@heykage0: #တစ်ယောက်ကိုတစ်ယောက် ဘယ်နှစ်ကြိမ်လောက် ခွင့်လွှတ်ခဲ့ပြီးပြီလဲ" တဲ့..။ စာသားလေး သဘောကျမိသလို ဆက်တွေးမိတာတွေလည်း အများကြီးပဲ။ ဟုတ်တယ် ။ ဆက်ဆံရေးတွေ ၊ ပတ်သတ်မှုတွေအချိန်ကြာမြင့်စွာ တည်မြဲနေဖို့ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်ဘဲ။ လူနှစ်ယောက် ဆက်နွယ်ထားတဲ့ Relationship တွေမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ အကျင့်စရိုက်တွေ အတွေးအခေါ် ကွာခြားမှုတွေ ခံယူချက်ချင်း သဟဇာတမဖြစ်မှုတွေကို အများကြီး ညှိနှိုင်းခဲ့ကြရမှာ။ အပြန်အလှန် သည်းခံခဲ့ရတာတွေလည်း ရှိမှာပါပဲ။ အများကြီးလည်း ခွင့်လွှတ်ခဲ့ကြရမှာပဲ။ ကိုယ့်စိတ်နဲ့ကိုယ်တောင် တစ်သားတည်းမဖြစ်တဲ့ လူ့သဘာဝကြားထဲ လူနှစ်ယောက် စိတ်သဘောထားချင်းညီဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ။ တစ်ယောက်က အရေးတကြီး မဟုတ်ဘူးလို့ တွေးတဲ့ ကိစ္စတွေကို တခြားတစ်ယောက်က အရေးတကြီးလို ခံစားရတာလည်း ရှိခဲ့ကြမယ်။ တစ်ဖက်ရဲ့ ရိုးရိုးသားသားနားမလည်တဲ့ အမှားသေးသေးတွေက တစ်ဖက်အတွက် ကြီးမားတဲ့ ထိခိုက်မှုမျိုးဖြစ်သွားတာတွေလည်း ရှိမယ်။ ပျော်စရာတွေ ရှိသလို စိတ်ပျက်ရတာတွေ စိတ်တိုရတာတွေလည်း ရှိကြမှာပဲ။ တစ်ယောက်ကိုတစ်ယောက် အလိုမကျတိုင်းသာ လက်လွှတ်ခဲ့ကြမယ်ဆိုရင် သက်ဆုံးတိုင်ဆိုတဲ့စကားတွေ ရိုးမြေကျဆိုတာတွေလည်း ရှိလာတော့မှာမဟုတ်ဘူး။ လူနှစ်ယောက် နှစ်တွေအကြာကြီး အတူရှိသွားကြတယ်ဆိုတာမျိုးကလေ အရာရာထပ်တူညီပြီး တစ်သဘောထားတည်း ဖြစ် ေနလို့မဟုတ်ဘဲ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ခွင့်လွှတ်ခဲ့ကြလို့ပဲ။ ဘယ်နှစ်ကြိမ်လဲ မမှတ်မိနိုင်တော့တဲ့အထိ အကြိမ်ပေါင်းများစွာပေါ့။ တစ်ယောက်ကို တစ်ယောက် ခွင့်မလွှတ်နိုင်ရင် ကျွန်တော်တို့ ဘယ်လိုမှ ရှေ့ဆက်လို့မရဘူး မဟုတ်လား။ တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက်က နားထောင်ပြီး အလေးထား ပြင်ဆင်ပေးဖို့လိုသလို တစ်ယောက်ရဲ့ အပြစ်တွေကို တစ်ယောက်က ခွင့်လွှတ်ပေးတတ်ဖို့လည်း အမှန်တကယ် လိုအပ်ပါ သေးတယ်။ ဒါကြောင့် အချိန်ကြာကြီး တူတူရှိသွားချင်ကြတဲ့အခါ တချို့မသိတတ်မှုတွေ အမှားလေးတွေကို သက်ပြင်းချရင်း ခေါင်းလေးယမ်းရင်း ခွင့်လွှတ်လိုက်ကြရတာပါပဲ။ ခွင့်မလွှတ်နိုင်တော့အောင် စုထားမိတဲ့ စိတ်အနာလေးတွေအရမ်းများလာပြီဆိုရင်တော့ သက်ဆုံးတိုင်ဆိုတဲ့ ဇာတ်လမ်းလေးကို ကျွန်တော်တို့ ရပ်တန့်လိုက်ကြရမှာပဲပေါ့။ #နှင်းခါးဝိုင်#စာသားcrd @Sachira 💕

-Sachiro
-Sachiro
Open In TikTok:
Region: MM
Sunday 01 February 2026 14:17:21 GMT
319015
26771
161
3310

