အခါ အမှတ်သည်းခြေနဲ့ လွမ်းတတ်ဖို့ လိုတယ်လို့ ပြောတာပေါ့ ။ move on နေတဲ့ အတောတွင်းမှာ အဲဒီလူဆီ ပြန်သွားချင်တဲ့ အချိန်တွေ သေချာပေါက် ရှိမှာပဲ ။ အဲဒီအခါ သူကိုယ့်ကို ဘယ်လို နာကျင်စေခဲ့သလဲ ၊ ဘယ်လို ညာခဲ့သလဲ ၊ ဘယ်ပုံစံမျိုးနဲ့ အသုံးချသလဲ ၊ ဘယ်လို ဆက်ဆံခဲ့သလဲ ၊ သူနဲ့ရှိစဉ်က ကိုယ့်ခံစားချက်တွေက ဘယ်လိုရှိခဲ့ရသလဲ ၊ နောက်ဆုံးအချိန်တုန်းက ဘယ်လို ပြဿနာတွေနဲ့ အဆုံးသတ်ခဲ့ရသလဲ ဆိုတာတွေကို သတိရဖို့ လိုတယ် ။ အမှတ်သည်းခြေနဲ့ အဲဒီလူဟာ ကိုယ့်အတွက် အဆင်မပြေတဲ့သူဖြစ်တယ်ဆိုတာကို အသိကပ်ထားဖို့ လိုအပ်တယ် ။ အမှတ်တရတွေကို လွမ်းလို့ရတယ် ။ သတိရပြီး ငိုလိုရတယ်။ ဘယ်တော့မှ ပြန်မသွားမိစေနဲ့။ #foryou #crd #foryoupage #fyp
Sofia Phoo
Region: MM
Monday 26 January 2026 00:20:44 GMT
Music
Download
Comments
There are no more comments for this video.
To see more videos from user @eaintphoochel4, please go to the Tikwm
homepage.