@physiokolamg: Part 3: Disc ပြန်သွင်းမည့် ရှေးဦးပြုစုနည်း (The First Aid Position) 🚑 မနေ့က "Green Light" (မီးစိမ်း) ပြတဲ့ သူများအတွက် ပထမဆုံး လုပ်ရမည့် နည်းလမ်းပါပဲ။ ကျွန်တော်တို့ ခါးနာတဲ့အခါ ကြောက်ပြီး ကွေးကွေးလေး နေတတ်ကြပါတယ်။ အဲဒါက Disc (ဂျယ်လီ) ကို အနောက်ရောက်အောင် ပိုတွန်းသလို ဖြစ်စေပါတယ်။ ❌ ဒီ "Sphinx Pose" (မှောက်ရက် တံတောင်ထောက်) နည်းလမ်းက ခါးရိုးကို ဆန့်တန်းစေပြီး ဂျယ်လီကို ရှေ့ဘက်နေရာမှန်ဆီသို့ ပြန်တွန်းပို့ပေးပါတယ်။ လုပ်နည်း (How to do): ၁။ မှောက်ရက် အိပ်ပါ။ (၁ မိနစ်) ၂။ သက်သာရင် တံတောင်ဆစ်လေး ထောက်လိုက်ပါ။ (၂ မိနစ်) ၃။ ⚠️ အရေးကြီးဆုံးအချက်: တင်ပါးကြွက်သား (Glutes) ကို လုံးဝ မရှုံ့ထားပါနဲ့။ (ဂျယ်လီလို ပျော့နေပါစေ)။ ဒါလုပ်ပြီးရင် ခါးအလယ်မှာ နွေးခနဲ၊ အောင့်တောင့်တောင့် ခံစားမှုမျိုး ရပါလိမ့်မယ်။ ✅ ဒါကို သက်သာရင် မနက်ဖြန် Part 4 မှာ "အပြီးအပိုင် ပြန်သွင်းမည့်" Cobra Push-up ကို ဆက်တင်ပေးပါမယ်။ #PhysioKoLaMg #SlippedDiscRescue #MckenzieMethod #BackPainRelief #FirstAid
PhysioKoLaMg
Region: SG
Thursday 29 January 2026 00:05:55 GMT
Music
Download
Comments
ဖွေးဖွေး :
ဆရာရှင်ညီမလေးခါးကြောညှပ်နေတာ9လရှိပြီပြေက်ချင်တယ်ဆရာရှင်အလုပ်လုပ်စားလိုမရတော့ဘူးလမ်းလဲမလျှောက်နိုင်တော့ဘူးရှင်
2026-01-29 14:31:31
1
HeisBliss :
အဲ့လိုလုပ်တာ ကျင်ခနဲတော့ မဖြစ်ဘူးဗျ ခွဆုံမှာတော့ နည်းနည်းတင်းသလိုခံစားရပါတယ် ဆက်လုပ်ရမလား ဆရာ
2026-01-29 10:26:04
1
♎♎ဖြူစင်မောင်♎♎ :
ဆရာမှီညောင့်ရိုးဆောင်းနေတာ ဘာလေ့ကျင့်ခန်းလုပ်ရမလဲ
2026-01-29 11:22:43
1
NdarAg :
ခြေတောက်တွေကျင်လာတယ်ဆက်လုပ်ရမလားရှင့်
2026-01-29 01:01:08
1
Hla Hla Tin :
ဘယ်ဘက်တင်ပါးခွက်ကနေပေါင်တစ်ချောင်းလုံးကျင်ကိုက်ပြီးနာနေလို့လှမ်းမလျောက်နိုင်တာဆရာ ကျေးဇူးပါ🙏🙏🙏🙏🙏🙏🙏
2026-01-31 09:21:41
1
chanmyae aung :
ခါးအကြောညက်လို့ စက်ဆွဲတာ ရက်20ရှိသွားပါပြီ ပထမဆယ်ရက်လောက်ကသက်သာသလိုရှိနေပြီးဆယ်ရက်ကျော်ကနေရက်နှစ်ဆယ်ထိက ခါးကြောညက်ခါးစကလိုထိုင်မရထမရပြန်ဖစ်နေတာ ဘယ်လိုလုပ်သင့်လည်းခဗျ
2026-01-29 07:54:14
0
Kay Kay :
ကျေးဇူးပါ
2026-01-29 13:42:02
1
Clover :
disc ရွေ့ဖူးတဲ့သူ တ ယောက်အတွက် ဘာ လေ့ကျင့်ခန်းနဲ့ ဘယ်အချိန် လုပ် ပေးရင် သက်သာ စေနိုင်ပါလဲ ရှင့် ဆရာ
2026-04-06 17:50:40
1
💙 :
ဆရာရှင့် ညာဘက်ခါးနာတာ တင်ပါးထိနာကျင်မှုဖြစ်ပြီး အနည်းငယ်ရောင်နေတယ် ဘယ်လိုလေ့ကျင့်ခန်းလုပ်ရမလဲ ဘယ်လိုနေထိုင်ရမလဲ ပြောပြပေးပါဆရာရှင့် (ပြည်ပမှာ နေထိုင်တဲ့သူမို့ ဆေးရုံဆေးခန်းပြဖို့ အခက်အခဲ ရှိနေလို့ပါ) ကျေးဇူးပါရှင့်
2026-02-26 01:07:12
0
ဝလုံး :
🥰🥰🥰
2026-02-19 12:14:20
1
Aunty Swe🌹🌹🌹 :
🥰🥰🥰
2026-01-29 03:03:18
1
To see more videos from user @physiokolamg, please go to the Tikwm
homepage.