Music

Download

Comments

nandarkyaw2008
N🫧 :
အကြိမ်"အခါခွင့်လွှတ်ပေးခဲ့တယ် နောက်ဆုံးမခံနိုင်တဲ့အဆုံးမှသာ စွန့်လွှတ်ခြင်းကိုရွေးချယ်ခဲ့တာပါ အချစ်ရာ ဒါကလဲ မချစ်လို့မဟုတ်ပါဘူး မင်းရဲ့အလေးမထားမှုတွေကို ငါခံနိုင်မရှိတော့လို့ပါ😞
2026-02-02 17:50:13
3
kamismar0
Cozy Zake :
ကျန်တော့်ပို့စ်ကိုcrdမပေးထားဘူးနော်bro ပေးသင့်တယ်မထင်ဘူးလား
2026-02-02 13:50:51
12
bbearthyv__kat
THANT SHIN PHYU SIN :
စာသားလေးပေးပါလားရယ်😭
2026-02-02 09:25:32
8
young.sin.htun7
Y :
rp lyy pyy idol🤝
2026-02-02 11:57:32
1
xzgaming530
Xtetzaw (သောကြာသား)🐹 :
အကြိမ်ကြိမ်ပါပဲဗျာ....🥺🥺
2026-02-03 17:04:03
2
kyikyi.khing97
𝐊𝐲𝐢 𝐊𝐲𝐢 𝐊𝐡𝐢𝐧𝐠📌 :
စာသားလေးပြန်တင်မယ်နော်
2026-02-03 01:45:30
3
mg.pyae.sone6688
𝙼𝚐 𝙿𝚢𝚊𝚎 _✞ :
သူဖက်ဂတော့မသိဘူး ကိုဖက်ဂ တော့သူဖောက်ပြန်နေမှန်သိတာလောက်အကြိမ်ကြိမ်နားလည်ပေးခဲ့တယ် 🥺
2026-02-02 15:08:58
1
linnkhantzaw582
Linn khant Zaw :
ပျင်းလို့စာတောင်မကျက်တာကိုကွာ
2026-02-01 14:19:48
2
heneryken27473
Ken Harrison 🔥💨 :
hrr ko aye......
2026-02-01 14:22:13
1
demon57576
Diamond julian :
သူတော့မပြောတက်ဘူး ကိုယ်တော့ဘနှခါမှနှ်းမသိဘူးကွာ😔
2026-02-02 11:34:12
1
akane_2k5
_Akane :
3နှစ်ပြည့်တော့မယ်အဲ့နှစ်တွေထဲမှာ သူမှားရင်ကိုယ်ကခွင့်လွှတ် ကိုယ်မှားရင်သူကခွင့်လွှတ်ပါပဲ ချစ်နေဖို့ကအဓိကပါ မာနဆိုတာထားကောင်းတာမဟုတ်ဘူး💗
2026-02-07 12:19:24
2
demow50
T👀 :
စာသားလေး သုံးပ့ရစေဗျ🥺
2026-02-03 13:52:00
1
bonaygyi65
Bo Nay Gyi :
နောက်တယောက်တွဲသွားတဲ့အထိ ခွင့်လွှတ်ထားတာ🥺
2026-02-05 11:18:08
1
kyawnaymakha5
K :
မနက်ဖြန်မှဖတ်လို့ရလား မအားလို့
2026-02-01 14:19:47
1
tn4703
魏俊德 :
တစ်ဖက်သတ်တည်းအကြိမ်တစ်ထောင်မကခွင့်လွှတ်နေလဲ တစ်ဖက်က တစ်ကြိမ်တောင် ခွင့်မလွတ်နိုင်တဲ့ခါ ခင်ဗျားပြောတဲ့ ရိုးမြေကျဆိုတာဖြစ်မလာပါဘူး
2026-02-03 13:53:33
1
tha_wee1
ISAGI :
ဟုတ်ပါ့
2026-02-01 14:48:26
1
aung.khant.phyo929
Aung Khant Phyo :
ခနခနပါပဲဗျာ😣
2026-02-03 18:23:22
1
asher.zoro
🫀ᴢ🧠 :
ခွင့်လွှတ်လိုက်ပြီးပြီး ဒါတောင်မလုံလောက်သေးဘူးတဲ့ လက်လွှတ်ပေးလိုက်တယ် မလုံလောက်ဘူးထင်တယ် ထပ်မတွေ့တော့အောင်နေပေးလိုက်တယ် ကိုယ်အချစ်က အတ္တမပါဘူး ကိုယ်ချစ်ရတဲ့သူကိုပျော်နေတာလေးမြင်ချင်ရုံပါ☺
2026-02-17 15:32:57
2
blackboy1t0
ကိုရင်ပညာသီရီ🪐🌊⚡ :
အကြိမ်ကြိမ်ပါပဲ🥰
2026-02-03 11:12:50
1
ol198434
悪ဝီစကီ☜ :
အကြိမ်""အခါ""ဘဲ🗿
2026-02-03 04:19:20
1
thureinphyo817
🎭Thu Rein Phyo💢 :
အကြိမ်းများစွာပဲ💔
2026-02-06 04:51:16
1
yoon.wadi563
Y🍀💜 :
ရေတွက်၍မရ....☺️
2026-02-06 17:51:17
1
bazzi_whyxruko
7/Sir_Kwi :
စာသားလေးပေသပ့လား
2026-02-06 12:29:54
1
chaungwa5
MarrNa :
ရှင့်လေးကတော့ချသ်စရာလေး🥰🥰
2026-02-04 00:32:38
1
zxstb3
🌷Μî Țĥâw(A.H.L)❤️ဝက်ခလေး🐷🌷 :
အမြဲတမ်း ကိုယ်ဟာအမှားကျူးလွန်သူအဖြစ်ခံယူထားပါတယ်🥺
2026-02-05 13:41:12
1
To see more videos from user @heykage0, please go to the Tikwm homepage.

Other Videos


About