@cahyanirynn: Primer yessicaaa

Cahyaniryn
Cahyaniryn
Open In TikTok:
Region: ID
Wednesday 28 January 2026 16:22:52 GMT
41580
830
13
6

Music

Download

Comments

cchf4_
_ shhy!faa :
ka kena sb? ngerasa kaya ga terlalu rame lagi yg like
2026-01-28 16:27:39
2
ehdinsss
buna🌈 :
ah cantik bgt sih lu cay
2026-03-12 05:30:32
0
kiran.aja.yaaaa
Kiran aja yaa :
pertama nih dapet apa?
2026-01-28 16:24:37
1
cimoettt07
cicicuit :
3
2026-01-28 16:26:06
0
racunkarin02
Hi, Aku Karin :
Emng sebagus itu weh
2026-02-10 05:13:50
0
njun6286
bunga tanda daun🍃 :
blm Bobo KA Cahya
2026-01-28 16:25:09
1
2oyen_oyen
2oyen_oyen :
2026-01-28 22:07:43
0
lidyarynnn
lidyarnn😍✨ :
6
2026-01-28 16:40:12
1
produkmadura194
Bundarani&fatih👐 :
😂
2026-02-05 11:07:44
0
bubuu_42
call me L🫧 :
Halu dong🥰
2026-01-28 16:34:47
1
ibuknya_maydita
Bungaafebrianaa :
😍
2026-01-29 01:55:22
0
sekedarposting1
sekedarposting1 :
Gemes banget kak
2026-02-08 10:41:28
0
To see more videos from user @cahyanirynn, please go to the Tikwm homepage.

Other Videos

Grade-12 မှာ ကိုယ်ပိုင်အထက်တန်းကျောင်းလည်း မတက်ဘူး၊ ဘော်ဒါ သို့မဟုတ် ကိုယ်ပိုင်ဘာသာရပ်သင်ကျောင်းမှာလည်း မနေဘဲ၊ ကျောင်းကြီးနဲ့ ကျူရှင်/ဝိုင်း တွဲတက်ပြီး ကိုယ့်အိမ်မှာပဲ Self-Study ပြန်လုပ်နေကြတဲ့ ကလေးတွေ၊ Guide သီးသန့်မရှိတဲ့အတွက် အခုချိန်ဟာ အလွန်အရေးကြီးတဲ့ အချိန်ရောက်လာပါပြီ။ သားကောင်းငြိမ်းခန့် တုန်းက ဒီလိုအချိန်မှာ Time Management လုပ်ပေးခဲ့တဲ့ လက်တွေ့နည်းလမ်းလေးကို အဆင့်အလိုက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ အဓိကကတော့ ကိုယ့်ဘာသာ မညာမိဖို့နဲ့ လက်ရှိအခြေအနေကို အရှိအတိုင်း သုံးသပ်နိုင်ဖို့ လိုပါတယ်။ စာရွက်နဲ့ ဘောပင်လေးယူပြီး အောက်ပါအဆင့်အတိုင်း လိုက်လုပ်ကြည့်ပါ - အဆင့် (၁) - ဘာသာရပ်များကို အုပ်စု (၃) စု ခွဲပါ •	ကျနိုင်လောက်တဲ့ (အားအနည်းဆုံး) ဘာသာတွေကို ချရေးလိုက်ပါ။ •	အောင်နိုင်ခြေများတဲ့ ဘာသာတွေကို ချရေးလိုက်ပါ။ •	ဂုဏ်ထူးထွက်နိုင်လောက်တဲ့ ဘာသာတွေကို ချရေးလိုက်ပါ။ (မရှိသေးရင်လည်း မရေးပါနဲ့နော်၊ အရှိအတိုင်းပဲ သုံးသပ်ပါ)။ အဆင့် (၂) - ဘာသာအလိုက် အခန်း (Chapters) များကို စာရင်းပြုစုပါ •	(၆) ဘာသာလုံးရဲ့ Chapters တွေကို အကုန်ချရေးပါ။ (တစ်ရွက်တည်းမှာ နှစ်ဘာသာ မရောဘဲ ဘာသာအလိုက် စာရွက်တစ်ရွက်စီ သီးသန့်ခွဲရေးပါ)။ အဆင့် (၃) - Importance (အရေးကြီးမှု အဆင့်) သတ်မှတ်ပါ •	ချရေးထားတဲ့ Chapters တွေရဲ့ ဘေးမှာ ကော်လံတစ်ခုထောင်ပြီး Importance (အရေးကြီးမှု) လို့ နာမည်ပေးပါ။  •	စာမေးပွဲအတွက် အရေးအကြီးဆုံး၊ အမှတ်အသယ်နိုင်ဆုံး အခန်းဆိုရင် (၃) မှတ်ပေးပါ။ •	ပုံမှန်လောက်ပဲ အရေးကြီးရင် (၂) မှတ်ပေးပါ။ •	သိပ်အရေးမကြီးတဲ့ အခန်းဆိုရင် (၁) မှတ်ပေးပါ။ အဆင့် (၄) - Need (စာထပ်ကျက်ရန် လိုအပ်ချက်) သတ်မှတ်ပါ •	Importance ကော်လံရဲ့ ဘေးမှာ နောက်ထပ် ကော်လံတစ်ခု ထပ်ထောင်ပြီး Need (လိုအပ်ချက်) လို့ နာမည်ပေးပါ။ •	ဒီအကွက်မှာတော့ အဲဒီအခန်းကို ကိုယ်ဘယ်လောက် ပိုင်မပိုင် (စာထပ်ကျက်ဖို့ ဘယ်လောက်လိုနေသေးလဲ) ဆိုတာ ရိုးရိုးသားသား အမှတ်ပေးရပါမယ် - o	ဘာမှကို မသိသေးရင် (အများကြီး လိုအပ်နေရင်) = (၅) မှတ် o	နည်းနည်းပဲ ရသေးရင် = (၄) မှတ် o	အသင့်အတင့် (တစ်ဝက်လောက်) ရထားရင် = (၃) မှတ် o	တော်တော်များများ ရထားရင် = (၂) မှတ် o	အကုန်ပိုင်နေပြီဆိုရင် = (၁) မှတ် အဆင့် (၅) - Priority Score (ဦးစားပေးအမှတ်) တွက်ချက်ပါ •	နောက်ဆုံး ကော်လံတစ်ခု ထပ်ထောင်ပြီး Priority Score (ဦးစားပေးအမှတ်) လို့ နာမည်ပေးပါ။ •	ရှေ့က Importance (အရေးကြီးမှု) နဲ့ Need (လိုအပ်ချက်) ဂဏန်းနှစ်ခုကို မြှောက် ပြီး ရလာတဲ့အမှတ်ကို ရေးထည့်လိုက်ပါ။ •	(ဥပမာ - Chapter 1 က အရမ်းအရေးကြီးလို့ 3 ပေးထားပြီး အသင့်အတင့်ရထားလို့ 3 ပေးထားရင် 3 × 3 = 9 မှတ် ရပါမယ်။ Chapter 2 က အရမ်းအရေးကြီးလို့ 3 ပေးထားပြီး နည်းနည်းပဲ ရသေးလို့ 4 ပေးထားရင် 3 × 4 = 12 မှတ် ရပါမယ်)။ အဆင့် (၆) - ရလာသည့် အမှတ်ပေါ်မူတည်၍ စနစ်တကျ အချိန်ခွဲပြီး စာကျက်ပါ Priority Score (ဦးစားပေးအမှတ်) တွေ ထွက်လာပြီဆိုရင် ကိုယ့်ရဲ့ ရည်မှန်းချက်နဲ့ တစ်နေ့တာ အချိန်ပေါ်မူတည်ပြီး အောက်ပါအတိုင်း ခွဲကျက်နိုင်ပါတယ် - •	အောင်မှတ် သေချာချင်သူများနှင့် ယုံကြည်မှု တည်ဆောက်လိုသူများ (အမှတ် 9 ရသော အခန်းမှ စကျက်ပါ) - အရေးကြီးမှု (3) ဖြစ်ပြီး ကိုယ်ကလည်း တစ်ဝက်လောက် ရထားပြီးသား (Need 3) ဖြစ်တဲ့ အမှတ် (9) ရတဲ့ အခန်းတွေကို အရင်ဆုံး ဖိကျက်လိုက်ပါ။ ခက်ခဲပြီး လုံးဝမရသေးတဲ့ အခန်းအသစ်ကြီးကို စကိုင်လိုက်ရင် အချိန်ကြာပြီး စိတ်ဓာတ်ကျသွားတတ်ပါတယ်။ တစ်ဝက်ရပြီးသား အရေးကြီးအခန်းကို အရင်အပိုင်ဖြည့်လိုက်တဲ့အခါ အချိန်တိုအတွင်း အခန်းတစ်ခန်း ပိုင်သွားလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Confidence) တက်လာသလို အောင်မှတ်လည်း အမြန်ဆုံး သေချာသွားစေပါတယ်။ •	ဂုဏ်ထူးမှန်းထားသူများနှင့် အမှတ်မြင့်လိုသူများ (အမှတ် 12 သို့မဟုတ် 15 ရသော အခန်းမှ စကျက်ပါ) - စာမေးပွဲအတွက် အရမ်းအရေးကြီးပေမဲ့ (Importance 3) ကိုယ်က နည်းနည်းပဲ ရသေးတဲ့ သို့မဟုတ် လုံးဝမရသေးတဲ့ အမှတ် (12 / 15) အခန်းတွေဟာ ဂုဏ်ထူးထွက်ဖို့ အဓိက ဟာကွက်တွေပါပဲ။ ဒီအခန်းတွေကို စာမေးပွဲနားနီးမှ ကျက်ဖို့ချန်ထားရင် အချိန်မလောက်ဘဲ လွတ်သွားတတ်လို့ အခုလို အချိန်ရတုန်းမှာ အရင်ဆုံး အချိန်ပေးပြီး ဖြိုချထားရပါမယ်။ ဒီနည်းလမ်းလေးအတိုင်း ချရေးလိုက်ရင် ကလေးတွေ စာကျက်တဲ့အခါ
Grade-12 မှာ ကိုယ်ပိုင်အထက်တန်းကျောင်းလည်း မတက်ဘူး၊ ဘော်ဒါ သို့မဟုတ် ကိုယ်ပိုင်ဘာသာရပ်သင်ကျောင်းမှာလည်း မနေဘဲ၊ ကျောင်းကြီးနဲ့ ကျူရှင်/ဝိုင်း တွဲတက်ပြီး ကိုယ့်အိမ်မှာပဲ Self-Study ပြန်လုပ်နေကြတဲ့ ကလေးတွေ၊ Guide သီးသန့်မရှိတဲ့အတွက် အခုချိန်ဟာ အလွန်အရေးကြီးတဲ့ အချိန်ရောက်လာပါပြီ။ သားကောင်းငြိမ်းခန့် တုန်းက ဒီလိုအချိန်မှာ Time Management လုပ်ပေးခဲ့တဲ့ လက်တွေ့နည်းလမ်းလေးကို အဆင့်အလိုက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ အဓိကကတော့ ကိုယ့်ဘာသာ မညာမိဖို့နဲ့ လက်ရှိအခြေအနေကို အရှိအတိုင်း သုံးသပ်နိုင်ဖို့ လိုပါတယ်။ စာရွက်နဲ့ ဘောပင်လေးယူပြီး အောက်ပါအဆင့်အတိုင်း လိုက်လုပ်ကြည့်ပါ - အဆင့် (၁) - ဘာသာရပ်များကို အုပ်စု (၃) စု ခွဲပါ • ကျနိုင်လောက်တဲ့ (အားအနည်းဆုံး) ဘာသာတွေကို ချရေးလိုက်ပါ။ • အောင်နိုင်ခြေများတဲ့ ဘာသာတွေကို ချရေးလိုက်ပါ။ • ဂုဏ်ထူးထွက်နိုင်လောက်တဲ့ ဘာသာတွေကို ချရေးလိုက်ပါ။ (မရှိသေးရင်လည်း မရေးပါနဲ့နော်၊ အရှိအတိုင်းပဲ သုံးသပ်ပါ)။ အဆင့် (၂) - ဘာသာအလိုက် အခန်း (Chapters) များကို စာရင်းပြုစုပါ • (၆) ဘာသာလုံးရဲ့ Chapters တွေကို အကုန်ချရေးပါ။ (တစ်ရွက်တည်းမှာ နှစ်ဘာသာ မရောဘဲ ဘာသာအလိုက် စာရွက်တစ်ရွက်စီ သီးသန့်ခွဲရေးပါ)။ အဆင့် (၃) - Importance (အရေးကြီးမှု အဆင့်) သတ်မှတ်ပါ • ချရေးထားတဲ့ Chapters တွေရဲ့ ဘေးမှာ ကော်လံတစ်ခုထောင်ပြီး Importance (အရေးကြီးမှု) လို့ နာမည်ပေးပါ။ • စာမေးပွဲအတွက် အရေးအကြီးဆုံး၊ အမှတ်အသယ်နိုင်ဆုံး အခန်းဆိုရင် (၃) မှတ်ပေးပါ။ • ပုံမှန်လောက်ပဲ အရေးကြီးရင် (၂) မှတ်ပေးပါ။ • သိပ်အရေးမကြီးတဲ့ အခန်းဆိုရင် (၁) မှတ်ပေးပါ။ အဆင့် (၄) - Need (စာထပ်ကျက်ရန် လိုအပ်ချက်) သတ်မှတ်ပါ • Importance ကော်လံရဲ့ ဘေးမှာ နောက်ထပ် ကော်လံတစ်ခု ထပ်ထောင်ပြီး Need (လိုအပ်ချက်) လို့ နာမည်ပေးပါ။ • ဒီအကွက်မှာတော့ အဲဒီအခန်းကို ကိုယ်ဘယ်လောက် ပိုင်မပိုင် (စာထပ်ကျက်ဖို့ ဘယ်လောက်လိုနေသေးလဲ) ဆိုတာ ရိုးရိုးသားသား အမှတ်ပေးရပါမယ် - o ဘာမှကို မသိသေးရင် (အများကြီး လိုအပ်နေရင်) = (၅) မှတ် o နည်းနည်းပဲ ရသေးရင် = (၄) မှတ် o အသင့်အတင့် (တစ်ဝက်လောက်) ရထားရင် = (၃) မှတ် o တော်တော်များများ ရထားရင် = (၂) မှတ် o အကုန်ပိုင်နေပြီဆိုရင် = (၁) မှတ် အဆင့် (၅) - Priority Score (ဦးစားပေးအမှတ်) တွက်ချက်ပါ • နောက်ဆုံး ကော်လံတစ်ခု ထပ်ထောင်ပြီး Priority Score (ဦးစားပေးအမှတ်) လို့ နာမည်ပေးပါ။ • ရှေ့က Importance (အရေးကြီးမှု) နဲ့ Need (လိုအပ်ချက်) ဂဏန်းနှစ်ခုကို မြှောက် ပြီး ရလာတဲ့အမှတ်ကို ရေးထည့်လိုက်ပါ။ • (ဥပမာ - Chapter 1 က အရမ်းအရေးကြီးလို့ 3 ပေးထားပြီး အသင့်အတင့်ရထားလို့ 3 ပေးထားရင် 3 × 3 = 9 မှတ် ရပါမယ်။ Chapter 2 က အရမ်းအရေးကြီးလို့ 3 ပေးထားပြီး နည်းနည်းပဲ ရသေးလို့ 4 ပေးထားရင် 3 × 4 = 12 မှတ် ရပါမယ်)။ အဆင့် (၆) - ရလာသည့် အမှတ်ပေါ်မူတည်၍ စနစ်တကျ အချိန်ခွဲပြီး စာကျက်ပါ Priority Score (ဦးစားပေးအမှတ်) တွေ ထွက်လာပြီဆိုရင် ကိုယ့်ရဲ့ ရည်မှန်းချက်နဲ့ တစ်နေ့တာ အချိန်ပေါ်မူတည်ပြီး အောက်ပါအတိုင်း ခွဲကျက်နိုင်ပါတယ် - • အောင်မှတ် သေချာချင်သူများနှင့် ယုံကြည်မှု တည်ဆောက်လိုသူများ (အမှတ် 9 ရသော အခန်းမှ စကျက်ပါ) - အရေးကြီးမှု (3) ဖြစ်ပြီး ကိုယ်ကလည်း တစ်ဝက်လောက် ရထားပြီးသား (Need 3) ဖြစ်တဲ့ အမှတ် (9) ရတဲ့ အခန်းတွေကို အရင်ဆုံး ဖိကျက်လိုက်ပါ။ ခက်ခဲပြီး လုံးဝမရသေးတဲ့ အခန်းအသစ်ကြီးကို စကိုင်လိုက်ရင် အချိန်ကြာပြီး စိတ်ဓာတ်ကျသွားတတ်ပါတယ်။ တစ်ဝက်ရပြီးသား အရေးကြီးအခန်းကို အရင်အပိုင်ဖြည့်လိုက်တဲ့အခါ အချိန်တိုအတွင်း အခန်းတစ်ခန်း ပိုင်သွားလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Confidence) တက်လာသလို အောင်မှတ်လည်း အမြန်ဆုံး သေချာသွားစေပါတယ်။ • ဂုဏ်ထူးမှန်းထားသူများနှင့် အမှတ်မြင့်လိုသူများ (အမှတ် 12 သို့မဟုတ် 15 ရသော အခန်းမှ စကျက်ပါ) - စာမေးပွဲအတွက် အရမ်းအရေးကြီးပေမဲ့ (Importance 3) ကိုယ်က နည်းနည်းပဲ ရသေးတဲ့ သို့မဟုတ် လုံးဝမရသေးတဲ့ အမှတ် (12 / 15) အခန်းတွေဟာ ဂုဏ်ထူးထွက်ဖို့ အဓိက ဟာကွက်တွေပါပဲ။ ဒီအခန်းတွေကို စာမေးပွဲနားနီးမှ ကျက်ဖို့ချန်ထားရင် အချိန်မလောက်ဘဲ လွတ်သွားတတ်လို့ အခုလို အချိန်ရတုန်းမှာ အရင်ဆုံး အချိန်ပေးပြီး ဖြိုချထားရပါမယ်။ ဒီနည်းလမ်းလေးအတိုင်း ချရေးလိုက်ရင် ကလေးတွေ စာကျက်တဲ့အခါ "ဘယ်ဘာသာရဲ့ ဘယ်အခန်းက စကိုင်ရမှန်းမသိဘူး" ဆိုတဲ့ စိတ်ရှုပ်ထွေးမှု မရှိတော့ဘဲ လက်ကျန်အချိန်အတွင်း အထိရောက်ဆုံး စာကျက်နိုင်မှာ ဖြစ်ပါတယ်။ ဒါဆို ၆ ဘာသာ ဘယ်လို ခွဲလေ့လာလဲ၊ တစ်နေ့တာ လေ့လာမှုကို ဘယ်လို အချိန်ခွဲမလဲ စိတ်ဝင်စားရင်လည်း အသေးစိတ် ရေးတင်ပေးပါ့မယ်..၊ ဒါကတော့ ပို အသေးစိတ်သွားလို့ ၊ ကျောင်းသား/သူများ ကိုယ့် အခြေအနေနဲ့ကိုက်အောင် ပြန် ချိန်ညှိဖို့ ပိုလိုပါလိမ့် မယ်နော်........ ကျောင်းသား၊ ကျောင်းသူအားလုံး စိတ်သွားတိုင်း ကိုယ်ပါပြီး ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပါစေ............ #စာမေးပွဲ #ပညာရေး #ကိုယ်ပိုင်ဘာသာရပ်သင်ကျောင်း #g12 #ရေနံချောင်းမြို့

About